တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ရက်လုပ်ခ ၁၅ဘတ်စီ် တိုးမြှင့်ပေးမည်ဟု ထိုင်းဝန်ကြီးချုပ်ဆို

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ရက်လုပ်ခ ၁၅ဘတ်စီ် တိုးမြှင့်ပေးမည်ဟု ထိုင်းဝန်ကြီးချုပ်ဆို
January 5, 2018 Fame Asian

3:42 pm
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ရက်လုပ်ခ ၁၅ဘတ်စီ် တိုးမြှင့်ပေးမည်ဟု ထိုင်းဝန်ကြီးချုပ်ဆို

26166940_1653936651316960_4054767592153532850_n

မဟာချိုင် ၊ ဇန်န၀ါရီ ၅

ထိုင်းနိုင်ငံရဲ့ တစ်ရက်အနည်းဆုံလုပ်ခ နှုန်းထားကို အခုလအကုန်မှာ ၁၅ ဘတ်စီတိုးမြှင့်ပေးနိုင်မယ်လို့ ထိုင်းဝန်ကြီးချုပ်က ကြေညာထားကြောင်းသိရပါတယ်။

နှစ်သစ်ကူးလက်ဆောင်အနေနဲ့ တိုးမြှင့်ပေးတာဖြစ်ပြီး ၁၅ ဘတ်ထက် ကျော်နိုင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက်ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ဥက္ကဌ ဦးစိန်ဌေးက မှတ်ချက်ပြုပါတယ်။

ဇန်န၀ါရီ ၄ ရက်နေ့ကပြုလုပ်ခဲ့တဲ့ အနည်းဆုံးအခကြေးငွေကော်မရှင်အစည်းအဝေးမှာ ထိုင်းအလုပ်သမားဒုဝန်ကြီးက ထိုင်းဝန်ကြီးချုပ်ရဲ့အမိန့်အရ အခုလို ၁၅ ဘတ်တိုးဖို့ ၊ အနည်းဆုံးအခကြေးငွေအသစ်ကို တစ်နိုင်ငံလုံးတစ်ပြိုင်နက်သက်ရောက်စေဖို့ ဆွေးနွေးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

လောလောဆယ်မှာတော့ ထိုင်းနိုင်ငံရဲ့ တစ်ရက်အနည်းဆုံးလုပ်ခဟာ ဘတ် ၃၀၀ ၊ ၃၀၅ ဘတ် ၊ ၃၀၈ ဘတ် ၊ ဘတ် ၃၁၀ ဆိုပြီး ခရိုင်ဒေသအလိုက် ကွဲပြားနေပါတယ်။

“အခုတိုးရင် ဘယ်လိုတွေ တိုးမလဲတော့မသိဘူးပေါ့။ ၁၅ဘတ်ထက်ကျော်နိုင်မယ်လို့တော့ပြောပါတယ်” လို့ ဦးစိန်ဌေး ကဆိုပါတယ်။

လာမယ့် ဇန်န၀ါရီ ၁၅ ရက်နေ့မှာ တော့ထိုင်းနိုင်ငံရဲ့အခြေခံလုပ်အားခ တိုးမြင့်ရေး အတည်ပြုဆွေးနွေးဖို့ ကော်မတီအစည်းအဝေးပြုလုပ်မယ်လို့  ထိုင်းအစိုးရက ကြေညာထားကြောင်းသိရပါတယ်။

ထိုင်းနိုင်ငံဟာဆိုရင် မြန်မာနိုင်ငံက နေ ရွှေ့ပြောင်းသွားရောက်လုပ်ကိုင်သူအလုပ်သမား အများဆုံးနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။

အဓိကကတော့ တစ်ရက်လုပ်ခ ထိုင်း ဘတ် ၃၀၀ (မြန်မာငွေကျပ် တစ်သောင်းဝန်းကျင်) ရရှိတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။

ထိုင်းနည်းတူ မြန်မာနိုင်ငံမှာလည်း အနည်းဆုံးအခကြေးငွေ နှုန်းထားကို တစ်ရက် ၄၈၀၀ အဖြစ်ပြင်ဆင်အဆိုပြုထားပြီး နောက်ထပ် ၂ လကြာလို့ ကန့်ကွက်သူမရှိရင်တော့ အတည်ပြုသတ်မှတ်တော့မှာဖြစ်ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*