စည်ပင်ဥပဒေသစ်ပြဌာန်းပြီးတဲ့အထိစောင့်မနေဘဲ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကိုအရင်လုပ်လိုက်ဖို့ တိုင်းအစိုးရအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်များတင်ပြထား

စည်ပင်ဥပဒေသစ်ပြဌာန်းပြီးတဲ့အထိစောင့်မနေဘဲ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကိုအရင်လုပ်လိုက်ဖို့ တိုင်းအစိုးရအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်များတင်ပြထား
March 20, 2018 Fame Asian

4:55 pm
စည်ပင်ဥပဒေသစ်ပြဌာန်းပြီးတဲ့အထိစောင့်မနေဘဲ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကိုအရင်လုပ်လိုက်ဖို့ တိုင်းအစိုးရအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်များတင်ပြထား

29387199_1730437197000238_2076072098647769088_n

ရန်ကုန် ၊ မတ် ၂၀

စည်ပင်ဥပဒေသစ်ပြဌာန်းပြီးတဲ့အထိစောင့်မနေဘဲ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို အရင်လုပ်လိုက်ဖို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များက တိုင်းအစိုးရအဖွဲ့ ကိုတင်ပြထားတယ်လို့ မင်္ဂလာတောင်ညွှန့် မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးကပေါ် ပြူလာနယူးစ်ကိုပြောပါတယ်။

ပြင်ဆင်ရေးဆွဲပြီး လွှတ်တော်ကိုတင်သွင်းထားတဲ့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီိဥပဒေကြမ်းကို အချိန်ယူဆောင်ရွက်လိုတာကြောင့် ဥပဒေသစ်ပြဌာန်းအပြီးကိုစောင့်မနေဘဲ စည်ပင်ရွေးကောက်ပွဲကို အရင်လုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို အစည်းအဝေးတစ်ခုမှ လွှတ်တော်ကိုယ်စားလှယ်များက တင်ပြထားတယ်လို့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီိဥပဒေကြမ်းရေးဆွဲရေးကော်မတီအဖွဲ့ ဝင်ဖြစ်တဲ့ သူကဆိုပါတယ်။

”စည်ပင်ရွေးကောက်ပွဲလုပ်ဖို့ ဒီဥပဒေကြမ်းကို မြန်မြန်အတည်ပြုဖို့ တွေလုပ်နေရင် တက်သုတ်ရိုက်နဲ့ သေချာမလုပ်ရဘူးဖြစ်မှာစိုးလို့ လွှတ်တော်ရွေးကောက်ပွဲကို အရင်လုပ်ဖို့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက ၀န်ကြီးချုပ်ကို တင်ပြထားပါတယ်။ အရင်ဥပဒေအဟောင်းနဲ့ ပဲလုပ်ရမှာပေါ့ လုပ်ရင်တော့” လို့ ဦးလှဌေးကပြောပါတယ်။ ” ၀န်ကြီးချုပ်ကလည်း လစ်လပ်နေတဲ့ကော်မတီဝင်တွေကို မြန်မြန်ခန့် အပ်နိုင်ဖို့ ဆန္ဒရှိနေတယ်။ အခုက ကော်မတီိဝင်မစုံတဲ့အတွက် လုပ်ရတဲ့တစ်ချို့ ကိုကိစ္စတွေမှာ အခက်အခဲရှိနေတယ်” လို့ သူကဆက်ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းရပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကော်မတီဝင် ၄ ဦးကို ခန့်အပ်ရပါတယ်။ အဲဒီ ၄ ဦးထဲက အတွင်းရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူးကို သတ်မှတ်ပေးရပြီး တွဲဘက်အတွင်းရေးမှူးက ဌာနကြီးမှူးတာဝန်ကို ထမ်းဆောင်ရပါတယ်။ ရန်ကုန်မြို့တော်ဝန်ကို သမ္မတက ခန့်အပ်ရတာဖြစ်ပြီး ကျန်ကော်မတီဝင် ၄ ဦးကိုတော့ ပြည်သူတွေက ရွေးကောက် တင်မြှောက်ပေးရတာပါ။ အဲဒီပြည်သူက တင်မြှောက်ရတဲ့ကော်မတီဝင် ၄ ဦးဟာ အစိုးရသစ်တက်လာပြီးကတည်းက ရွေးကောက်ပွဲလုပ်ပြီး မတင်မြှောက်ရသေးတဲ့အတွက် အခုထိလစ်လပ်နေတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကတော့ လက်ရှိရေးဆွဲနေတဲ့ ဥပဒေကြမ်းပြီးတာနဲ့ စည်ပင်ရွေးကောက်ပွဲကို ပြုလုပ်ပေးသွားမယ်လို့ သတင်းမီဒီယာတွေကိုပြောကြားထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေကြမ်းကော်မတီကတော့ ဥပဒေသစ်ပြဌာန်းပြီိးရင် မပြုလုပ်ရသေးတဲ့ ရန်ကုန်မြို့ တော်စည်ပင်သာယာရွေးကောက်ပွဲကိုလည်း သုံးလအကြာမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။

ဖြိုးထက်အောင်
ဓာတ်ပုံ – အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*