ရင်ကြားစေ့အလွဲ

ရင်ကြားစေ့အလွဲ
May 16, 2017 Asian Fame

3:58 pm
ရင်ကြားစေ့အလွဲ

MyatHlaingခေတ်တစ်ခုကို တည်ဆောက် ဖို့အတွက် အကြမ်းအားဖြင့် ပြော ရမယ်ဆိုရင် အမျိုးသား ညီညွတ် ရေး၊ အမျိုးသားငြိမ်းချမ်းရေး၊ ဒီမို ကရေစီရေးနဲ့ နောက်ဆုံး အနေနဲ့ အမျိုးသား နိုင်ငံတော်သစ် တည် ဆောက်ရေး အဆင့်ဆင့် သွားရပါ တယ်။ ပထမဦးဆုံး အမျိုးသား ညီ ညွတ်ရေးဟာ အခြေခံ အုတ်မြစ် ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ နိုင်ငံအတွက် လိုအပ်နေတဲ့ နိုင်ငံ တော် တည်ဆောက်မှု အဆင့်တွေ ပါ။ ပျက်စီးခဲ့တဲ့ ကျွန်တော်တို့ မြန် မာနိုင်ငံမှာ ဒီအဆင့်တွေကို အသစ် ပြန်တည်ဆောက်ဖို့ အတွက် ဆိုရင် တော့ အခု အခြေအနေထက် ပိုမြန် ဆန် လွယ်ကူကောင်း လွယ်ကူပါ လိမ့်မယ်။

ပျက်စီးခဲ့တာကလည်း ရုပ် ပိုင်း အစိတ်အပိုင်း ပေါင်းစုံကို ဖျက်ဆီးပြီး အပေါ်ယံ အခွံကြီးထဲ မှာ စိတ်တွေပါ ဖျက်ဆီး နှစ်မြှုပ် ထားခဲ့ပါတယ်။ အတ္တစိတ်တွေ သွတ်သွင်းထားတဲ့ နိုင်ငံရုပ်ကိုပါ ပြန်ပြုပြင်ရမယ့် အခြေအနေပါ။ စိတ်ဆိုတဲ့ နာမ်ကို ပြုပြင်နိုင်ဖို့ အ ချိန်ကာလ တစ်ခု ပေးရပါလိမ့်မယ်။ အချိန်ယူ ပြင်ဆင်ရမယ့် နာမ်ကိစ္စ ကိုခဏထားပြီး၊ နိုင်ငံဆိုတဲ့ ရုပ် ဝတ္ထုကြီးကို အရင်ပြင်ဖို့ စဉ်းစားရ ပါလိမ့်မယ်။

ဒီရုပ်ဝတ္ထုကြီးကို အရင်ဆုံး  ပြင်နိုင်ဖို့ အမျိုးသား ညီညွတ်ရေးက စတင်ရမှာပါ။ အမျိုးသား ညီညွတ် ရေးအတွက် လိုအပ်ချက်ဖြစ်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်အောက်က သွားရပါလိမ့် မယ်။ အမျိုးသား ပြန်လည် သင့်  မြတ်ရေး အတွက် အရေးကြီး လို အပ်တဲ့ မူဝါဒကို ချမှတ်ပြီး ဆောင် ရွက်ရမှာပါ။ ဒီမူတွေထဲမှာ သင် ပုန်းချေမူဝါဒနဲ့ ရင်ကြားစေ့ရေး မူဝါဒနှစ်ခုက အလွန် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

သင်ပုန်းချေရေး မူဝါဒကို ချ မှတ်ဖို့ လွယ်ကူကောင်း လွယ်ကူ ပေမယ့်၊ ရင်ကြားစေ့ရေး မူဝါဒကို တော့ ခေတ်တစ်ခုကို တည်ဆောက် ဖို့ ဦးဆောင် ဦးရွက်ပြုသူတွေ သေ သေချာချာ စဉ်းစား သုံးသပ်ပြီး ချ မှတ်ရပါလိမ့်မယ်။ ချမှတ်ထားတဲ့ မူဝါဒကို အကောင် အထည် ပေါ် အောင် ဆောင်ရွက်ဖို့ အတွက် အ လုပ်ဆိုတဲ့အပိုင်း ပါလာ ပါလိမ့် မယ်။

