ငြိမ်းချမ်ရေး ညီလာခံမှာ စည်းလုံး ညီညွတ်မှု ရယူနိုင်ရေး သင်ယူနိုင်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို

ငြိမ်းချမ်ရေး ညီလာခံမှာ စည်းလုံး ညီညွတ်မှု ရယူနိုင်ရေး သင်ယူနိုင်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို
May 29, 2017 Asian Fame

12:42 pm
ငြိမ်းချမ်ရေး ညီလာခံမှာ စည်းလုံး ညီညွတ်မှု ရယူနိုင်ရေး သင်ယူနိုင်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို

ds(နေပြည်တော် – မေ ၂၉)

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးမှာ ) စည်းလုံး ညီညွှတ်မှုကို ရယူနိုင်ရေး အတွက် သင်ယူနိုင်ခဲ့တယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်ပါတယ်။ 

“မတူ ကွဲပြားမှုတွေ ကြားကနေ စည်းလုံး ညီညွှတ်မှုကို ဘယ်လို ရယူနိုင်မလဲ ဆိုတာကနေ စပြီး သင်ယူမှု ရရှိခဲ့ပါတယ်”ဟု သူမ ကပြောပါတယ်။  မေလ ၂၉ ရက်နေ့က နေပြည်တော်ရှိ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ ၂မှာ ကျင်းပတဲ့ ၂၁ရာစု ပင်လုံ ညီလာခံ ဒုတိယ အကြိမ် အစည်းအဝေး အပိတ်နေ့ နှုတ်ခွန်းဆက် စကားမှာ ၄င်းက အထက်ပါ အတိုင်း ပြောကြားခဲ့တာပါ။ 

ဒါ့အပြင် ဒီညီလာခံကြီး ကနေ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်မှာ ရှိနေကြတဲ့ သံသယ စိတ်တွေကို ဖယ်ရှားပေးနိုင်မယ့် စုစည်း ညီညွတ်မှု့ ရရှိရေး အတွက် ပို့ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။ 

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*