ကနေဒါ အခြေစိုက် အာမခံ လုပ်ငန်းကြီး (Manulife Financial Corporation – MFC) က မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံခွင့်ရ ရန်စောင့်ဆိုင်းနေ

ကနေဒါ အခြေစိုက် အာမခံ လုပ်ငန်းကြီး (Manulife Financial Corporation – MFC) က မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံခွင့်ရ ရန်စောင့်ဆိုင်းနေ
May 31, 2017 Asian Fame

10:18 am
ကနေဒါ အခြေစိုက် အာမခံ လုပ်ငန်းကြီး (Manulife Financial Corporation – MFC) က မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံခွင့်ရ ရန်စောင့်ဆိုင်းနေ

18740801_784201508411244_6908563908730125802_n(ရန်ကုန်၊ မေ ၃၁)

ကနေဒါနိုင်ငံ အခြေစိုက် အာမခံလုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းကြီး တစ်ခုဖြစ်သော (Manulife Financial Corporation – MFC) သည်မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းတွင် ၀င်ရောက် ရင်းနှီးမြုပ်နှံနိုင်ရန် စောင့်ဆိုင်းနေပြီး နိုင်ငံခြား ကုမ္ပဏီများကို လုပ်ငန်း လိုင်စင်များ စတင်ဖွင့်လှစ်ပါက တရားဝင် ၀င်ရောက် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း Manulife Asia ၏ ဒေသဆိုင်ရာ အကြီးအကဲ Mr.Indren Naidoo က ပြောကြားသည်။

မေ ၂၉ ရက်က ရန်ကုန်မြို့ ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် Manulife Insurance Distribution Conference တွင် ထိုသို့ပြောဆို လိုက်ခြင်းဖြစ်ပြီး MFC ၏ အာရှဒေသဆိုင်ရာ အမှုဆောင် အရာရှိချုပ် Mr. Robert A. Cook ကလည်း မြန်မာနိုင်ငံတွင် အပြု သဘောဆောင်သော ပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေးအခြေအနေ ပိုမိုဖွံ့ဖြိုး တိုးတက်လာမှုနှင့် လူဦးရေ တိုးပွားလာမှု တို့အပေါ် တွင် မူတည်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်လာရောက် ရင်းနှီးမြှုပ်နှံ ရခြင်းဖြစ်သည်ဟု ပြော ကြားခဲ့သည်။

“မြန်မာ့အာမခံ လုပ်ငန်းက လုပ်ငန်းစဉ်တွေကို ကြေငြာတာနဲ့ တရားဝင် လျှောက်ထားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အများကြီး မျှော်လင့်တယ်။ အခုလို စောင့်ဆိုင်းနေတဲ့ အချိန်မှာပဲ အာမခံလုပ်ငန်း တစ်ခုလုံး ဖွံ့ဖြိုးလာဖို့နဲ့ ကျွန်တော်တို့ ဈေးကွက်ထဲကို ၀င်ရောက်တာနဲ့ အဆင့်သင့် ဖြစ်နေအောင်ပါ။ လိုင်စင်စဖွင့်တာနဲ့ ကျွန်တော်တို့ဈေးကွက်ထဲ ၀င်ရောက်နိုင်ပြီးတော့ မျှော်မှန်း ထားတဲ့ အတိုင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု Mr.Indern Naidoo ကလည်း ပြောကြားသည်။

အဆိုပါ (Manulife Financial Corporation – MFC) သည် ကမ္ဘာပေါ်ရှိ အကြီးဆုံးသော ငွေကြေး ဝန်ဆောင်မှု ကုမ္ပဏီများစာရင်းတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ၁၈၈၇ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ကာ ၎င်း၏ ရုံးချုပ်ကို ကနေဒါနိုင်ငံ တိုရန်တိုမြို့တွင် ဖွင့်လှစ်ထားသည်။

ကနေဒါနိုင်ငံအပြင် အမေရိကန် ပြည်ထောင်စုနှင့် အာရှဒေသ များတွင်လည်း ကုမ္ပဏီရုံးခွဲများ ဖွင့်လှစ်ပြီး အာမခံ လုပ်ငန်း များနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ MFC အနေဖြင့် မကြာသေးခင် နှစ်များမှ စတင်ကာ အာရှဒေသတွင် ဈေးကွက်ချဲ့ထွင်လာပြီး လုပ်ငန်းများ ပိုမို တိုးချဲ့လုပ်ကိုင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ဈေးကွက်နေရာ များစွာကို ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း လွန်ခဲ့သော နှစ်ပေါင်း ၇ဝ ကျော်က ၎င်း၏ ကိုယ်စားလှယ်ရုံးခွဲ လာရောက်ဖွင့်လှစ် ခဲ့ဖူးကြောင်းသိရသည်။

ယခုအခါ မြန်မာနိုင်ငံတွင် စီးပွားရေး တံခါးဖွင့်ဝါဒ ပြန်လည် ကျင့်သုံးလာပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်လာသည့်အတွက် တစ်ကျော့ပြန် လာရောက်လုပ်ကိုင်ဆောင် ရွက်ရခြင်း ဖြစ်ကြောင်း နှင့် အသက်အာမခံ ဝန်ဆောင်မှု လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

မှူးအိမ်ဇော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*