လူအများပိုမိုတောင်းဆိုလာကြသည့် Group Selfie ခေတ်ရေစီးကြောင်းအတွက် OPPO F3 Series ထုတ်ကုန်များရှိနေပြီ

လူအများပိုမိုတောင်းဆိုလာကြသည့် Group Selfie ခေတ်ရေစီးကြောင်းအတွက် OPPO F3 Series ထုတ်ကုန်များရှိနေပြီ
April 26, 2017 Asian Fame

7:00 pm
လူအများပိုမိုတောင်းဆိုလာကြသည့် Group Selfie ခေတ်ရေစီးကြောင်းအတွက် OPPO F3 Series ထုတ်ကုန်များရှိနေပြီ

IMG20160107041152112smallစမတ်ဖုန်းသုံးစွဲသူများ၏ အမူအကျင့်များသည် အချိန်ကာလရွေ့လျားလာခြင်းနှင့် မျက်မှောက်ခေတ်ကာလ၏ တိုက်တွန်း လှုံ့ဆော်မှုများကြောင့် ပြောင်းလဲလာကြောင်း လေ့လာချက်များအရ တွေ့ရှိထားသည်။ အထူးသဖြင့် စမတ်ဖုန်းတစ်လုံးမှာ ၄င်းတို့၏အနီးဆုံးမိတ်ဆွေတစ်ယောက်အသွင်၊ နေ့စဉ်ဖြစ်ပျက်ပြောင်းလဲမှုများကို မှတ်တမ်းတင်ပေးနေသည့် ဒိုင်ယာရီစာ အုပ်တစ်ခုအသွင်းအဖြစ် နေရာယူလျက်ရှိနေသည်။ စမတ်ဖုန်းသုံးစွဲသူများ၏တစ်နေ့တာဖုန်းအသုံးပြုသည့်အချိန်ကာလ မှာလည်း တစ်နေ့တာလုံး၏ ၂ဝရာခိုင်နှုန်း (၄.၈နာရီ)အထိအသုံးပြုမှုများရှိလာသလို စမတ်ဖုန်းအလွန်အကျွံအသုံးပြုသူများ ဆိုလျှင် တစ်နေ့တာလုံး၏ ၃ဝရာခိုင်နှုန်း (၇.၂နာရီ) အထိပင်အသုံးပြုနေကြောင်း ဆက်လက်တွေ့ရှိထားရသည်။

ယခုကဲ့သို့ စမတ်ဖုန်းတစ်လုံးကို တစ်နေ့တာအတွင်းအသုံးပြုမှုအချိန်ပမာဏမြင့်မားလာခြင်းနှင့်အတူ စမတ်ဖုန်းတစ်လုံး က ပေးစွမ်းထားသည့် လုပ်ဆောင်ချက်များထဲမှ အများဆုံးအသုံးပြုသည့်အရာများထဲတွင်လည်း ကင်မရာစနစ်မှာ ထိပ်ဆုံး စာရင်းထဲတွင်ပါဝင်လာခဲ့သည်။ OPPO အနေဖြင့် စမတ်ဖုန်းသုံးစွဲသူများ၏အမူအကျင့်ပုံစံများကို စဉ်ဆက်မပြတ်လေ့လာ ဆန်းစစ်လျက်ရှိရာ အရေးပါသည့်အချက်၂ချက်ကို တွေ့ရှိခဲ့ရသည်။ အထူးသဖြင့် အသက်၁၈နှစ်မှ ၃၅နှစ်အတွင်းရှိစမတ် ဖုန်းသုံးစွဲသူများထဲမှ ၇ဝရာခိုင်နှုန်းက ၄င်းတို့၏တစ်နေ့တာအချိန်များကို မိတ်ဆွေအပေါင်းအသင်း၊ မိသားစုဝင်၊ လုပ်ဖော် ကိုင်ဖက်များနှင့် အဓိက ကုန်လွန်စေကြောင်းတွေ့ရှိခဲ့ရပြီး ကျန်၃ဝရာခိုင်နှုန်းမှာ ၄င်းတို့၏တစ်နေ့တာအချိန်များကို သီးသန့် အဖြစ် ကုန်လွန်စေကြောင်း တွေ့ရှိခဲ့ရသည်။ ထိုကဲ့သို့ အပေါင်းအသင်းအစုအဖွဲ့များနှင့် တစ်နေ့တာအချိန်ကိုအဓိကကုန် လွန်စေသည့် လူအများစု၏အလေ့အထများကို ဆက်လက်လေ့လာခဲ့ရာတွင် ၄င်းတို့အနေဖြင့် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ပြင် ပအခြေအနေမှာပဲဖြစ်ဖြစ် အပြန်အလှန်တွေ့ဆုံခြင်းများ၊ ညစာအတူတူစားသုံးခြင်းများ၊ အစည်းအဝေအတူတူတက်ခြင်း များ၊ ပါတီပွဲအတူတူတက်ခြင်းများ၊ ခရီးအတူတူထွက်ခြင်းများ ရှိနေကြောင်းတွေ့ရှိခဲ့သည်။ ထို့အပြင် အဆိုပါအတူယှဉ်တွဲရှိ နေ သောအချိန်များတွင် ၄င်းတို့၏အမှတ်တရအချိန်အခိုက်အတန့်များကို အဖွဲ့လိုက် Selfie ပုံများရိုက်ခြင်း၊ ပြန်လည်ဝေမျှ ခြင်းများပြုလုပ်ကာ မှတ်တမ်းတင်ကြောင်း ဆက်လက်တွေ့ရှိခဲ့ရသည်။ လက်ရှိစမတ်ဖုန်းသုံးစွဲခြင်းယဉ်ကျေးမှုကိုဆက် လက်လေ့လာကြည့်ပါက Selfie ပုံများရိုက်ကူးခြင်းအပြင် လူအများပိုမိုပါဝင်သည့် Group Selfie ပုံများရိုက်ကူးခြင်းမှာလည်း ခေတ်ရေစီးကြောင်းတစ်ခုအသွင်းအဖြစ် ကူးပြောင်းလာခဲ့သည်။ Group Selfie ပုံများသည် လူအများပိုမိုရင်းနှီးအမှတ်တရ ရှိသည့်အသွင်မျိုးကိုဖော်ဆောင်လျက်ရှိပြီး OPPO အနေဖြင့် ယခုကဲ့သို့စမတ်ဖုန်းအသုံးပြုသူများ အဓိကတောင်းဆိုလျက်ရှိ သည့် Group Selfie ခေတ်ရေစီးကြောင်းအတွက် မြင်ကွင်းကျယ်ပုံရိပ်များရိုက်ယူနိုင်စေမည့် F3 Series ထုတ်ကုန်သစ်များ ကို ၂ဝ၁၇တွင် စတင်မိတ်ဆက်ပေးထားပြီဖြစ်သည်။

