ယနေ့ခေတ်ကျောင်းသားများရဲရင့်မှုသတ္တိရှိမှုပြတ်သားမှုများနည်းပါးလာခြင်းမှာအတုယူစရာဆရာရှားပါးသောကြောင့်ဟုဆို

ယနေ့ခေတ်ကျောင်းသားများရဲရင့်မှုသတ္တိရှိမှုပြတ်သားမှုများနည်းပါးလာခြင်းမှာအတုယူစရာဆရာရှားပါးသောကြောင့်ဟုဆို
August 15, 2018 AsianFame MediaGroup

12:12 pm
ယနေ့ခေတ်ကျောင်းသားများရဲရင့်မှုသတ္တိရှိမှုပြတ်သားမှုများနည်းပါးလာခြင်းမှာအတုယူစရာဆရာရှားပါးသောကြောင့်ဟုဆို

39121313_1924223757621580_3664410365451567104_n

နေပြည်တော် သြဂုတ် ၁၅

ယနေ့ခေတ်ကျောင်းသားများမှာရဲရင့်မှု သတ္တိရှိမှု ပြတ်သားမှုများနည်းပါးလာပြီး အတုယူစရာဆရာရှားပါးလာသောကြောင့်ဟုတောင်တွင်းကြီးမဲဆန္ဒနယ်မှဦးမင်းသိန်းက ယမန်နေ့ကကျင်းပသောပြည်သူ့လွှတ်တော်တွင်ပြောကြားခဲ့သည်။

၎င်းက”ဒီကနေ့ကျောင်းသားတွေဟာပျော့ညံ့လာနေတာတွေ့ရပါတယ်။ရဲရင့်မှု သတ္တိရှိမှု ပြတ်သားမှုနည်းပါးလာပါတယ်။ဒါစာသင်ခန်းထဲကစတာလို့ကျွန်တော်ယူဆပါတယ်။ကျောင်းသားတွေမှာအတုယူစရာ ဆရာ ရှားပါးလာလို့ပါ။ ကျောင်းသူဆိုတာဆရာမတွေကိုအတုယူပါတယ်။ကျောင်းသားဆိုတာဆရာတွေကိုအတုယူပါတယ်။ပညာရေးစိတ်ပညာအရပါ”ဟုဆိုသည်။

အခြေခံပညာရေးကဏ္ဍတွင်အမျိုးသားဆရာဦးရေသိသာစွာကျဆင်းနေသည့်အတွက်အမျိုးသားဆရာဦးရေတိုးချဲ့ခန့်ထားရန်သင့်လျော်သောအစီအစဉ်များဆောင်ရွက်ထားခြင်းရှိ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်းကိုမေးမြန်းရာ၌ထည့်သွင်းပြောကြားခဲ့ခြင်း
ဖြစ်သည်။

ပညာရေးကဏ္ဍတွင်ကျောင်းဆရာဦးရေသိသာစွာလျော့နည်းကျဆင်းနေခြင်းကိုသိရှိပါသလားဟူ၍ လည်းပညာရေးဝန်ကြီးဌာနကို၎င်းကမေးခွန်းထုတ်ခဲ့သည်။

တပည့်မရှားတပြားမရှိ ပီတိကိုစားအားရှိဟူသည့်ကဗျာမှာဆရာများ၏ဘဝကိုထင်ဟပ်ခြင်းဖြစ်သော်လည်းကျောင်းဆရာလုပ်ချင်သူရှားပါးသွားအောင်ပြုနေပြီလားဟုခံစားရကြောင်း၎င်းကဆိုသည်။

အနာဂတ်တွင်ယောကျာ်းပီသသော ပြတ်သားတိကျသော မတွေဝေသော စိတ်ထားခိုင်မာဖြူ စင်သောယောကျာ်းကောင်းများကိုမွေးထုတ်ပေးနိုင်သောဆရာကောင်းများရှိရန်အတွက်ပညာရေးဌာနတွင်အမျိုးသားကျောင်းဆရာဦးရေတိုးချဲ့ခန့်ထားပေးနိုင်ရန်ပညာရေးဝန်ကြီးဌာနအနေဖြင့်မည်သို့စီစဉ်ထားသည်ကိုသိရှိလိုသောကြောင့်မေးမြန်းရခြင်းဖြစ်ကြောင်းတင်ပြခဲ့သည်။

ဦးမင်းသိန်း၏မေးခွန်းကိုပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးဝင်းမော်ထွန်းက”ပညာရေးကောလိပ်များသို့တက်ရောက်ခွင့်ပြုရေးအတွက်ရွေးချယ်ဆောင်ရွက်ရာမှာကျား/မခွဲခြား၍ရွေးချယ်ခြင်းမျိုးမရှိပါကြောင်းနှင့်တိုင်းဒေသကြီးပြည်နယ်များရှိမြို့နယ်များအလိုက်ကျောင်းသားအရေအတွက်အရလည်းကောင်းမူလတန်းပြဆရာလိုအပ်ချက်အရလည်းကောင်းပညာရေးတက္ကသိုလ်များ၏ဝင်ဆန့်အင်အားအရလည်းကောင်းပညာရေးကောလိပ်များသို့တက်ရောက်ရန်လျှောက်ထားသည့်ဘာသာတွဲသိပ္ပံဝိဇ္ဇာအလိုက်လျှောက်ထားသူဦးရေအရသော်လည်းကောင်းရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း”တင်ပြခဲ့သည်။

စိစစ်တွေ့ရှိချက်များအရယခုအချိန်ထိပညာရေးတက္ကသိုလ်နှင့်ပညာရေးကောလိပ်များသို့လျှောက်ထားသူအများစုမှာအမျိုးများဖြစ်နေခြင်း အချို့မြို့နယ်များတွင်လျှောက်ထားသည့်အမျိုးသားဦးရေလုံးဝမရှိခြင်း လျှော့နည်းနေခြင်းတို့ကြောင့်အင်အားဖြည့်လေ့ကျင့်သင်ကြားပေးနိုင်ရန် အမျိုးသမီးအင်အားကိုတိုးမြှင့်ရွေးချယ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့်ဆရာအတတ်ပညာသင်တန်းသားများရွေးချယ်ရာတွင်အမျိုးသားများပိုမိုကျောင်းဝင်ခွင့်ရ ရှိရေးစီစဉ်ပေးခြင်း ဘွဲ့ရရှိပြီးသူများအားအစီအစဉ်အမျိုးမျိုးဖြင့်ကာလတိုဆရာဖြစ်သင်တန်းများပို့ချပေးခြင်းဆရာ/ဆရာမများခန့်ထားသည့်အခါပန်းချီ ဂီတ အနုပညာ အားကစား ဘွဲ့ရဆရာ/ဆရာမများအဖြစ်ခန့်ထားခြင်းအစီအစဉ်များအပြင်ဆရာအင်အားများတိုးတက်များပြားလာစေရန်ရေတိုရေရှည်စီမံကိန်းများချမှတ်ဆောင်ရွက်လျှက်ရှိပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။

ဖူးဖူးအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*