ယခုနှစ်​ ၇လတာအတွင်း မိုးကြိုးပစ်​ခံရ၍ လူ ၇၀​ကျော်​ ​သေဆုံးခဲ့

ယခုနှစ်​ ၇လတာအတွင်း မိုးကြိုးပစ်​ခံရ၍ လူ ၇၀​ကျော်​ ​သေဆုံးခဲ့
July 29, 2017 Asian Fame

3:56 pm
ယခုနှစ်​ ၇လတာအတွင်း မိုးကြိုးပစ်​ခံရ၍ လူ ၇၀​ကျော်​ ​သေဆုံးခဲ့

20294358_1936234589963445_173195765537482135_n

ရန်‌ကုန်‌၊ဇူလိုင်‌ ၂၉

မြန်‌မာနိုင်‌ငံတွင်‌ ဇန်‌နဝါရီလ၁ရက်‌‌နေ့မှ ဇူလိုင်‌လ ၂၆ရက်‌အတွင်း မိုးကြိုး‌ဘေး‌ကြောင့်‌ ၇၄ဦး သေဆုံးခဲ့ပြီး ဒဏ်‌ရာရရှိသူ ၁၉ဦး‌ရှိကြောင်း လူမှုဝန်‌ထမ်းကယ်‌ဆယ်‌‌ရေးနှင့်‌ ပြန်‌လည်‌‌နေရာချထား‌ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်း‌ကျော်‌‌ဌေးက‌ပြောသည်‌။

“၂၀၁၆ခုနှစ်‌တစ်‌နှစ်‌လုံးမှာ‌တောင်‌ မိုးကြိုး‌ဘေး‌ကြောင့်‌ ‌သေဆုံးသူက ၈၀‌ကျော်‌ပဲရှိတယ်‌။ဒီနှစ်‌က မိုကြိုး‌ဘေး‌ကြောင့်‌သေဆုံးသူ‌များ‌နေတယ်‌လို့ သတ်‌မှတ်‌နိုင်‌တယ်‌”ဟု ဦးသန်း‌ကျော်‌‌ဌေးက‌ပြောသည်‌။

ယခုနှစ်‌တွင်‌ ဧရာဝတီတိုင်း‌ဒေသကြီးသည်‌ မိုးကြိုး‌ဘေး‌ကြောင့်‌ ‌သေဆုံးသူနှင့်‌ ဒဏ်‌ရာရရှိသူအများဆုံးဖြစ်‌ပြီး မ‌ကွေးတိုင်း၊ရန်‌ကုန်‌တိုင်း၊တနသာင်္ရီတိုင်း၊မန္တ‌လေးတိုင်း၊ကချင်‌၊ကယား၊ကရင်‌၊မွန်‌၊ရခိုင်‌၊ရှမ်း၊စစ်‌ကိုင်းတိုင်းနှင့်‌ ‌နေပြည်‌‌တော်‌တို့တွင်‌ မိုးကြိုး‌ဘေးသင့်‌‌မှုဖြစ်‌ပွား‌ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“မြန်‌မာနိုင်‌ငံမှာဆိုရင်‌ ပဲခူးတိုင်းကမိုကြိုး‌ဘေးအများဆုံးဖြစ်‌တဲ့‌နေရာပဲ။ကျန်‌တဲ့တိုင်း‌ဒေသကြီး‌တွေက အာ့‌လောက်‌မဖြစ်‌ဘူး။ဇူလိုင်‌လ၂၆ရက်‌‌နေ့အထိစာရင်း‌တွေအရ
ဧရာဝတီတိုင်းမှာဆို ၁၈‌ယောက်‌‌သေပြီး ၇ဦးဒဏ်‌ရာရတယ်‌။ပဲခူးတိုင်းမှာဆို ၁၁ဦး‌သေပြီး ၁ဦးဒဏ်‌ရာရတယ်‌။”ဟု ဦးသန်း‌ကျော်‌‌ဌေးက‌ပြောသည်‌။

လူမှုဝန်‌ထမ်းကယ်‌ဆယ်‌‌ရေးနှင့်‌ ပြန်‌လည်‌‌နေရာချထား‌‌ရေးဦးစီးဌာန အ‌နေဖြင့်‌ မိုကြိုး‌ဘေး‌ကြောင့်‌ ‌သေဆုံးသူတစ်ဦးလျှင် သုံးသိန်းကျပ်‌‌နှင့်‌ မိုးကြိုး‌ဘေး‌ကြောင့်‌ ဒဏ်‌ရာရသူတစ်‌ဦးလျှင်‌ ငါး‌သောင်းကျပ်‌‌ထောက်‌ပံ့‌ပေးခဲ့‌ကြောင်း ၎င်းက‌ပြောသည်‌။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*