OPPO အကြောင်း
OPPO သည် စိတ်လှုပ်ရှားတက်ကြွဖွယ်ရာကောင်းသော ဦးဆောင်လမ်းပြထုတ်ကုန်များနှင့် အမေရိက၊ အာဖရိက၊ ဥရောပ၊ သမုဒ္ဒရာဒေသနှင့် အာရှဒေသတစ်ဝန်းလုံးတွင် အသုံးပြုသူများကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်ထားရှိသည့် ကမ္ဘာ့နည်းပညာဦးဆောင်အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ OPPO ဖုန်း အသုံးပြုသူများအတွက် အကောင်းဆုံးစမတ်ဖုန်း များကိုသုံးစွဲနိုင်ရန် ဆန်းသစ်သည့်နည်းပညာနှင့် လှပခေတ်မီသည့်ဒီဇိုင်းကို ပေါင်းစပ်ကာ ကုန်ပစ္စည်းများကို ထုတ်လုပ်၊ ဖြန့်ဝေလျက်ရှိပါသည်။

၂၀၀၄ ခုနှစ်တွင်တည်ထောင်ခဲ့သော OPPO အနေဖြင့် ၎င်း၏အနုစိတ်ဖန်တီးမှုဖြင့် ဈေးကွက်အတွင်း လျင်မြန်စွာ သက်သေပြနိုင်ခဲ့သည်။ OPPO ထုတ်ကုန်တိုင်းတွင် လှပသောဒီဇိုင်းနှင့် သာလွန်ကောင်းမွန်သော လုပ်ဆောင်ချက်များ ကိုပေါင်းစပ်ကာ သုံးစွဲသူများအား အထူးအလေးပေးနိုင်စေ ရန်အတွက် သေချာကျနစွာစိစစ်ရွေးချယ်ထားသည့် အရည်အသွေးလက္ခဏာရပ်များကို ထည့်သွင်းပေး ထားခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် မိုဘိုင်းလ်ဖုန်းဈေးကွက်ကို ဝင်ရောက်ပြီးနောက် OPPO သည် နောက်တစ်နှစ်အကြာတွင် နိုင်ငံရပ်ခြားဈေးကွက်များအထိ လျင်မြန်စွာ ထိုးဖောက်နိုင်ခဲ့သည်။ OPPO မိုဘိုင်းလ်ဖုန်းများကို လက်ရှိအချိန်တွင် ဈေးကွက် ၂၀ ကျော်၌ ဝယ်ယူရရှိနိုင်ပြီး နိုင်ငံပေါင်း ၅၀ ကျော်တွင် အွန်လိုင်းမှတစ်ဆင့်ဝယ်ယူနိုင်ရန် ၀န်ဆောင်မှုပေးအပ်ထားကာ ၂၀၁၅ ဧပြီလအထိ နိုင်ငံပေါင်း ၁၁၆ နိုင်ငံတွင် မှတ်ပုံတင်ထားပြီးသော အမှတ်တံဆိပ်ဖြစ်သည်။\

သို့ရာတွင် OPPO သည် ဤမျှဖြင့်ရပ်တန့်မနေပါ။ ၄င်းတို့၏ ဒီဇိုင်းပိုင်းပိုမိုဆန်းသစ်မှုကို မြတ်နိုးတန်ဖိုးထားမှုနှင့် နည်းပညာသစ်များကြိုးပမ်းအား ထုတ်ဖန်တီးမှုတို့ကိုအသုံးပြုကာ အမေရိကန်နှင့် ဥရောပတစ်ခွင်တွင် ကမ္ဘာကျော်ပြီး အရည်အသွေးအထူးမြင့်မားသည့် Blu-ray player များကို ထုတ်လုပ်ဖြန့်ချိကာ အသံပိုင်း-ရုပ်ပိုင်းဆိုင်ရာဈေးကွက်တွင် ကြီးမားသည့်သက်ရောက်မှုကို စိုက်ထူးထား သည်။ပိုမိုသိရှိလိုပါက www.oppo.com/en/ ကို ဝင်ရောက် လေ့လာနိုင်ပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*