ဒဂုံဆိပ်ကမ်း အထည်ချုပ် အလုပ်သမားသပိတ် ညှိနှိုင်းမှုများ ပြေလည်၍ လုပ်ငန်းခွင်ပြန်ဝင်ကြတော့မည်

ဒဂုံဆိပ်ကမ်း အထည်ချုပ် အလုပ်သမားသပိတ် ညှိနှိုင်းမှုများ ပြေလည်၍ လုပ်ငန်းခွင်ပြန်ဝင်ကြတော့မည်
December 8, 2017 Asian Fame

11:27 am
ဒဂုံဆိပ်ကမ်း အထည်ချုပ် အလုပ်သမားသပိတ် ညှိနှိုင်းမှုများ ပြေလည်၍ လုပ်ငန်းခွင်ပြန်ဝင်ကြတော့မည်

DagonSateKan(ရန်ကုန် ၊ ဒီဇင်ဘာ ၈)

တောင်းဆိုချက် ၉ ချက်နဲ့ သပိတ်မှောက်ဆန္ဒမှောက်ဆန္ဒပြခဲ့တဲ့ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ဒဂုံဆိပ်ကမ်းအထည်ချုပ်အလုပ်သမားသပိတ်ဟာ ၁၀ ရက်မြောက်နေ့မှာ ညှိနှိုင်းမှုတွေပြေလည်ခဲ့ပြီး အလုပ်သမားတွေဟာ လုပ်ငန်းခွင်ပြန်ဝင်ကြတော့မှာဖြစ်ပါတယ်။

သပိတ်မှောက်ဆန္ဒပြနေတဲ့ ၁၀ ရက်အတွင်းမှာ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွေနဲ့ အကြိမ်ပေါင်းများစွာညှိနှိုင်းခဲ့ပေမယ့် ၁၀ ရက်မြောက်နေ့ ညပိုင်း ညှိနှိုင်းမှုမှာမှ ပြေလည်မှုရရှိခဲ့တာဖြစ်ပါတယ်။

ဝန်ထမ်းတွေရဲ့ကျန်းမာရေးကိစ္စ ဖယ်ရီ ထမင်းစားချိန် အထည်စံချိန် လုပ်သတ်ကြေး စတဲ့အချက်တွေပါဝင်တဲ့ တောင်းဆိုချက် ၉ ချက်မှာ ၈ ချက်ကို သပိတ်မှောက်ပြီး မကြာခင်ရက်ပိုင်းအတွင်းမှာညှိနှိုင်းနိုင်ခဲ့ပေမယ့် လုပ်သက်ကြေးအဖြစ် တစ်နှစ်ကို ၂၀၀၀၀ တောင်းတဲ့ကိစ္စမှာ ဘယ်လိုမှညှိနှိုင်းမရဖြစ်ပြီး ဆန္ဒပြသပိတ်သက်တမ်းဟာ ၁၀ ရက်ကြာခဲ့တာဖြစ်ပါတယ်။

“နောက်ဆုံး ကျွန်မတို့ တောင်းတဲ့ လုပ်သက်ကြေး ၂၀၀၀၀ မှာ ၇၀၀၀ ဆိုပြီးသဘောတူညီချက်ရတယ်။ ပြီးတော့ လူဟောင်းတွေအတွက် ။ လူဟောင်းတွေဆိုတာ လုပ်သက် ၅ နှစ်ကနေ ၁၅ နှစ်အတွင်းရှိသူတွေ ပေါ့ ။ သူတို့အတွက်က ထပ်ပြီး ၂၀၀၀ ။ ပြီးတော့ အားလုံးအတွက် ရက်မှန်ကြေး ၄၀၀၀။ စုစုပေါင်း ၁၃၀၀၀ နဲ့ ညှိနှိုင်းလို့ရသွားတယ် ” လို့ ဒဂုံဆိပ်ကမ်းအထည်ချုပ်အလုပ်သမားခေါင်းဆောင် မဝေေ၀အောင် ကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ပြေလည်ခဲ့ပြီဖြစ်တဲ့ အတွက် လာမယ့် ဒီဇင်ဘာ ၉ ရက်နေ့ မှာတော့ အလုပ်သမားတွေ အားလုံးလုပ်ငန်းခွင်ကိုပြန်လည်ဝင်ရောက်လုပ်ကိုင်တော့ မှာဖြစ်ပါတယ်။

စက်ရုံရှေ့နဲ့ စက်ရုံအထဲ သပိတ်စခန်းကိုလည်းဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

ဒဂုံဆိပ်ကမ်း အထည်ချုပ် အလုပ်သမားတွေ စတင်သပိတ်မှောက် ဆန္ဒပြတဲ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ စက်မှုဇုန် တစ်ခုတည်း အတွင်းရှိတဲ့ KGG အထည်ချုပ်စက်ရုံအလုပ်သမားတွေကလည်း တောင်းဆိုချက် ၁၀ ချက်နဲ့ တစ်ပြိုင်နက်ဆန္ဒပြသပိတ်မှောက်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဆန္ဒပြသပိတ်မှောက်တဲ့ရက်မှာပဲ ညှိနှိုင်းမှုပြေလည်ခဲ့ပြီး KGG စက်ရုံအလုပ်သမားသပိတ်ကို ဖျက်သိမ်းခဲ့ပါတယ်။

ရဲလွင်
Photo- ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*