ကွန်ပျူတာတက္ကသိုလ်အချို့နဲ့စိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့်အမှတ်များ တိုးမြှင့်

ကွန်ပျူတာတက္ကသိုလ်အချို့နဲ့စိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့်အမှတ်များ တိုးမြှင့်
August 9, 2017 Fame Asian

2:00 pm
ကွန်ပျူတာတက္ကသိုလ်အချို့နဲ့စိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့်အမှတ်များ တိုးမြှင့်

Untitled-1နေပြည်တော်၊ သြဂုတ် ၉

ကွန်ပျူတာတက္ကသိုလ်အချို့နဲ့ ရေးဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့ရဲ့ အနိမ့်ဆုံးဝင်ခွင့်အမှတ်တွေကို ဒီနှစ်မှာ တိုးမြှင့်လိုက်ပါတယ်။

ခါတိုင်းနှစ်တွေက အမှတ် ၃၂၀ ရရင် ကွန်ပျူတာတက္ကသိုလ် ဗန်းမော် ၊ စစ်တွေ ၊ လွိုင်ကော် ၊ ပင်လုံ ၊ ကျိုင်းတုံ ၊ ဘားအံ ၊ ထားဝယ် ၊ မြိတ် တို့ကို တက်ရောက်ခွင့်ရခဲ့ကြပါတယ်။

အလားတူ အနိမ့်ဆုံးအမှတ် ၃၆၅ မှတ်ရရင် ကွန်ပျူတာတက္ကသိုလ် မြစ်ကြီးနား ၊ ကလေး ၊ မုံရွာ ၊ မကွေး ၊ ပခုက္ကူ ၊ မိတ္ထီလာ ၊ တောင်ကြီး ၊ လားရှိုး ၊ တောင်ငူ ၊ ပြည် ၊ သထုံ ၊ ပုသိမ် ၊ ဟင်္သာတ ၊ မအူပင် တို့ကို တက်ရောက်ခွင့်ရခဲ့ပါတယ်။

ဒီနှစ်တော့အရင်က အမှတ် ၃၂၀ ရရင်လျှောက်လို့ရတဲ့ ဗန်းမော် ၊ လွိုင်ကော် ၊ ပင်လုံ ၊ ကျိုင်းတုံ တို့ရဲ့ ၀င်ခွင့်အမှတ်တွေကိုဒီနှစ်မှာ၃၃၀ ထိတိုးမြှင့်လိုက်တာကိုတွေ့ရပါတယ်။ ဒီ ၃၃၀ အမှတ်ဟာ ဒေသခံတိုင်းနဲ့ပြည်နယ် ကျောင်းသားတွေအတွက်သာဖြစ်ပြီး အခြားတိုင်းနဲ့ပြည်နယ်တွေက ကျောင်းသားတွေအတွက်ကတော့ ၃၆၅ မှတ်ရမှသာ ၀င်ခွင့်ရမှာဖြစ်ပါတယ်။

အလားတူ ကွန်ပျူတာတက္ကသိုလ် ဘားအံ ၊စစ်တွေ ၊ ထားဝယ် ၊ မြိတ် တို့ရဲ့ ၀င်ခွင့်အမှတ်တွေကို လည်း ၃၂၀ ကနေ ၃၆၅ မှတ်အထိ တိုးမြှင့်လိုက်ပါတယ်။

ခါတိုင်း ၃၆၅ မှတ်နဲ့ဝင်ခွင့်ပေးထားတဲ့ မြစ်ကြီးနား ၊ ကလေး ၊ မုံရွာ ၊ မကွေး ၊ ပခုက္ကူ ၊ မိတ္ထီလာ ၊ တောင်ကြီး ၊ လားရှိုး ၊ တောင်ငူ ၊ ပြည် ၊ သထုံ ၊ ပုသိမ် ၊ ဟင်္သာတ ၊ မအူပင် ကွန်ပျူတာတက္ကသိုလ်တွေကိုတော့ ယခင်နှစ်တွေလို ၃၆၅ မှတ်ပဲ သတ်မှတ်ထားတာကိုတွေ့ရပါတယ်။

ယခုနှစ်ကွန်ပျူတာတက္ကသိုလ်အချို့ကို ၀င်ခွင့်မှတ်တွေ တိုးမြှင့်လိုက်သလို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့်အမှတ်ကိုလည်း အခုနှစ်မှာ အစိုးရကတိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

ခါတိုင်း အမှတ် ၃၆၀ ရရှိရင် ၀င်ခွင့်ရပေမယ့် အခုနှစ်မှာ ၃၈၀ အထိ အမှတ် ၂၀ တိုးမြှင့်လိုက်ပါတယ်။

ဝင်ခွင့်အမှတ်တိုးမြှင့်လိုက်သလို လက်ခံမယ့် ကျောင်းသားဦးရေကိုလည်းလျော့ချလိုက်ပါတယ်။

ယခင်နှစ်က ကျောင်းသား ဦးရေ ၄၀၀ လက်ခံခဲ့ပေမယ့် အခုနှစ်မှာတော့ ကျောင်းသားဦးရေ ၃၀၀ သာ လက်ခံတော့မယ်လို့ သတ်မှတ်ထားတာကိုတွေ့ရပါတယ်။

ဆေးဘက်ဆိုင်ရာတက္ကသိုလ်တို့ကလွဲလို့ အခြားသက်မွေးတက္ကသိုလ်တို့ကတော့ ယခုနှစ် အနိမ့်ဆုံးဝင်ခွင့်အမှတ်ကို အရင်နှစ်ကအတိုင်း ပဲသတ်မှတ်ထားတာတွေ့ရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*