ရင်ကြားစေ့ရေး မူဝါဒကို အ ကောင်အထည် ဖော်ဖို့အတွက် တော့ အလုပ် လုပ်ပြရမှာပါ။ ခေတ် တစ်ခေတ်ကို ပြောင်းလဲ တည်  ဆောက် မယ့် လူထုခေါင်းဆောင် နဲ့ အတူ လူထုခေါင်းဆောင်ရဲ့ ယုံ ကြည်ခြင်းခံရတဲ့ ခေါင်းဆောင် တွေ အလုပ် နဲ့ ဆောင်ရွက်ပြရမှာ ပါ။

ဒီနေရာမှာ အများကြီး စဉ်းစား ဖို့လိုပါပြီ။ ဦးဆောင်သူ ခေါင်း  ဆောင်ကို ဝန်းရံပေးကြ ဖို့နဲ့ပါဝင် ကူညီကြရမှာ ဖြစ်ပါတယ်။ ဦး   ဆောင်သူဟာလည်း အရာရာပြည့် စုံနေတဲ့သူတစ်ယောက် မဖြစ်နိုင် ဘူးဆိုတာ သိနိုင်ပါတယ်။ ထူးချွန် ထက်မြက်ပြီး၊ နိုင်ငံအတွက် ဘဝ တစ်ခုလုံးကို ရင်းနှီးပေးဆပ်ထား ပေမယ့်၊ ပြုပြင်ရမယ့် အရာတွေ အများကြီးကို တစ်ဦးတည်း မစဉ်း စားနိုင်ပါဘူး။ ဦးဆောင်သူရဲ့ စဉ်း စားမှုမှာ အမှားပါလာရင် ဝန်းရံ ကူညီသူ ခေါင်းဆောင်များအနေ နဲ့ ထောက်ပြ ဝေဖန်နိုင်ရပါလိမ့် မယ်။

ကျွန်တော် တို့အနေနဲ့ လည်း ဦးဆောင်သူရဲ့ စဉ်းစားဆုံးဖြတ် အကောင်အထည်ဖော်မှုတွေ မှန်မှ ဒီမိုကရေစီလမ်းပေါ် လျှောက်နိုင် တာကို မြင်ရပါလိမ့်မယ်။ စဉ်းစား ဆုံးဖြတ်ချက် မှားသွားလို့ ရှိရင်   ကျွန်တော်အပါအဝင် ပြည်သူတွေ မြင်ချင်တဲ့ ဒီမိုကရေစီ လမ်းပေါ် လျှောက်နိုင်ဖို့ ကြန့်ကြာနေတာ တွေကိုပဲ မြင်ရမှာပါ။ ကျွန်တော်တို့ အမြင်တွေကို ထောက်ပြဝေဖန်ကြ ဖို့လည်း ပြည်သူ တစ်ယောက်အ နေနဲ့ တာဝန်ရှိပါတယ်။

ဒီနေ့အခြေအနေမှာ ကွဲနေတဲ့ ရင်ကြားကို ပြန်စေ့ပေးနိုင်ဖို့ လိုပါ ပြီ။ ဒီကွဲနေတဲ့ ရင်ကြားတွေကို   ပြန်စေ့ပေးနိုင်မှ အမျိုးသား ပြန် လည် သင့်မြတ်ရေးကို ရရှိမှာဖြစ် ပါတယ်။ ပြည်သူတွေ အတွက် ပြည်သူတွေက ရွေးချယ်ပေးလိုက် တဲ့ ပြည်သူတွေရဲ့ ကိုယ်စားလှယ် တွေရှိနေပါပြီ။ ရွေးချယ်ပေးလိုက် သူတွေဟာ ပြည်သူတွေကိုယ်စား ပြုအစိုးရ တစ်ရပ်ကို ဖွဲ့နိုင်နေပါပြီ။ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အစိုးရ အနေနဲ့ ကွဲနေတဲ့ရင်ကြားကို စေ့ပေးနိုင်ဖို့ တာဝန် ရှိနေပါတယ်။ နောက် ဒီမိုကရေစီစနစ်ကို တည် ဆောက်ဖို့ အတွက်လည်း ပြည်သူ့ အစိုးရမှာ တာဝန် ရှိနေပါတယ်။ ဒီ တာဝန်ကြောင့် လူထုခေါင်းဆောင် အနေနဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ တပ်မတော် ကြားက ကွဲ နေတဲ့ ရင်ကြားစေ့ပေးနိုင်အောင် အလေးထား ဆောင်ရွက်နေတာ တွေ့နိုင်ပါတယ်။

