12:15 pm
နေပြည်တော် ဒီဇင်ဘာ (၁၃)
သုံးလဆက်တိုက်ကာလတူထက် လျော့နည်းနေသည့် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ယခုဒီဇင်ဘာလဆန်း တွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်းကုန်သွယ်ရေး ဦးစီး ဌာနမှသိရသည်။
ယခင် ဘဏ္ဍာနှစ်အတွင်းက ဒီဇင်ဘာလဆန်းအထိ နယ်စပ် ကုန်သွယ်မှုပမာဏ စုစုပေါင်း ကန်ဒေါ်လာသန်းပေါင်း(၅၁၀၀)ခန့် ကုန်သွယ် နိုင်ခဲ့သော် လည်း ယခုဘဏ္ဍာနှစ်ကာလတူတွင် သန်း (၅၂၀၀) ကျော် ကုန်သွယ်မှုပြုနိုင်ခဲ့သည်။
“လွန်ခဲ့တဲ့ လအနည်းလောက်က ကျဆင်းနေတဲ့နယ်စပ် ကုန်သွယ်ရေးကပြန်ကောင်းလာတဲ့သဘောပါ။ပို့ကုန် တွေ ပိုမိုတင်ပို့နိုင်ခဲ့သလို သွင်းကုန်အပိုင်းမှာလည်း ပိုမို မြင့်တက်လာပါတယ်”ဟု ကုန်သွယ်ရေးဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကဆိုသည်။
ကုန်သွယ်ရေးဦးစီးဌာနမှ လက်ရှိတွင် နယ်စပ် ကုန်သွယ်ရေး စခန်း (၁၆)ခု ဖွင့်လှစ်ဆောင်ရွက်နေပြီး မူဆယ် မြဝတီ နှင့်ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှု အများဆုံးဆောင်ရွက် နေသည်။
ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခ များကြောင့် ခေတ္တပိတ်ထားခဲ့သည့် မောင်တော ကုန်သွယ်ရေး စခန်းကိုလည်းပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်နေပြီး ဘင်္ဂလားဒေရှ့်နိုင်ငံသို့ဆန်တင်ပို့လျှက် ရှိနေသည်။
စိုက်ပျိုးသီးနှံ များပ်ါချိန်ရောက်လာပြီး တရုတ်နိုင်ငံ သို့အလုံးအရင်းတင်ပို့နေရသဖြင့် နယ်စပ် ကုန်သွယ်မှုမှာ ဆက်လက် မြင့်တက်လာမည်ဟု ကုန်သည်များက ခန့်မှန်းထားကြသည်။
အောင်ပြည့်စုံ