ဆိုင်ခန်းပေါင်း ( ၁၀၀)ကျော်ပါဝင်ပြသမည့် ဗီယက်နမ် ကုန်စည်ပြပွဲကျင်းပမည်

ဆိုင်ခန်းပေါင်း ( ၁၀၀)ကျော်ပါဝင်ပြသမည့် ဗီယက်နမ် ကုန်စည်ပြပွဲကျင်းပမည်
December 13, 2017 Fame Asian

3:09 pm
ဆိုင်ခန်းပေါင်း ( ၁၀၀)ကျော်ပါဝင်ပြသမည့် ဗီယက်နမ် ကုန်စည်ပြပွဲကျင်းပမည်

shop

ရန်ကုန် ဒီဇင်ဘာ ၁၃

ဆိုင်ခန်းပေါင်း ( ၁၁၀ )ခန့်ပါဝင်ပြသမည့် ဗီယက်နမ်ကုန်စည်ပြပွဲကို မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ပူးပေါင်းကာ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ဒီဇင်ဘာလ( ၁၄ ) ရက်မှ ( ၁၇ ) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါကုန်စည်ပြပွဲတွင်ကဏ္ဍ ၅ ခုပါဝင်မည်ဖြစ်ကာ ၄င်းတို့မှာစားသောက်ကုန်နှင့်အဖျော်ယမကာဆေးဝါး နှင့်အလှကုန်ပစ္စည်းများဆောက်လုပ်ရေးပစ္စည်းနှင့်စက်ပစ္စည်းကိရိယာ လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းများ ကေဘယ်ကြိုး-ဝါယာကြိုးနှင့်ရေသွယ်-ဓာတ်ကြိုးသွယ်ရာ၌သုံးသည့်ပိုက်အစရှိသည်တို့ကိုပြသသွားမည်ဟုသိရသည်။

“ဒီလိုပြပွဲမျိုးကျင်းပလာခဲ့တာအခုဆိုရင် ( ၉ ) ကြိမ်တိတိရှိပြီပေါ့နော် ပြပွဲကိုတော့အပိုင်း ၅ ပိုင်းခွဲပြီးတော့ပြသသွားမယ်ဒီလိုပြပွဲမျိုးတွေကနှစ်ဦးနှစ်ဖက်အကျိုးရှိစေတဲ့အတွက်ပြည်တွင်းကလုပ်ငန်းရှင်တွေကိုလည်းတက်ရောက်စေချင်တယ်”ဟုကုန်သွယ်ရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံတို့ပူးပေါင်းကာကုန်စည်ပြပွဲများကို ( ၂၀၀၉ ) ခုနှစ်မှစတင် ကျင်းပခဲ့သည်။ ဗီယက်နမ်နိုင်ငံ မှထုတ်ကုန်များကို ပြည်တွင်းလုပ်ငန်းရှင်များလေ့လာ နိုင်မည်ဖြစ်ပြီး ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား စက်မှု လုပ်ငန်းရှင်များအတွက် နည်းပညာနှင့် အတွေ့အကြုံများ ရှိနိုင်သည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များ လာရောက်လေ့လာသင့် ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ဖိတ်ခေါ်ထားသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*