မင်းတပ်ခရိုင် စီမံကိန်းဦးစီးမှူးမောင်းလာတဲ့ကား ချောက်ထဲကျပြီး ဦးစီးမှူးသေဆုံး

မင်းတပ်ခရိုင် စီမံကိန်းဦးစီးမှူးမောင်းလာတဲ့ကား ချောက်ထဲကျပြီး ဦးစီးမှူးသေဆုံး
January 17, 2018 Fame Asian

12:06 pm
မင်းတပ်ခရိုင် စီမံကိန်းဦးစီးမှူးမောင်းလာတဲ့ကား ချောက်ထဲကျပြီး ဦးစီးမှူးသေဆုံး

26730715_1687314251330850_8497746663296981027_nမင်းတပ် ၊ ဇန်န၀ါရီ ၁၇

မင်းတပ်ခရိုင်စီမံကိန်းဦးစီးမှူး ဦးထန်တလုံး မောင်းနှင်လာတဲ့ကားဟာ မင်းတပ်မြို့နယ်အတွင်း တိမ်းမှောက်ပြီး ဦးစီးမှူး ကွယ်လွန်သွားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကပြောပါတယ်။

ဇန်န၀ါရီလ ၁၆ ရက်နေ့ မနက် ၉ နာရီခွဲအချိန် မင်းတပ်မြို့ ကျောက်ထု – မင်းတပ် ကားလမ်း မိုင်တိုင် (၉၁/ ၂) အရောက်မှာ မင်းတပ်ခရိုင်စီမံကန်းဦးစီးမှူး ဦးထန်တလုံး ( ၄၉ နှစ်) မောင်းနှင်လာတဲ့ 1C/××××Toyota Corollaယာဉ်ဟာ လမ်းဝဲဘက်ခြမ်းရှိ ကျောက်တိုင်ကို ၀င်တိုက်မိပြီး ပေ ၈၀၀ ခန့်အနက်ရှိတဲ့ ချောက်ထဲကို ထိုးကျတိမ်းမှောက်ခဲ့တာပါ။

ဖြစ်စဉ်ကြောင့် ဦးစီးမှူး ဦးထန်တလုံး ဟာ ယာမျက်ခုံး/ နှုတ်ခမ်း ပေါက်ပြဲ၊ ကျောကုန်းပွန်းပဲ့၊ ဝဲဒူးဆစ်ကျိုးဒဏ်ရာတွေရရှိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သတ်ပြီး မင်းတပ်မြို့မရဲစခန်း မှာ ယာဉ်(ပ)၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က(ပေါ့ လျော့မှုကြောင့် လူသေမှု)နဲ့ အမှုဖွင့် ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောထားပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*