A.M.D.P ပါတီ မှ ထိပ်ပိုင်းခေါင်းဆောင်များ အပါအ၀င် ပါတီဝင်(၇) ဦးနုတ်ထွက်စာတင်

A.M.D.P ပါတီ မှ ထိပ်ပိုင်းခေါင်းဆောင်များ အပါအ၀င် ပါတီဝင်(၇) ဦးနုတ်ထွက်စာတင်
October 27, 2017 Asian Fame

4:47 pm
A.M.D.P ပါတီ မှ ထိပ်ပိုင်းခေါင်းဆောင်များ အပါအ၀င် ပါတီဝင်(၇) ဦးနုတ်ထွက်စာတင်

AMDP(မော်လမြိုင်၊ အောက်တိုဘာ ၂၇)

မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ(A.M.D.P) ၏ ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ အပါအ၀င် ပါတီဝင်(၇) ဦး နုတ်ထွက်စာ တင်လိုက်ပြီဖြစ်ကြောင်း မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီဗဟိုမှ သတင်းရရှိသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၏ မော်လမြိုင်မြို့နယ် ဥက္ကဌ နိုင်အောင်ချမ်းနှင့် ပါတီ ဗဟိုကော်မတီဝင်နှင့် မြို့နယ်အတွင်းရေးမှူး နိုင်အောင်သန်း (ခ)စောနွန် အပါအ၀င် ပါတီဝင်(၇) ဦးသည် အောက်တိုဘာလ (၂၅) ရက်နေ့က ပါတီဗဟိုကို နုတ်ထွက်စာတင်ခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(A.M.D.P) (ဗဟို) တွဲဘက်အတွင်းရေးမှူး(၁) နိုင်စံတင်က ပြောသည်။

“သူတို့က ပါတီမှာ မလုပ်နိုင်တော့လို့ နုတ်ထွက်တာပါ။ နုတ်ထွက်တာတော့ ဟုတ်ပါတယ်။ ၇ ယောက်ပါပဲ။ကျွန်တော်တို့ CEC အစည်းအဝေးမထိုင်ရသေးဘူးလေ။ CECခေါ်ပြီးမှ တရားဝင်ဖြေပေးလို့ရမယ်” ဟု ၄င်းက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်အမျိုးသမီးပါတီ စသဖြင့် မွန်ပါတီအမျိုးမျိုးရှိနေသည့်အတွက် မွန်တစ်ပါတီတည်း ပေါင်းစည်းရေးအတွက် မွန်ပြည်သူလူထုက လိုလားလျက်ရှိသည်။

လက်ရှိတွင် A.M.D.P ပါတီဗဟိုမှ အစည်းအဝေးတွင် ဆုံးဖြတ်ချက်မကျသေးသည့်အတွက် ယင်းသို့နုတ်ထွက်သည့်အပေါ် တစ်စုံတစ်ရာ မှတ်ချက်မပြုလိုသေးကြောင်း နိုင်စံတင်က ဆက်လက်ပြောကြားသည်။

ချောင်းဆုံမြို့နယ်မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ အတွင်းရေးမှူးဟောင်း ဒေါက်တာအောင်နိုင်ဦးက “နုတ်ထွက်စာတင်ထားတာတော့ ဦးအောင်ချမ်းတို့၊ အတွင်းရေးမှူး စောနွန်တို့ပါ။ ကျွန်တော်ကလည်း မွန်ပါတီတွေပေါင်းစည်းရေးကို ရည်ရွယ်ပြီးတော့ ထွက်လာတာပါ။ သူတို့ကျတော့ ဘယ်လိုခံယူချက်နဲ့ထွက်တွေနဲ့ ထွက်လဲဆိုတာတော့ ပြောမတတ်ဘူး” ဟု ပြောကြားသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂၀၁၀ ခုနှစ်က တရားဝင်ပါတီအဖြစ်မှတ်ပုံတင်ထားပြီး မွန်၊ကရင်၊တနသာင်္ရီတို့တွင် ပါတီဝင်အင်အား နှစ်သောင်းဝန်းကျင်ရှိကြောင်းသိရသည်။

မွန်ပါတီများပေါင်းစည်းရေးအတွက် အကောင်အထည်မဖော်နိုင်ပါက ချောင်းဆုံမြို့နယ် အလုပ်အမှုဆောင်နှင့်ပါတီဝင်အားလုံးနုတ်ထွက်မည်ဟု ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊နိုဝင်ဘာလက ပါတီဝင်များမှ ကြေညာခဲ့ပြီးနောက် ချောင်းဆုံမြို့နယ်အတွင်းရေးမှူးဒေါက်တာအောင်နိုင်ဦးက ၂၀၁၇ ခုနှစ်၊ဇွန်လ (၃၀)ရက်နေ့တွင် နုတ်ထွက်စာတင်ခဲ့ပြီး ပါတီဗဟို အစည်းအဝေးဆုံးဖြတ်ချက်အရ ဇူလိုင်လ (၁၅) ရက်နေ့တွင် နုတ်ထွက်ခွင့်ပြုခဲ့သည်။

သတင်းနှင့် ဓာတ်ပုံ – Arkar Min

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*