အသက် ၁ လသားအရွယ်တောဆင်ရိုင်းအမ တစ်ကောင်ဖမ်းဆီးရမိ

အသက် ၁ လသားအရွယ်တောဆင်ရိုင်းအမ တစ်ကောင်ဖမ်းဆီးရမိ
September 18, 2017 Asian Fame

2:45 pm
အသက် ၁ လသားအရွယ်တောဆင်ရိုင်းအမ တစ်ကောင်ဖမ်းဆီးရမိ

elephant1(သာပေါင်း ၊ စက်တင်ဘာ ၁၈)

စက်တင်ဘာ ၁၇ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်ထဲမှာ တောဆင်ရိုင်းပေါက် တစ်ကောင်ဖမ်းဆီးရမိခဲ့ပါတယ်။

အသက် ၁ လအရွယ်သာရှိသေးတဲ့ အဆိုပါ တောဆင်ရိုင်းအမ ဟာ သူ့ရဲ့မိသားစုဆင်အုပ်နဲ့ကွဲကွာနေလို့ ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ဧရာဝတီတိုင်း သာပေါင်းမြို့နယ် သစ်သောဦးစီးဌာန ဦးစီးမှူး ဦးစိုးတင့်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

အသက် ၁ လရှိပြီး ဆင်ရဲ့အရပ်ကတော့ ၃ ပေရှိတယ်လို့သိရပါတယ်။

21558714_1958698767717027_874314591628660619_nပထမက တစ်ခါဖမ်းဆီးရမိခဲ့ပြီးပြန်လည်လွှတ်မြောက်သွားလို့ ထပ်မံဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

သူ့ကို မြန်မာ့သစ်လုပ်ငန်းကိုလွှဲပြောင်းပေးမှာဖြစ်ပြီး လောလောဆယ် သာပေါင်းမြို့နယ်မှာပဲ ဆင်ဆရာဝန်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်ကာ ခေတ္တထိန်းစောင့်ရှောက်ထားတယ်လို့ ဦးစိုးတင့်က ဆိုပါတယ်။

YL

(Credit–ဦးစိုးတင့်-ဦးစီးမှူး/သာပေါင်း)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*