ရန်ကုန်တိုင်းအစိုးရအဖွဲ့  ရင်းနှီးမြှုပ်နှံထားတဲ့ ဘီလီယံနဲ့ ချီိတဲ့ငွေကြေးရှင်းတမ်းတင်ပြပေးရေး အဆို ဆွေးနွေးတဲ့ကိုယ်စားလှယ် ၅ ဦးစလုံးထောက်ခံ

ရန်ကုန်တိုင်းအစိုးရအဖွဲ့  ရင်းနှီးမြှုပ်နှံထားတဲ့ ဘီလီယံနဲ့ ချီိတဲ့ငွေကြေးရှင်းတမ်းတင်ပြပေးရေး အဆို ဆွေးနွေးတဲ့ကိုယ်စားလှယ် ၅ ဦးစလုံးထောက်ခံ
May 29, 2018 Fame Asian

6:04 pm
ရန်ကုန်တိုင်းအစိုးရအဖွဲ့  ရင်းနှီးမြှုပ်နှံထားတဲ့ ဘီလီယံနဲ့ ချီိတဲ့ငွေကြေးရှင်းတမ်းတင်ပြပေးရေး အဆို ဆွေးနွေးတဲ့ကိုယ်စားလှယ် ၅ ဦးစလုံးထောက်ခံ

33894494_1834439446618329_585441747962691584_n

ရန်ကုန် ၊ မေ ၂၉

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က လုပ်ငန်းများလုပ်ကိုင်ဖို့ ရင်းနှီးမြှုပ်နှံထားတဲ့ ဘီလီယံနဲ့ ချီတဲ့ ငွေကြေးတွေကို တစ်နှစ်ပြည့်အစီရင်ခံစာမှာ စာရင်းရှင်းတင်ပြပေးဖို့ အဆိုကို ဒီကနေ့ တိုင်းဒေသကြီးလွှတ်တော်မှာ ကိုယ်စားလှယ်(၅)ဦးဆွေးနွေးခဲ့ကြပြီး (၅)ဦးစလုံးက အဆိုကိုထောက်ခံခဲ့ကြကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ ဆောင်ရွက်ခဲ့တဲ့ဆောင်ရွက်ချက်အချို့ကို ထောက်ပြဝေဖန်ခဲ့သွားကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၂၀၁၆-၁၇ ခုနှစ်၊ ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရဟာ City Bank မှာ ရင်းနှီးမြှုပ်နှံငွေ (၆၄) ဘီလီယံ ထည့်ဝင်ရင်းနှီးမြှုပ်နှံထားခြင်း၊ ခရီးသည်တင်မော်တော်ယာဉ် သယ်ယူပို့ ဆောင်ရေးအများပိုင်ကုမ္ပဏီများမှာ (၇၀)ဘီလီယံထည့်ဝင်ရင်းနှီးမြှုပ်နှံထားခြင်းနဲ့ လယ်ယာမြေများပြုပြင်ခြင်းလုပ်ငန်းအတွက် ကျပ် (၇၇၄၈.၃၀၁) သန်းတို့ ကို ရန်ကုန်တိုင်းလွှတ်တော်က ခွင့်ပြုပေးခဲ့တဲ့အပေါ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးရဲ့ ယခုလာမယ့် ၂၀၁၈ ခုနှစ်၊ (၁) နှစ်ပြည့်အစီရင်ခံစာမှာ တင်ပြပေးဖို့ ကို ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးကော်မတီိဥက္ကဌ ဒေါ်စန္ဒာမင်းက တိုင်းလွှတ်တော်ကိုတင်သွင်းခဲ့ပါတယ်။

ဒဂုံမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက ” ရန်ကုန်တိုင်းဒေသကြီိးအစိုးရအဖွဲ့ က ကြီးကြပ်ပြီးလုပ်နေတဲ့ YBS ကုမ္ပဏီများမှာတပ်ဆင်နေတဲ့ ငွေပုံးပေါ့ ကြားနေရတယ် ၄၉၅ ဒေါ်လာသင့်ငွေရှိတယ်လို့ သိရတယ်။ မြန်မာငွေနဲ့ တွက်ရင် ၆ သိန်းလောက်ရှိတယ်။အင်တာနက်က ကျွန်တော်ဒေါင်းလုတ်ဆွဲလိုက်တယ်။ ၀မ် ၁၃၃၀ ပဲရှိတယ်။ မြန်မာငွေ ၃သိန်းပဲရှိတယ်။အဲဒါတွေမှာ ကွာဟမှုတွေရှိနေတယ်။အသေးစိတ်အစီရင်ခံပေးစေချင်ပါတယ်” လို့ ဆွေးနွေးပါတယ်။ မထသစနစ်မှ YBS စနစ်ကိုကူးပြောင်းမှုမှာ လွှဲပြောင်းလိုက်တဲ့ငွေကြေးပမာဏများ၊အများပိုင်ယာဉ်လိုင်းကုမ္ပဏီများမှာ ထည့်ဝင်ရင်းနှီးထားတဲ့ ငွေကြေးသုံးစွဲထားမှုများကိုလည်း စာရင်းစစ်အစီရင်ခံစာမှာတင်ပြပေးဖို့ သူကပြောပါတယ်။

” အခုစာရင်းစစ်ချုပ်အစီရင်ခံစာကိုထည့်သွင်းနိုင်ဖို့ ဆွေးနွေးနေကြတယ်။ ဒါတွေဟာ တကယ်တမ်းကျ ဒေါ်စန္ဒာမင်းက အဆိုတင်တယ်။ ဦးတင်ဝင်းကနေ ထောက်ခံတယ်။ အခုလည်း စာရင်းစစ်ချုပ်ကြီးကနေ သဘောထားတွေပြောနေရတယ်။ လွှတ်တော်ဥက္ကဌကြီးကလည်း ဆွေးနွေးဖို့ အတည်ပြုပါသလားမေးနေရတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေငါးဦးကလည်းဆွေးနွေးဦးမယ်။ ဒီအချိန်တွေဟာ ကျွန်တော့်အမြင်တော့ အလဟဿဖြစ်တယ်။ ဒါတွေက တာဝန်ယူမှုတာဝန်ခံမှုအပိုင်းမှာ ကျွန်တော်တို့က တိုက်တွန်းနေစရာတောင်မလိုဘူး” လို့ ဦးကျော်ဇေယျက ပြောပါတယ်။

ယခုအဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ပို့ ဆောင်ရေး၊ဆက်သွယ်ရေး၊ဆောက်လုပ်ရေးနဲ့ စက်မှုလက်မှုရေးရာကော်မတီ၊ဒဂုံမြို့ နယ်မှလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၊အင်းစိန်မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးသာအောင်၊ကိုကိုးကျွန်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဝင်း၊မရမ်းကုန်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းတို့ က ထောက်ခံကြောင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*