ပြည်တွင်း/ပြည်ပ အလုပ်အကိုင်ရှာဖွေပေးနိုင်မှု တစ်ဖြည်းဖြည်းလျော့နည်းလာနေ

ပြည်တွင်း/ပြည်ပ အလုပ်အကိုင်ရှာဖွေပေးနိုင်မှု တစ်ဖြည်းဖြည်းလျော့နည်းလာနေ
January 17, 2018 Fame Asian

1:20 pm
ပြည်တွင်း/ပြည်ပ အလုပ်အကိုင်ရှာဖွေပေးနိုင်မှု တစ်ဖြည်းဖြည်းလျော့နည်းလာနေ

img3

ရန်ကုန် ၊ ဇန်န၀ါရီ ၁၇

အစိုးရမှ မြန်မာလုပ်သားတွေကို ပြည်ပသို့ အလုပ်အကိုင်ရှာဖွေစေလွှတ်ပေးနိုင်မှု ၊ ပြည်တွင်းမှာအလုပ်အကိုင်ရှာဖွေခန့်အပ်ထားနိုင်မှု အခြေအနေတွေဟာ လအလိုက်လျော့ကျလာနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက မြန်မာလုပ်သား ၁၅၅၅၇ ဦး ကို နိုင်ငံခြားတိုင်းပြည် ၇ မှာ အစိုးရက အလုပ်ရှာဖွေပေးနိုင်ခဲ့ပြီး၊ ပြည်တွင်းမှာ လုပ်သား ၃၁၈၁၃ ဦးတို့ကို အလုပ်အကိုင်ဖန်တီးခန့်အပ်ပေးနိုင်ခဲ့တယ်လို့ အလုပ်သမားနဲ့ လ၀က ၀န်ကြီးဌာနရဲ့စာရင်းတွေအရသိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာတော့ ပြည်ပနိုင်ငံတွေကို မြန်မာလုပ်သားသွားရောက်လုပ်ကိုင်မှု ၁၂ ၇၅၁ ဦးရှိခဲ့ပြီး ပြည်တွင်းမှာ ၂၀၅၅၈ ဦးကို အလုပ်အကိုင်ရှာဖွေပေးနိုင်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းမှာတော့ မြန်မာလုပ်သား ၁၂၁၁၆ ဦးတို့ နိုင်ငံခြားမှာအလုပ်ရပြီး ပြည်တွင်းမှာ ၁၆၄၁၃ ဦးတို့ အလုပ်အကိုင်ရှာဖွေပေးနိုင်ခဲ့တယ်လို့ အလုပ်သမားနဲ့လ၀က၀န်ကြီး ဌာန ကပြောပါတယ်။

အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ ၃ လတာရဲ့ နှုန်းထားတွေကိုကြည့်ရင် နိုဝင်ဘာလအတွင်းပြည်တွင်းအလုပ်အကိုင်ဖန်တီးပေးနိုင်မှုဟာ အောက်တိုဘာလအတွင်း ပြည်တွင်းအလုပ်အကိုင်ဖန်တီးပေးနိုင်မှု ထက် ၃၀ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး ဒီဇင်ဘာလအတွင်းပြည်တွင်းအလုပ်အကိုင်ဖန်တီးပေးနိုင်မှုဟာ အောက်တိုဘာလအတွင်း ပြည်တွင်းအလုပ်အကိုင်ဖန်တီးပေးနိုင်မှုထက် ၂၅ ရာခိုင်နှုန်းလျော့နည်းလာနေတာတွေ့ရပါတယ်။

အစိုးရမှ အများဆုံးအလုပ်အကိုင်ရှာပေးနိုင်ခဲ့တဲ့ နေရာက ရန်ကုန်တိုင်းဖြစ်ပြီး အနည်းဆုံးအလုပ်အကိုင်ရှာပေးနိုင်ခဲ့တာ ချင်းပြည်နယ်ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဟာ ၃ လတာ စလုံးရဲ့ စာရင်းဇယားမှာ ထိပ်ဆုံးကရပ်တည်နေပြီး ဖွံ့ဖြိုးတိုးတက်မှု အနှေးကွေးဆုံးဆိုတဲ့ ချင်းပြည်နယ်ကတော့ စာရင်းဇယားရဲ့အောက်ဆုံးမှာပဲ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။

ချင်းပြည်နယ်အတွင်း အောက်တိုဘာလမှာ အလုပ်အကိုင် ၁၂ နေရာ ၊ နိုဝင်ဘာလ မှာ ၁၈ နေရာ တို့ ရှာဖွေခန့်အပ်နိုင်ခဲ့ပေမယ့် ဒီဇင်ဘာလမှာတော့ ၃ ဦးအထိသာ ခန့်အပ်နိင်ခဲ့တယ်လို့ အလုပ်သမားနဲ့လ၀က၀န်ကြီးဌာနရဲ့ စာရင်းတွေမှာဖော်ပြထားပါတယ်။

ပြည်ပအလုပ်အကိုင်ထက် ပြည်တွင်းအလုပ်အကိုင်ကဏ္ဍကိုပိုမိုဦးစားပေး ရှာဖွေပေးသွားမယ့်အကြောင်းကိုလည်း အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာနတာဝန်ရှိသူတွေကဆိုထားပါတယ်။

ပြည်ပအလုပ်အကိုင်ကဏ္ဍကိုကြည့်ရင်တော့ နိုဝင်ဘာလမှာ ပမာဏ ၂၅၀၀ ကျော် လျော့နည်းခဲ့ပြီး ဒီဇင်ဘာလမှာ ပမာဏ ၅၀၀ ကျော်လျော့နည်းခဲ့တာကိုတွေ့ရပါတယ်။

ပြည်ပနိုင်ငံအနေနဲ့တော့ ထိုင်းနိုင်ငံဟာ ဘယ်လောက်ပင်ပြဿနာများစေကာမူ ရွှေ့ပြောင်းလုပ်သားတွေ သွားရောက်အလုပ်လုပ်ကိုင်မှုအများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်တဲ့ အဆိုပါ နှုန်းထားတွေဟာ တရားဝင် နည်းလမ်းနဲ့သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေလည်းဖြစ်ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*