ရင်ကြားစေ့ရေးမှာလည်း သက်ဆိုင်သူတွေရဲ့ စိတ်သဘော ထားပြည့်ဝမှု ဟာ အရေးကြီးပါ တယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူ တွေ အေးချမ်းစွာ နေထိုင်နိုင်ဖို့ ဆို ပြီး ပြည်သူများရဲ့မျက်နှာကို ကြည့် မယ် ဆိုရင် ရင်ကြားစေ့နိုင်မှာပါ။ ရင်ကြားစေ့နိုင်ဖို့ အတွက် ခေါင်း ဆောင်တွေရဲ့ ပြောဆိုစည်းရုံးမှု ဟာလည်း အရေးကြီးပါတယ်။ ဦး ဆောင်သူနဲ့ ခေါင်းဆောင်တွေရဲ့ သေသေချာချာ စဉ်းစားသုံးသပ်နိုင် မှုအပေါ်မှာလည်း များစွာ မူတည် နေပါတယ်။

ရင်ကြားစေ့ရေး မှာလည်း ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံဥပ ဒေအရ အစိုးရ နှစ်ဖွဲ့လို ဖြစ်နေပါ တယ်။ ဒီလို အစိုးရနှစ်ဖွဲ့ ပူးတွဲ ဆောင် ရွက်နိုင်ကြမယ် ဆိုရင် အစိုး ရ နှစ်ဖွဲ့လိုဖြစ်နေတဲ့ပုံစံဟာ နီးကပ် သွားနိုင်ပါတယ်။ ဒီနေရာမှာလည်း အစိုးရနှစ်ဖွဲ့လို ဖြစ်နေတဲ့ထဲမှာ ဦး ဆောင်နေကြတဲ့သူတွေ အနေနဲ့ တစ်ဦး ကိုတစ်ဦးက ကူညီမှုတွေ၊ အ ပြန်အလှန် စေတနာထားမှုတွေ၊ ပြည်သူတွေရဲ့မျက်နှာ ကြည့်ပြီး အ လေးထား ဆောင်ရွက်မှုတွေသာ ရှိနေကြမယ် ဆိုရင် အခြေခံဥပဒေ က ဘယ်လိုပဲ ရေးဆွဲထားပါစေ၊ ဒီ အခြေခံ ဥပဒေ ဘောင် အတွင်းမှာ အစိုးရ တစ်ခုတည်း ဖြစ်သွားနိုင်ပါ တယ်။ ဒါဟာလည်း အမျိုးသားညီ ညွတ်ရေး အတွက် လိုအပ် တဲ့ရှေ့ ပြေး တစ်ရပ် ဖြစ်ပါတယ်။ အမျိုး သား ညီညွတ်ရေးကို အောင်မြင်ပြီ ဆိုရင် အမျိုးသား ငြိမ်းချမ်းရေး အတွက် လွယ်ကူစွာ အကောင်အ ထည်ဖော်နိုင်ပါလိမ့်မယ်။

ဒီမိုကရေစီ လမ်းပေါ် ခြေချ နိုင်ဖို့ အရင်ဆုံး ဆောင်ရွက်ရမယ့် ရင်ကြားစေ့ရေးမှာ အလွဲတွေမဖြစ် ပါစေနဲ့လို့ ပြည်သူတွေ ရဲ့ကိုယ်စား ပြောချင်ပါတယ်။

မြတ်လှိုင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*