ရခိုင် ကမ်းလွန်ရှိ AD – 7 သဘာဝဓာတ်ငွေ့လုပ်ကွက်သည် စီးပွားဖြစ်ထုတ်လုပ်နိုင်သည်ဟု Woodside အတည်ပြု

ရခိုင် ကမ်းလွန်ရှိ AD – 7 သဘာဝဓာတ်ငွေ့လုပ်ကွက်သည် စီးပွားဖြစ်ထုတ်လုပ်နိုင်သည်ဟု Woodside အတည်ပြု
April 26, 2017 Asian Fame

2:27 pm
ရခိုင် ကမ်းလွန်ရှိ AD – 7 သဘာဝဓာတ်ငွေ့လုပ်ကွက်သည် စီးပွားဖြစ်ထုတ်လုပ်နိုင်သည်ဟု Woodside အတည်ပြု

deepw

HEZ
ရန်ကုန်၊ ဧပြီ ၂၄

သြစတြေးလျနိုင်ငံ အခြေစိုက် Woodside နှင့် တောင်ကိုရီးယားနိုင်ငံမှ Posco Daewoo တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ရခိုင်ကမ်းလွန်ရှိ AD-7 (သ လင်း) သဘာဝဓာတ်ငွေ့လုပ်ကွက်၌ သဘာဝဓာတ်ငွေ့တွေ့ရှိခဲ့ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်သည်ဟု အတည်ပြုကြောင်း Woodside က သတင်းထုတ်ပြန်သည်။

Woodside ၏ထုတ်ပြန်ချက်အရ စမ်းသပ်တူးဖော်မှုရလဒ်များသည် ၅50 mmscf/d for a 50 hour flow period on a 48/64 inch Choke ရှိခဲ့ပြီး တူးဖော်ထွက်ရှိမှု ပမာဏနှင့် အရည်အသွေးကောင်း မွန်သောကြောင့် စီးပွားဖြစ် ထုတ်လုပ်နိုင်ရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်သည်။စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Daewoo International Corporation တို့သည် ဘင်္ဂလား ပင်လယ်အတွင်းရှိ မြန်မာနိုင်ငံ ရေနက်ပိုင်းဒေသလုပ်ကွက် အမှတ် AD-7 ၌ ရေနံနှင့်သဘာဝဓာတ် ငွေ့တူးဖော်ရေးလုပ်ငန်းများအား ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် တွင် ထုတ်လုပ်မှု အပေါ်ခွဲဝေခံ စားရေး စာချုပ်(PSC)စာချုပ်ချုပ်ဆို၍ အကျိုးတူ ပူးပေါင်းဆောင် ရွက်ခဲ့သည်။

၂ဝ၁၃ ခုနှစ်၊ ဇွန်လတွင် Woodside Energy (Myanmar) Co., Ltd. အစု ရှယ်ယာ ၄ဝ ရာ ခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံလာခဲ့ပြီး Daewoo International Corporation မှ ၆ဝ ရာခိုင်နှုန်းဖြင့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂ဝဝ၇ ခုနှစ်တွင် နှစ်ဖက်မြင် ဆိုက်စမစ်တိုင်းတာခြင်း ၂၈၈၇ ဒသမ ၁၇၅ ကီလိုမီတာ၊ ၂ဝဝ၈ ခုနှစ်တွင် သုံးဖက်မြင်ဆိုက်စမစ် တိုင်းတာခြင်း ၈ဝ၇ ဒသမ ၇၇ စတုရန်းကီလိုမီတာ ဆောင်ရွက်ခဲ့ပြီး Processing နှင့် Interpretation လုပ်ငန်းများကို ဆောင် ရွက်ခဲ့သည်။

အဆိုပါ လုပ်ကွက်၏ ဘူမိလေ့လာမှုနှင့် ဆိုက်စမစ်တိုင်းတာခြင်းရလဒ်များကို အခြေခံ၍ ရှာဖွေရေး တွင်းအမှတ် သလင်း(၁)ကို တူးဖော်ရေးသင်္ဘော Deepwater Millennium (Drill Ship) ဖြင့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် စတင်တူးဖော်ခဲ့ရာအနက် ၃ဝ၃၄ မီတာအထိ တူးဖော်နိုင်ခဲ့ပြီးအနက် ၂၈ဝ၇ ဒသမ ၅ မီတာတွင် တွင်းတူးဖော်စဉ် တိုင်းတာမှုများပြု လုပ်ခဲ့ရာရည်မှန်း သဲကြောဖြစ်သော G 6 . 9 ၌ သဘာဝဓာတ်ငွေ့ခို အောင်းနေကြောင်း တိုင်းတာတွေ့ ရှိခဲ့သည်။သို့ဖြစ်၍ Wireline Logging တိုင်းတာမှု ဆက်လက် ဆောင်ရွက်ခဲ့ရာအနက် ၂၈ဝ၅ မှ ၂၈၆၅ မီ တာအကြား ၆ဝမီတာအထူရှိ သဲကြောတွင်၂၅မီတာအထူရှိ အဓိက သဲကြောတစ်ခုနှင့် ကျန် ၃၅ မီတာ အတွင်းရှိ အခြားသဲကြောများတွင် သဘာဝဓာတ်ငွေ့ ဖြစ်တည်နေကြောင်း အတည်ပြုနိုင်ခဲ့သည်။

တွင်းအမှတ်သလင်း (၁) သည် မြန်မာနိုင်ငံကမ်းခြေမှ ၇ဝ မိုင်ခန့်အကွာ ကမ်းလွန်ပင်လယ် ပြင်၏ ရေအနက် ၈၃၅ မီတာနေ ရာ၌ တည်ရှိပြီး တွင်းတူးဖော်ရာ တွင် ပင်လယ် ကြမ်းပြင်အောက် အနက် ၂၈ဝ၅ မီတာခန့် ဘူမိသက်တမ်း (Pliocene) သက်တမ်းရှိ သဲကျောက်လွှာများအထိ တူးဖော်ခဲ့ခြင်းဖြစ်သည်။အဆိုပါလုပ်ကွက်တွင် သဘာဝ ဓာတ်ငွေ့ဖြစ်တည် ခိုအောင်းနေကြောင်း တိုင်းတာရရှိပြီးနောက် ရှေ့လုပ်ငန်းစဉ်များအဖြစ် ရှာဖွေ တူးဖော် တိုင်းတာရေးလုပ်ငန်းများ ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရရှိလာသော အချက်အလက်များအပေါ် မူတည်ကာ စီးပွားဖြစ်ထုတ်လုပ်နိုင်မှု အခြေအနေကို ဖော်ထုတ်အတည်ပြုခဲ့ရာ ယခုအခါ စီးပွားဖြစ်ထုတ်လုပ်နိုင်ကြောင်း Woodside က အတည် ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ AD-7 လုပ်ကွက် အောင်မြင်ပါက မြန်မာနိုင်ငံအတွက် စီးပွားဖြစ်တူးဖော်ထုတ်လုပ်နိုင်သော ပထမဦးဆုံးကမ်းလွန်ရေ နက်လုပ်ကွက် ဖြစ်လာမည်ဖြစ်ပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် လုပ် ကိုင်ရမည့်အဆင့် များစွာရှိသောကြောင့် လာမည့်၂ဝ၂၅ ခုနှစ်ဝန်းကျင်မှသာ ထုတ်လုပ်မှု စတင်နိုင်မည်ဟု ရေနံနှင့်သဘာဝဓာတ် ငွေ့ တူးဖော်ထုတ်လုပ်မှုဆိုင်ရာပညာရှင်များက ခန့်မှန်းထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*