ထိုင်းရှိ မြန်မာရွှေ့ပြောင်း ဒုက္ခသည်များအား နေရပ်သို့ ပြန်လည် ခေါ်ယူရန် အစီအစဉ် မရှိသေး

ထိုင်းရှိ မြန်မာရွှေ့ပြောင်း ဒုက္ခသည်များအား နေရပ်သို့ ပြန်လည် ခေါ်ယူရန် အစီအစဉ် မရှိသေး
January 6, 2017 Asian Fame

10:29 am
ထိုင်းရှိ မြန်မာရွှေ့ပြောင်း ဒုက္ခသည်များအား နေရပ်သို့ ပြန်လည် ခေါ်ယူရန် အစီအစဉ် မရှိသေး

thai-worker(ရန်ကုန်၊ ဇန်နဝါရီ ၃)

ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများ တွင် ရောက်ရှိနေသူ အချို့ကို ယမန် နှစ်က ပထမဆုံး ပြန်ခေါ်ခဲ့ပြီး နောက် ထပ် ခေါ်ယူ သွားရန် အစီအစဉ် မရှိ သေးကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ သိရသည်။

”ကိုယ့်နိုင်ငံကနေ တစ်ဖက်နိုင်ငံ ရောက်နေတဲ့ သူတွေကို ပြန်ခေါ်ဖို့ မူ အားဖြင့်တော့ အစိုးရတာဝန်ပေါ့ လေ။ ဒါပေမယ့် ဒီလူတွေ ပြန် လာဖို့ ဆိုရင် နေရာထိုင်ခင်းတို့၊ အလုပ်အ ကိုင်တို့ ဖန်တီးပေးပြီးမှ ခေါ်ရင် ပို ကောင်းတာပေါ့။ ပထမ အသုတ် ခေါ် တာက လည်း သူတို့တွေ ကပြန်လာ ချင်တယ်ဆိုလို့ သွားပြီး စိစစ်ပြီးပြန် ခေါ်လာတာပါ။ နောက်ထပ်တော့ လောလောဆယ် မရှိသေးပါဘူး” ဟု နိုင် ငံခြားရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။

ပြန်လာလို သူများကို သွားရောက် စိစစ်စဉ်က စာရင်းပေးသူ ၂ဝဝ နီးပါး ရှိခဲ့သော်လည်း ပြန်လာသည့် အခါလူ တစ်ရာနီးပါးသာ ရှိခဲ့ကြောင်း ၄င်းက ပြောသည်။

ထိုင်းနိုင်ငံ နို့ဖိုးဒုက္ခသည် စခန်း ရှိ လူဦးရေ ၁ဝဝ နီးပါးကို ယမန်နှစ် အောက်တိုဘာ ၂၅ ရက်တွင် မြန်မာ နိုင်ငံသို့ ပြန်လည် လွှဲအပ် လိုက်ပြီး ၄င်း တို့မှ လူဦးရေ ၃ဝကျော်ကို မြဝတီ မြို့အနီးရှိ လေးကစ်ကော်မြို့သစ်တွင် နေရာ ချပေးထားကြောင်း နယ်စပ်ရေး ရာ ဝန်ကြီး ဌာန မှ လက်ထောက် အတွင်း ဝန် ဦးစိုင်းထွန်းညိုက ပြောသည်။

”ဒီဒုက္ခသည်တွေကို စိစစ်ဖို့ အစိုးရ က အဖွဲ့ ဖွဲ့ပေးထားတယ်။ အဲဒီအဖွဲ့ မှာ လဝက တို့ နိုင်ငံခြားရေးတို့ စသ ဖြင့်ပါတာပေါ့။ တကယ် တမ်း သွားစစ် တဲ့အခါကျတော့ စခန်းမှာ ရောက်နေ သူတွေက တတိယ နိုင်ငံကိုသွားချင်ကြ တာ။ အဲဒီတော့ ပထမ အသုတ် ပြန် တာကို သူတို့ အခြေအနေ စောင့်ကြည့် နေတာလည်း ဖြစ်မှာပေါ့။ ကျွန်တော် တို့အနေ နဲ့ကတော့ နောက်ထပ်ရောက် လာရင်နေရာ ချပေး ဖို့ ပြင်ဆင် ထားတာ တော့ ရှိပါတယ်”ဟု ၄င်းကပြောသည်။

ထိုင်းနိုင်ငံရှိ မယ်လ၊ နို့ဖိုး၊ အုန်း ဖျန်စသည့် ဒုက္ခသည် စခန်းများ တွင် မြန်မာရွှေ့ပြောင်း ဒုက္ခသည် သိန်းချီ ရှိနေပြီး ပြည်တွင်း တိုက်ပွဲ များကြောင့် ၄င်းတို့ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည် မှာ နှစ်ပေါင်းများစွာရှိနေပြီ ဖြစ်သည်။

၎င်းတို့အား နေရပ်သို့ ပြန်လည် ခေါ်ဆောင်နိုင်ရေး အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ထိုင်းနိုင်ငံ ခရီး စဉ် အတွင်း ဆွေးနွေး ခဲ့ကြောင်း သိရ သည်။

MZW

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*