ဇွဲကပင်တောင် ကေဘယ်လ်ကားစီမံကိန်း တစ်နှစ်အတွင်း အပြီးဆောင်ရွက်မည်

ဇွဲကပင်တောင် ကေဘယ်လ်ကားစီမံကိန်း တစ်နှစ်အတွင်း အပြီးဆောင်ရွက်မည်
May 16, 2017 Asian Fame

3:59 pm
ဇွဲကပင်တောင် ကေဘယ်လ်ကားစီမံကိန်း တစ်နှစ်အတွင်း အပြီးဆောင်ရွက်မည်

မေဇင်ဝင်း

ရန်ကုန်၊ မေ ၅

ဇွဲကပင်တောင် ကေဘယ်လ်ကား စီမံကိန်းကို တစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဇာတိမြေ အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဗညားဇော်က ပြောသည်။ အဆိုပါ စီမံကိန်းကို ဇွဲက ပင်ဆရာတော် အပါအဝင် ဆရာတော်ကြီး လေးပါး ဦး ဆောင်ကာ ချစ်လင်းမြိုင်တိုယို တာကုမ္ပဏီလီမိတက်က ရင်း နှီးမြှုပ်နှံပြီး မြန်မာ့ဇာတိမြေ အများနှင့်သက်ဆိုင်သော ကုမ္ပဏီက တာဝန်ယူတည်ဆောက် မည်ဖြစ်သည်။

စီမံကိန်း ပန္နက်တော်တင် မင်္ဂလာနှင့် ရတနာအုတ်မြစ် တော်စီမင်္ဂလာ အခမ်းအနား ကို ဧပြီ ၂၉ ရက်နေ့က ဇွဲက ပင်တောင်ခြေ လုမ္ဗိနီဥယျာဉ်၌ ကျင်းပခဲ့ပြီး အယောက် ၅ဝ စီး ကေဘယ်လ်ကားနှစ်စီး (အ တက်၊ အဆင်း) ပါဝင်မည် ဖြစ် ကြောင်း သိရသည်။ ”ဇွဲကပင်တောင်က လမ်းလျှောက်တက်ရင် ၂ နာရီကြာပါ တယ်။ ကေဘယ်လ်ကားနဲ့ဆို ရင် လေးမိနစ်လောက်ပဲ ကြာ မယ်။ အဲဒီတော့ သက်ကြီးရွယ် အိုတွေ၊ မသန်စွမ်းတွေအတွက်လည်း အဆင်ပြေပါတယ်။ ရှုခင်းကြည့်ရင်း ဆံတော်ရှင်စေတီ တော်လည်း ဖူးနိုင်မှာပါ” ဟု ၎င်းက ပြောသည်။

ကေဘယ်လ်ကားတည် ဆောက်ရာတွင် သြစတြီးယား နှင့် ဆွစ်ဇာလန်မှ ပညာရှင်များဖြင့် တည်ဆောက်သွားမည် ဖြစ်ပြီး လာမည့်နှစ် မေလခန့် တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်း ထားကြောင်း ၎င်းက ပြောသည်။ ”ကျွန်တော်တို့ မှန်းထားတာတော့ တစ်နှစ်အတွင်းအပြီးပဲ။ ဒါပေမယ့် မိုးတွင်းကာလကျတော့ အခြေအနေ ကြည့်ရဦးမှာပေါ့။ မိုးတွင်းမှာ လုပ်ရကိုင်ရ အဆင်မပြေရင် တော့ နောက်ဆုတ်ရင်လည်း ဆုတ်သွားမှာပေါ့”ဟု ၎င်းက ပြောသည်။ ဘားအံမြို့ တောင်ဘက် (၇)မိုင်အကွာရှိ ဇွဲကပင်တောင် သည် ပင်လယ်ရေ မျက်နှာပြင် အထက် ၂၇၃၄ ပေ မြင့်ပြီး တောင်နှင့် မြောက် မိုင် ၂ဝ ခန့် မျှ သွယ်တန်း ရှည်လျားကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*