မြို့ သစ်စီမံကိန်းဧရိယာထဲပါတဲ့ တွံတေးမြို့ နယ်ရှိ လယ်ဧက ၂၆၂ ဧက နေရာမှာ တိုက်ခန်းတွဲ ၂ တွဲ စမ်းသပ်ဆောက်လုပ်သွားမယ်

မြို့ သစ်စီမံကိန်းဧရိယာထဲပါတဲ့ တွံတေးမြို့ နယ်ရှိ လယ်ဧက ၂၆၂ ဧက နေရာမှာ တိုက်ခန်းတွဲ ၂ တွဲ စမ်းသပ်ဆောက်လုပ်သွားမယ်
December 20, 2017 Fame Asian

3:47 pm
မြို့ သစ်စီမံကိန်းဧရိယာထဲပါတဲ့ တွံတေးမြို့ နယ်ရှိ လယ်ဧက ၂၆၂ ဧက နေရာမှာ တိုက်ခန်းတွဲ ၂ တွဲ စမ်းသပ်ဆောက်လုပ်သွားမယ်
လှည်းကူးမြို့နယ်တွင် ကျူးကျော်တဲများကို ဖယ်ရှားခဲ့စဉ်က

လှည်းကူးမြို့နယ်တွင် ကျူးကျော်တဲများကို ဖယ်ရှားခဲ့စဉ်က

ရန်ကုန် ၊ ဒီဇင်ဘာ ၂၀

မြို့ သစ်စီမံကိန်းအကောင်အထည်ဖော်သွားမယ့် ဧရိယာထဲပါဝင်တဲ့ တွံတေးမြို့ နယ်ရှိ လယ်ဧက ၂၆၂ ဧက နေရာမှာ တိုက်ခန်းတွဲ ၂ တွဲ စမ်းသပ်ဆောက်လုပ်သွားမယ်လို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြည်သူများနဲ့ တွေ့ ဆုံစဉ်ပြောကြာခဲ့တယ်လို့ တွံတေးမြို့ နယ်လွှတ် တော်ကိုယ်စားလှယ်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။ လယ်ဧက (၂၆၂) ဧက ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးကို လာရောက်လျောက်ထားတဲ့အငြိမ်းစား တစ်သောင်းခွဲခန့် အတွက်နဲ့ ကျူးကျော်များအတွက် အိမ်ရာစီမံကိန်းများ ဖော်ဆောင် ဆောက်လုပ်သွားမှာဖြစ်တယ်လို့ တွံတေးမြို့ နယ်မှလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာကျော်ဇင်ဦးကပြောပါတယ်။ ဘယ်လပိုင်းမှာ စတင်ဆောက်လုပ်သွားမယ်လို့ တော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ တနလာင်္နေ့ က တွံတေးမြို့ နယ်ကိုသွားရောက်ခဲ့တဲ့ တိုင်းဝန်ကြီးချုပ်ဟာ ဒေသခံပြည်သူများနဲ့ တွေ့ ဆုံရာမှာ မြို့ သစ်စီမံကိန်းဇုန်(၄)ခုထဲမှ တွံတေး-လှိုင်သာယာကားလမ်းအနောက်အခြမ်းမြို့ သစ်ဇုန်နဲ့ ပတ်သတ်ပြီး ရှင်းလင်းပြောကြားခဲ့တယ်လို့ သူကဆိုပါတယ်
။ ” အရင်ဆုံးအဲဒီနေရာကို လုံခြုံရေးကင်းစခန်းအဆောက်အအုံမျိုးတွေအရင်ဆောက်မယ်ပေါ့ ။ ပြီးရင် တိုက်ခန်းတွဲ၂တွဲကို အရင်စမ်းသပ်ပြီးဆောက်လုပ်သွားမယ်။ စမ်းသပ်ဆောက်လုပ်သွားမယ်ဆိုတာက ကုမ္ပဏီနဲ့ အပိုင်းကိုပြောတာပါ။ ဆောက်လိုက်လို့ အရည်အသွေ
းပိုင်း မကြိုက်ရင် အဲဒီကုမ္ပဏီနဲ့ ဆက်လက်မတွဲဘူး။ နောက်ကုမဏီနဲ့ လက်တွဲမယ်ပေါ့။ အဲဒီတိုက်ခန်းတွဲ၂ တွဲကိုလည်း အောက်ထပ်က အခန်းတွေမထားဘဲ ကားပါကင်ပဲထားမယ်။တစ်ချို့ က စမ်းသပ်ဆိုလို့ အဆင်မပြေရင် သူတို့ က ဘယ်လို့ လုပ်ရမလဲလို့ အဲဒီတုန်းက
မေးခဲ့တဲ့သူတွေရှိတယ်။ ဒါက ကုမဏီနဲ့ ပဲသက်ဆိုင်တာပါ” လို့ ဒေါက်တာကျော်ဇင်ဦးကပြောပါတယ်။

စီမံကိန်းဆောက်လုပ်မယ့်ဧရိယာထဲပါဝင်တဲ့ လယ်သမားများကို မြေ၂၀ ရာခိုင်နှုန်းလျော်ကြေးပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။ရန်ကုန်မြို့ သစ်စီမံကိန်းဟာ ရန်ကုန်တိုင်းလွှတ်တော်က ဆောင်ရွက်ဆို့ ဆိုင်းငံ့ခိုင်းထားတဲ့စီမံကိန်းဖြစ်ပြီး လွှတ်တော်
ကို အသေးစိတ် လာရောက်ရှင်းလင်း တင်ပြပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။မြို့ သစ်စီမံကိန်းကို ဆောင်ရွက်ရန် ရန်ကုန်တိုင်ဒေသကြီးအစိုးရအဖွဲ့ ပါဝင်တဲ့ အများပိုင်ကုမဏီတစ်ခုဖွဲ့ စည်းထားပြီး တိုင်းအစိုးရက ၅၁ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံမှုပါဝင်ထားတာဖြစ်တယ်လို့ 
သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ စာရင်းကောက်ထားပြီးကျူးကျော်များကို တွံတေးမြို့ နယ်မှာ နေရာချထားပေးမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းကတည်းက သတင်းထွက်ပေါ်လာခဲ့ပေမယ့် အဲဒီကိစ္စနဲ့ ပတ်သက် ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနက ယင်းအချိန်တုန်းက ညွှန်ကြားချက်မလာသေးတဲ့အတွက်မသိသေးဘူးလို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် ၃၇ ခုရှိ ကျုးကျော်နေထိုင်သူများကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှစပြီး စာရင်းကောက်ယူခဲ့ရာမှာ ကနဦးစီမံချက်အရ အိမ်ထောင်စု တစ်သိန်းခြောက်သောင်းကျော်ကို စမတ်ကတ်ထုတ်ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျူးကျော်နေထိုင်သူ လေးသိန်းခန့် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ထုတ်ပြန်ပြောဆိုထားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*