12:23 pm
လင်းဟိန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
လာမည့် ကြားဖြတ်ရွေးကောက် ပွဲအတွက် လိုအပ်ပါက ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် မဲဆွယ်စည်းရုံးသွားမည်ဖြစ်ကြောင်း ရန် ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် အခွင့်အလမ်း များစွာရှိနေသော်လည်း လိုအပ်လာပါက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် မဲဆွယ်စည်းရုံးမည်ဖြစ်သည်ဟု ၎င်းကပြောသည်။
”ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ဘောလုံးပွဲတစ်ပွဲအနေနဲ့ ပြောရရင် အရန်ကစားသမား၊ နည်းပြအနေနဲ့ နေမယ်။ လိုအပ်လာမှပဲ ကွင်းထဲဝင်ကန်မယ်”ဟု ဒေါက်တာစိုးဝင်းဦးက ပြောသည်။
လက်ရှိတွင် NLD ပါတီအနေ ဖြင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းများကို မြို့နယ် နှင့်ရပ်ကွက်၊ ကျေးရွာအလိုက် ပါတီ ဗဟို အလုပ်အမှုအဆောင်ကော် မတီက လုပ်ဆောင်နေကြကြောင်း ဒေါက်တာစိုးဝင်းဦးက ပြောသည်။ NLD အနေဖြင့် ကြားဖြတ်ရွေး ကောက်ပွဲအတွက် မဲဆွယ်စည်းရုံး ရာတွင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားများထိခိုက်မှု မရှိစေရန်နှင့် လမ်းပိတ်ဆို့ခြင်းများမရှိစေ ရန်အတွက် အတတ်နိုင်ဆုံး အင် အားသုံးပြီး စည်းရုံးခြင်းများ ပြုလုပ် မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။ ဒေါက်တာစိုးဝင်းဦးက ”၂ဝ၁၅ ရွေးကောက်ပွဲမှာ အုံနဲ့ကျင်းနဲ့နိုင်ခဲ့တာ ကြားဖြတ်မှာက အေးဆေးနိုင်ပါတယ်။ နိုင်မယ်ဆိုတိုင်းလည်း ပေါ့ပေါ့နေတာတော့ မဟုတ်ပါဘူး” ဟုပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွင် ‘ပြောင်းလဲချိန်တန်ပြီ’ ဟူ သောဆောင်ပုဒ်ဖြင့် မဲဆွယ်စည်း ရုံးခဲ့ပြီး လာမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင်မူ ဆောင်ပုဒ်သတ် မှတ်ထားခြင်း မရှိပေ။ ”ရှေ့ဆက် ပြီး ပြောင်းလဲသွားရေးတွေ လုပ်သွားမှာပါ။ မပြောင်းလဲရင်လည်း နောက်ပြန်မဆုတ်စေရဘူး။ တစ်လှမ်းချင်းစီ ရှေ့ဆက်သွားမှာပါ” ဟု ဒေါက်တာစိုးဝင်းဦးက ပြောသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအတွင်း ပြည်သူ့လွှတ် တော်မဲဆန္ဒနယ် လေးနေရာနှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်နေရာလစ်လပ်နေခြင်းဖြစ်ပြီး ယင်းနေရာအားလုံးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ၂ဝ၁၅ အထွေထွေရွေးကောက် ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီသည် ရန်ကုန်တိုင်းမြို့နယ် ၄၄ ခုစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မြို့နယ် အားလုံးတွင် အနိုင် ရရှိခဲ့သည်။ လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် မြန်မာတစ်နိုင်လုံးအတွင်း လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိသည့်အနက် ၁၈ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဖြစ် သူကသာလျှင် ပါတီအတွက် မဲ ဆွယ်စည်းရုံးခွင့် မပြုရဟု ဖော်ပြ ထားပြီး ဦးဖြိုးမင်းသိန်းမှာ တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့ဝင် သာဖြစ်သောကြောင့် ပါတီအတွက် မဲဆွယ်စည်းရုံးခွင့်ရှိသူ ဖြစ်သည်။ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင်မူ ထိုစဉ်က ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက မဲဆွယ်စည်းရုံးမှုများ မပြု လုပ်ခဲ့ပေ။