လူတစ်ရာကျော် သွေးလွန်တုပ်ကွေး ဖြစ်ပွားနေသော ဘဲရကျေးရွာသို့ ကျန်းမာရေးဝန်ထမ်းများ စေလွှတ်ကုသ

လူတစ်ရာကျော် သွေးလွန်တုပ်ကွေး ဖြစ်ပွားနေသော ဘဲရကျေးရွာသို့ ကျန်းမာရေးဝန်ထမ်းများ စေလွှတ်ကုသ
May 16, 2017 Asian Fame

4:00 pm
လူတစ်ရာကျော် သွေးလွန်တုပ်ကွေး ဖြစ်ပွားနေသော ဘဲရကျေးရွာသို့ ကျန်းမာရေးဝန်ထမ်းများ စေလွှတ်ကုသ

လင်းဟိန်း
ရန်ကုန်၊ မေ ၉

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဘဲရကျေးရွာမှ ရွာသား ၁ဝဝ ကျော် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နေသဖြင့် မေလ ၈ ရက်မှစ၍ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများ စေလွှတ်ကာ ကုသပေးနေရကြောင်း သိရသည်။

ရွာသားများသည် ဧပြီ ၂ဝ ခန့်မှစ၍ ယင်းရောဂါ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အော့အန်ခြင်း၊ ဖျားနာခြင်းနှင့် ဝမ်းလျှောဝမ်းပျက်ခြင်း များ ဖြစ်ပွားနေခြင်းကြောင့် ပြည် နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများဖြင့်ဆေး ခန်းဖွင့်လှစ်ကာ ဆေးကုသ ပေးမှုများ၊ ခြင်ဆေးဖျန်းခြင်းများကို ပြု လုပ်လျက် ရှိသည်။

”အခြေအနေတော့ သိပ်မဆိုးပါဘူး။ နောက်တစ်ပတ် လောက် ဆိုရင်တော့ ထိန်းချုပ်လို့ ရလောက်ပါတယ်” ဟု ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ဒေသဆိုင်ရာ ပိုလီယိုကွင်းဆင်းအရာရှိ ဒေါက်တာစံလင်းက ပြောသည်။ ယင်းကျေးရွာမှ ဆေးခန်းလာပြသည့် လူနာ ၆၅ ဦး အနက် ၁၂ ဦးတွင် သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရပြီး လူနာ ၃၅ ဦး တွင် သွေးလွန်တုပ်ကွေး ရောဂါ လက္ခဏာကို တွေ့ရကြောင်း ၎င်းက ပြောသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း မိုးအနည်းငယ်ရွာသွန်းခဲ့ သောကြောင့် ရေတင်ကျန်နေခဲ့သည့် နေရာများမှ ခြင်များပေါက် ဖွားလာကြောင်း၊ ထို့ကြောင့် ယခု ကဲ့သို့ သွေးလွန်တုပ်ကွေး ရောဂါ ကူးစက်ခံရခြင်း ဖြစ်ကြောင်း ဒေါက်တာစံလင်းက ပြောသည်။ ”ခြင်တွေ အများကြီးပဲ။ ဘုရား ပန်းအိုးတွေမှာပါ ခြင်တွေတွေ့ တယ်”ဟု ၎င်းကပြောသည်။ လက်ရှိတွင် အဆိုပါကျေးရွာ၌ ကျန်းမာရေးဝန်ထမ်း ၁၂ ဦးဖြင့် ကုသပေးလျက်ရှိပြီး နောက်ထပ် ကျန်းမာရေးအဖွဲ့ နှစ်ဖွဲ့ထပ်လာ ဦးမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

ရွာခံများ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားချိန်တွင် သွား ရောက် ပြသကုသရန် ဘဲရကျေး ရွာ၌ ကျေးလက်ဆေးပေးခန်းမ ရှိကြောင်း၊ ထို့ကြောင့် ရောဂါကူး စက်ခြင်းများ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ဘဲရကျေးရွာနေသူ တစ်ဦးက ပြောသည်။ ”အချိန်မီဆေးမကုရလို့ အခု လိုလူတွေအများကြီး ဖြစ်သွားတာပါ”ဟု ၎င်း ကပြောသည်။ ဘဲရကျေးရွာ၌ အိမ်ခြေ ၁၅ဝ ကျော်၊ လူဦးရေ ၇ဝဝ ကျော်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းအဓိကလုပ်ကိုင်သော ရွာဖြစ်ကြောင်း သိရ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*