စက်တင်ဘာ ၁ရက်နေ့ကစပြီး စက်ဆီချောဆီတင်သွင်းကြိမ်တိုင်း ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုအောင်မှသာ ဖြန့်ဖြူးသုံးစွဲခွင့်ပြုမည်

စက်တင်ဘာ ၁ရက်နေ့ကစပြီး စက်ဆီချောဆီတင်သွင်းကြိမ်တိုင်း ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုအောင်မှသာ ဖြန့်ဖြူးသုံးစွဲခွင့်ပြုမည်
August 23, 2018 Asian Fame Media

4:28 pm
စက်တင်ဘာ ၁ရက်နေ့ကစပြီး စက်ဆီချောဆီတင်သွင်းကြိမ်တိုင်း ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုအောင်မှသာ ဖြန့်ဖြူးသုံးစွဲခွင့်ပြုမည်

Pank

ရန်ကုန်၊သြဂုတ် ၂၃

၂၀၁၈ခုနှစ်၊စက်တင်ဘာလ၁ရက်နေ့ကစပြီး စက်ဆီချောဆီတင်သွင်းတဲ့အကြိမ်တိုင်းနမူနာရယူကာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီး အရည်အသွေးမှန်ကန်မှ ဖြန့်ဖြူးသုံးစွဲခွင့်ပြုတော့မယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်လိုက်ပါတယ်။

ယခုကဲ့သို့ တင်သွင်းကြိမ်တိုင်းကို ဓာတ်ခွဲစမ်းသပ်တာဟာ စက်ဆီချောဆီတိုင်းအရည်အသွေးကောင်းမွန်စေရန်နဲ့ သုံးစွဲသူပြည်သူတွေရဲ့ ယုံကြည်မှုကိုပိုမိုရရှိလိုတာကြောင့်ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကရှင်းပြထားပါတယ်။

ယခင်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းဟာ ပုဂ္ဂလိကလုပ်ငန်းရှင်/ကုမ္ပဏီတွေက ပထမဆုံးတင်သွားလာတဲ့ စက်ဆီချောဆီတွေကို တစ်ကြိမ်သာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီး တစ်သက်တာဖြန့်ဖြူးသုံးစွဲခွင့်ပြုထားတာဖြစ်ပါတယ်။

လက်ရှိမှာ စက်ဆီချောဆီတွေရဲ့ အရည်အသွေးကို ဦးစားပေးဖြန့်ဖြူးသုံးစွဲစေလိုတာကြောင့်၂၀၁၈၊စက်တင်ဘာ၁ရက်ကနေ့စပြီး အရည်အသွေးမမှီကြောင်းစမ်းသပ်ချက်အဖြေရထားတဲ့ ကုမ္ပဏီတွေကို ဖြန့်ဖြူးသုံးစွဲခွင့်မပြုမှာဖြစ်သလို တင်သွင်းချိန်တိုင်းကို အဓိကထားစစ်ဆေးသွားမှာဖြစ်ပါတယ်။

အဆိုပါပြင်ဆင်ချက်နဲ့ပတ်သက်ပြီး ပြည်သူအများစု ကြိုက်နှစ်သက်ကြသလို ပြည်သူတွေဆီတိုက်ရိုက်ရောင်းချပေးတဲ့ စက်သုံးဆီဆိုင်တွေကို ရှောင်တခွင်စစ်ဆေးပြီး ထိရောက်စွာအရေးယူမှသာ စစ်မှန်တဲ့စက်သုံးဆီချောဆီတွေပေါ်ထွက်လာမယ်လို့ လဲအကြံပြုထားကြပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*