သန်လျင်မြို့နယ်ထဲက အသေးစားချေးငွေကုမ္ပဏီ တစ်ခုကို လူ၎ဦး အနုကြမ်းဝင်စီး

သန်လျင်မြို့နယ်ထဲက အသေးစားချေးငွေကုမ္ပဏီ တစ်ခုကို လူ၎ဦး အနုကြမ်းဝင်စီး
December 20, 2017 Fame Asian

3:32 pm
သန်လျင်မြို့နယ်ထဲက အသေးစားချေးငွေကုမ္ပဏီ တစ်ခုကို လူ၎ဦး အနုကြမ်းဝင်စီး

25498362_1659130660815876_2553415327064510819_n

ရန်ကုန်၊ဒီဇင်ဘာ၂၀

သန်လျင်မြို့နယ် အေးသာယာရပ်ကွက် မြရတနာအိမ်ယာဝင်းအတွင်းဖွင့်လှစ်ထားသည့် ASA Microfiance Myanmar အသေးစားချေးငွေကုမ္ပဏီ ကို လူ ၄ဦးက ၀င်ရောက် အနုကြမ်းစီးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ယမန်နေ့ နေ့လည်ပိုင်းက ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး၊ရဲစစ်ချက်များအရ ကုမ္ပဏီဝန်ထမ်း ၄ဦးတို့၏ ဟန်းဖုန်းများ၊တက်ပလက်၊ကုမ္ပဏီပိုင် ဟန်းဖုန်းနှင့် တစ်နေ့တာ ငွေသွင်းငွေထုတ်ပြုလုပ်သည့် ငွေကျပ် သိန်း၆၀ကျော် တို့ ပါသွားသည်။

တရားလို တို့၏ ထွက်ဆိုချက်များအရ ယင်းနေ့ နေ့လည်ပိုင်းက ကုမ္ပဏီထဲသို့ ဓါးရှည်များ၊ဓါးမြောင်များကိုင်ဆောင်ထားသည့်လူ၎ဦးဝင်ရောက်လာပြီး၊ဓါးဖြင့်ဝှေ့ရမ်းကာ ခြိမ်းခြောက်ကြောင်းနှင့်ဝန်ထမ်းအချို့ကို ဓါးထောက်ပြီး ပြစ်မှု ကျူးလွန်ခဲ့ကြကြောင်း သိရသည်။

ရဲမှတ်တမ်းထဲတွင် အနုကြမ်းစီးသူတို့က မျက်နှာဖုံးများစွပ်ထားသည်ဟု ဖော်ပြထားသည်။

ယင်းအပြင် ၀န်ထမ်းတစ်ဦးကိုလည်း ပါးရိုက်သွားပြီး၊အော်ဟစ်အကူအညီမတောင်းနိုင်ရန် ပါးစပ်များကို တိတ်နှင့်ပိတ်သွားခဲ့ကြောင်း ဖော်ပြထားသည်ကိုတွေ့ရသည်။

လက်ရှိတွင် ရဲက တရားခံ ဖမ်းမိနိုင်ရေးဆောင်ရွက်နေကာ၊တည်ဆဲ ဥပဒေများနှင့်အညီ အမှုဖွင့်ဆောင်ရွက်ထားသည်။

ASA Micro-finance (Myanmar) Limited သည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အသေးစားချေးငွေ လုပ်ငန်းဆောင်ရွက်နေသောလုပ်ငန်းဖြစ်ကြောင်း သိရသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*