ကျူးကျော်များကို တွံတေးမြို့ နယ်အတွင်း နေရာချထားပေးဖို့ လျာထား

ကျူးကျော်များကို တွံတေးမြို့ နယ်အတွင်း နေရာချထားပေးဖို့ လျာထား
October 10, 2017 Fame Asian

2:11 pm
ကျူးကျော်များကို တွံတေးမြို့ နယ်အတွင်း နေရာချထားပေးဖို့ လျာထား
ကျူးများကို သက်ဆိုင်ရာက ရှင်းလင်းနေစဉ်။

ကျူးများကို သက်ဆိုင်ရာက ရှင်းလင်းနေစဉ်။

ရန်ကုန် ၊ အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းအတွင်းမှ စမတ်ကတ်ထုတ်ပေးပြီး ကျူးကျော်များကို နေရာချထားပေးဖို့ တွံတေးမြို့ နယ်ကို လျာထားတယ်လို့ တွံတေးမြို့ နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

တွံတေးမြို့ နယ်နဲ့ လှိုင်သာယာမြို့ နယ်ကြားမှ ပန်းလှိုင်တံတားအနီးရှိ လယ်မြေနေရာများမှာ လျာထားတာဖြစ်တယ်လို့ သူကပြောပါတယ်။

” စီမံကိန်း အကောင်အထည်ဖော်ဖြစ်မဖြစ်တော့ ကျွန်တော်တို့ သေချာမသိဘူး။ ဒါပေမယ့် အုပ်ချုပ်ရေးဘက်ကနေ အဲဒီနေရာက လယ်သမားတွေကို အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် ခေါ်ပြီး ညှိနှိုင်းမှုတွေတော့ လုပ်တယ်။ဒီဧကတွေကိုလျာထားတယ်ပေါ့ ။၂၀ရာခိုင်နှုန်းပြန်ရမယ်ဆိုပြီး တော့။ လယ်သမားတွေကတော့ လန့် နေတယ် ဘယ်နေရာကိုပြန်ရမှာလဲ။ ဘယ်မှာ လုပ်ကိုင်စားသောက်ရမှာလဲဆိုပြီး အသိပေးတိုင်စာတွေ ကျွန်တော်တို့ ဆီရောက်လာပါတယ် ” လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာကျော်ဇင်ဦးကပြောပါတယ်။

စီမံကိန်းအကောင်အထည်ဖော်မယ်ဆိုပါက မြေသိမ်းခွင့်ဥပဒေအရ မြေသိမ်းမိန့် ထုတ်ပြန်ရမှာဖြစ်ပြီး အခုထိ တိုင်းဒေသကြီးလွှတ်တော်ကိုအသိပေးအကြောင်းကြားလာခြင်းမရှိဘူးလို့ သူကဆိုပါတယ်။ ” လွှတ်တော်ကို အခုထိ စီမံကိန်းနဲ့ ပတ်သတ်ပြီး အကြောင်းကြားလာခြင်းမရှိသေးဘူး ကျွန်တော်တို့ မြို့ နယ်ကိုယ်စားလှယ်တွေကိုလည်းမပြောသေးဘူး အုပ်ချုပ်ရေးဘက်ကပဲ လုပ်နေတာ ။ လွှတ်တော်ကိုတော့ အကြောင်းမကြားဘဲဆောင်ရွက်လို့ မရပါဘူး” လို့ ဒေါက်တာကျော်ဇင်ဦးကဆက်ပြောပါတယ်။အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနကို ဆက်သွယ်မေးမြန်းရာမှာ ၀န်ကြီးချုပ်ဆီက ညွှန်ကြားချက်မလာသေးတဲ့အတွက် မသိသေးဘူးလို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် ၃၇ ခုရှိ ကျုးကျော်နေထိုင်သူများကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှစပြီး စာရင်းကောက်ယူခဲ့ရာမှာ ကနဦးစီမံချက်အရ အိမ်ထောင်စုတစ်သိန်းခြောက်သောင်းကျော်ကို စမတ်ကတ်ထုတ်ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျူးကျော်နေထိုင်သူ လေးသိန်းခန့် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ထုတ်ပြန်ပြောဆိုထားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*