ကူးတို့ သမစက်လှေအသင်းရေယာဉ်လိုင်းကို မပိတ်သင့် ကြောင်း ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အကြံပြုထား

ကူးတို့ သမစက်လှေအသင်းရေယာဉ်လိုင်းကို မပိတ်သင့် ကြောင်း ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အကြံပြုထား
December 21, 2017 Fame Asian

1:13 pm
ကူးတို့ သမစက်လှေအသင်းရေယာဉ်လိုင်းကို မပိတ်သင့် ကြောင်း ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အကြံပြုထား

25594285_1701550539903678_3666337378544971917_n-(1)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁

ရေယာဉ်လုပ်သားတွေရဲ့စားဝတ်နေရေးထိခိုက်နိုင်တာကြောင့် မနေ့ က ရန်ကုန်မြစ်ထဲ နစ်မြုပ်မှုဖြစ်ခဲ့တဲ့ ကူးတို့ သမစက်လှေအသင်းရေယာဉ်လိုင်းကို မပိတ်သိမ်းဘဲ တာဝန်ရှိသူကိုသာအရေးယူဆောင်ရွက်ဖို့ မြို့ နယ်ထွေအုပ်ဘက်ကို အကြံပြုတင်ပြထားတယ်လို့ ဒလမြို့ နယ်မှလွှတ်တော်ကိုယ်စားလှယ် ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒါ့အပြင် မနေ့ က ဒလသမ္ဗာန်နစ်မြစ်မှုမှာ ပျောက်ဆုံးနေတဲ့(၃)ဦးကိုလည်း သေဆုံးတယ်လို့ အတည်ပြုနိုင်ပြီးရင် နစ်နာကြေး၊အာမခံကြေးပေးနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ သူက ဆိုပါတယ်။

” သူတို့ ကလက်မှတ်ဝယ်ပြီးစီးသွားတာဖြစ်တာအတွက်ခရီးသွားထိခိုက်အာမခံကြေးက ရကိုရမှာပါ။ ဘယ်လောက်လဲတော့ကျွန်တော်တို့ မသိသေးဘူး။ နောက် နစ်နာကြေးပေးနိုင်အောင်လည်း ထွေအုပ်တို့ ၊ရေယာဉ်ဥက္ကဌတို့ ဆွေးနွေးနေပါတယ်။ အရင်တုန်းကအခုလိုဖြစ်ရင် (၃) လဖိုင်းချတယ်ဆိုပြီး ရေယာဉ်ပိတ်သိမ်းလိုက်တာပဲ အလွယ်ပေါ့။ အခုကတော့ ရေယာဉ်မပိတ်သိမ်းဖို့ အကြံပြုထားပါတယ် ။ ဘာလို့ လဲဆိုတော့ အဲဒီမှာလုပ်ကိုင်နေတဲ့ ရေယာဉ်လုပ်သားတွေနဲ့ မိသားစုတွေ စားဝတ်နေရေးအခက်အခဲဖြစ်မှာစိုးလို့ ပါ။တာဝန်ရှိသူတွေကိုတော့ နောက်ဒါမျိုးမဖြစ်စေဖို့  သေချာအသိပညာပေးဖို့ ပြောထားတယ် ” လို့ သူကပြောပါတယ်။

မနေ့ က နံနက် ၄နာရီဝန်းကျင်ခန့် မှာ ခရီးသည်၁၂ ဦးလိုက်ပါစီးနင်းနိုင်တဲ့ ကူးတို့ သမစက်လှေအသင်းမှ သမ္ဗာန်ဟာ (၁၃) ဦးတင်ဆောင်ပြီး ထွက်ခွာသွားတာဖြစ်ပြီး စက်လှေပန်ကာနဲ့ (ဒိုက်) အမှိုက်များငြိနေလို့ အမှိုက်ဆင်းရှင်းရာ ရေစီးနှင့်အတူမျောပါသွားပြီး မြစ်
အတွင်းကျောက်ချရပ်နားထားတဲ့ စီဘီကုန်တင်တွဲနှင့် ကန့်လန့် ခံတိုက်မိရာမှ ယာဉ်နစ်မြုပ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်ဟာ တာဝန်ချိန်အကူးအပြောင်းချိန်ဖြစ်တာမို့ ကြီးကြပ်သူမရှိဘဲ လက်မှတ်ရောင်းသူရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်
ကပြောပါတယ်။

” အသက်ကယ်အကျီတွေတော့ပါပါတယ် ။ဒါပေမယ့် တစ်စစ နစ်တာမျိုးမဟုတ်ဘဲ ၀ုန်းခနဲဖြစ်တာဆိုတော့လည်း ဘာမှလုပ်ချိန်မရလိုက်ဘူးပေါ့ဗျာ ။အခုလိုဖြစ်တာ လုံးဝမကောင်းပါဘူး ။စက်လှေမောင်းတဲ့သူတွေအနေနဲ့ လိုက်နာရမယ့်စည်းကမ်းတွေကို သေချာလိုက်နာစေချင်တယ် ” လို့ ဒေါက်တာစိန်မြအေးကဆိုပါတယ်။

ပျောက်ဆုံးနေသူတွေကို ၅ ရက်ခန့် ရှာဖွေသွားမှာဖြစ်ပြီး အမျိုးသား(၃)ဦးပျောက်ဆုံးနေတာဖြစ်ကာ ငါးဒိုင်မှာအလုပ်လုပ်ကိုင်နေသူ(၂)ဦးနဲ့ စက်လှေမောင်းသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

PHA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*