မန္တလေး-ပြင်ဦးလွင်လမ်း ဒေါ်သီနတ်နန်း မှ အိုးတစ်လုံးကွေ့လမ်းဆုံအထိအတက်လမ်းကို စီမံကိန်းပြီးစီးသွားပါက နှစ်လမ်းမောင်းအဖြစ်သတ်မှတ်ပေးမည်

မန္တလေး-ပြင်ဦးလွင်လမ်း ဒေါ်သီနတ်နန်း မှ အိုးတစ်လုံးကွေ့လမ်းဆုံအထိအတက်လမ်းကို စီမံကိန်းပြီးစီးသွားပါက နှစ်လမ်းမောင်းအဖြစ်သတ်မှတ်ပေးမည်
May 3, 2018 AsianFame MediaGroup

1:56 pm
မန္တလေး-ပြင်ဦးလွင်လမ်း ဒေါ်သီနတ်နန်း မှ အိုးတစ်လုံးကွေ့လမ်းဆုံအထိအတက်လမ်းကို စီမံကိန်းပြီးစီးသွားပါက နှစ်လမ်းမောင်းအဖြစ်သတ်မှတ်ပေးမည်

31870916_1778336422210315_7499047666576261120_n

မန္တလေး၊ မေ ၃

မန္တလေး-ပြင်ဦးလွင်လမ်း ဒေါ်သီနတ်နန်း မှ အိုးတစ်လုံးကွေ့လမ်းဆုံအထိအတက်လမ်းကို စီမံကိန်းပြီးစီးသွားပါက နှစ်လမ်းမောင်းအဖြစ်သတ်မှတ်ပေး သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

“အားလုံးပြီးစီးသွားပြီဆိုရင်တော့ ဒီ ၆ လမ်းသွားလမ်းမကြီး၊ ဒေါ်သီနတ်နန်းကနေအိုးတစ်လုံးကွေ့လမ်းဆုံအထိ အတက်လမ်းပိုင်းကိုပဲ တကယ်အဓိက သုံးကြပေါ့၊ နှစ်လမ်းမောင်းသတ်မှတ်ပေးထားမှာပါ၊ အဆင်းလမ်းသည် လိုရင်သုံးမယ် မလိုရင်မသုံးနဲ့၊ ဒါဆို လမ်းပိတ်တယ်ဆိုတာလည်းမရှိသလောက် ဖြစ်သွားမယ်၊ စီမံကိန်းပြီးတာနဲ့သုံးလို့ရပါပြီ” လို့ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒေါ်သီနတ်နန်း(၁၆/၄ မိုင်) မှ အိုးတစ်လုံးကွေ့လမ်းဆုံ(၁၇/၂ မိုင်)အထိကို အမြင့် ၃ လက်မ၊ အကျယ် ၇၂ ပေ အဆင့်မြင့်မွမ်းမံပြင်ဆင်နေတာဖြစ်ပြီး စီမံကိန်းတစ်ခုလုံးပြီးစီးမယ့်ကာလကိုတော့ အခုနှစ်စက်တင်ဘာလအတွင်း ခန့်မှန်းထားတယ်လို့ စီမံကိန်းတာဝန်ယူဆောင်ရွက်ရတဲ့ Oriental Highway Co.,Ltd ဆီက သိရပါတယ်။

“ပြင်ဦးလွင် မှ မန္တလေးအဆင်းလမ်း(အိုးတစ်လုံးကွေ့လမ်းဆုံ မှ ၁၆ မိုင် ၄ ဖာလုံအထိလမ်းပိုင်း)ဟာ အခုအခါမှာ မော်တော်ယာဉ်ကြီးတွေအတွက် အသုံးပြုလို့မကောင်းတော့တဲ့အခြေအနေတစ်ခုဖြစ်နေပြီး ဒီအတွက်လည်း အခုပြင်ဆင်နေတဲ့လမ်းပိုင်းကို နှစ်လမ်းမောင်းအဖြစ်အသုံးပြုခွင့်ပေးသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ နဂိုလမ်းကိုလည်း လိုအပ်တဲ့အခါအသုံးပြုလို့ရအောင် ကောင်းကောင်းလုပ်ပေးထားမယ်၊ ဒါကို ကုမ္ပဏီကလည်းအာမခံထားတယ်၊ အရင်သုံးနေတဲ့လမ်းကို ကျွန်တော်တို့ပစ်မထားပါဘူး၊ ပေ ၅၀ လမ်းအဖြစ်ပက်ကားခင်းပေးပါမယ်၊ ကားလေးတွေက အရင်လမ်းအတိုင်းဆင်း၊ ကားကြီး တွေက နှစ်လမ်းမောင်းကဆင်းမယ်ဆိုရင် လမ်းပိတ်ဆို့တာတွေလည်း မဖြစ်တော့ဘူးပေါ့”လို့ ဦးအောင်မင်းကဆိုပါတယ်။

မန္တလေး-ပြင်ဦးလွင်လမ်း(၈ မိုင် မှ မေမြို့အထိ)လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၇ နှစ်လယ်ပိုင်းကစပြီး Oriental Highway Co.,Ltd က တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*