လွှတ်​​တော် ​ကိုယ်​စားလှယ်​​တွေရဲ့ အခွင့်​အ​ရေး​တွေ ဆုံးရှုံး​နေပြီလား

လွှတ်​​တော် ​ကိုယ်​စားလှယ်​​တွေရဲ့ အခွင့်​အ​ရေး​တွေ ဆုံးရှုံး​နေပြီလား
June 8, 2017 Asian Fame

3:25 pm
လွှတ်​​တော် ​ကိုယ်​စားလှယ်​​တွေရဲ့ အခွင့်​အ​ရေး​တွေ ဆုံးရှုံး​နေပြီလား

order(နေပြည်တော် ၊ ဇွန် ၈)

လွှတ်တော် အခွင့်အရေး ကော်မတီရဲ့ လုပ်ဆောင်ချက်တွေဟာ အားနည်းနေတာကြောင့် ဝန်ကြီးဌာနတွေ အနေနဲ့ လွတ်တော် အပေါ် အလေးထားမှု အားနည်းလာပြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ပြည်သူ့လွတ်တော် ကိုယ်စား လှယ် အချို့ က ယနေ့မှာပဲ ဝေဖန်ပြောကြား လိုက်ကြပါတယ်။

အဲဒီ့ ကော်မတီ ဟာ ပြည်ခိုင်ဖြိုး အမတ် လက်ရှိ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ် ဥက္ကဌ အဖြစ် တာဝန်ယူ နေတဲ့ အဖွဲ့ဝင် ၁၅ဦးနဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီပါ။

ရခိုင်ပြည်နယ် မြေပုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက လွတ်တော် ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေး နစ်နာ ချက် ရသင့်ရထိုက်တာတွေ ကို လွတ်တော် အခွင့်အရေး ကော်မတီက ကြိုးစားဆောင်ရွက် ပေးသင့်တယ်လို့ ပြောပါတယ်။

“ကျွန်တော် ဆိုရင် ပြီးခဲ့တဲ့ ၁နှစ်ကျော်ထဲက မေးခွန်း မေးမြန်းထားတာ ၊ အခု ပဉ္စမအကြိမ် မှပဲ မေးခွင့်ရတယ် ၊ ဒါကြောင့် လွတ်တော် ကိုယ်စားလှယ် အခွင့်အရေး မဆုံးရှုံးအောင် ဥပဒေနည်း ဥပဒေပြင်ဆင်ခြင်း ၊ ဖြည့်စွက်ခြင်းများ လုပ်ဆောင် သင့်ပါတယ်”လို့ သူ ကပြောပါတယ်။

ဇွန်လ ၈ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးမှာ ပြည်သူ့လွတ်တော် လွတ်တော် အခွင့် အရေးကော်မတီ ရဲ့ နှစ်ချုပ် အစီရင်ခံစာကို ဆွေးနွေးရာမှာ အထက်ပါ အတိုင်း သူက ဆွေးနွေးခဲ့တာပါ။

ဆော့လော် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးကလည်း လွတ်တော် အခွင့်အရေး ကော်မတီ အနေနဲ့ လုပ်ဆောင်ချက် အားနည်းနေကြောင်း လွတ်တော် ပုံရိပ်မထိခိုက်အောင် လုပ်ဆောင် သင့်တယ်လို့ လွှတ်တော် အစည်းအဝေး အပြီး ပေါ်ပြူလာနယူးစ် ကိုပြောပါတယ်။

လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ ဦးလှမိုးက လွှတ်တော် ကိုယ်စားလှယ် အချို့ ကော်မတီ ကို ဝေဖန်နေ ကြတာ နဲ့ ပတ်သတ်ပြီး လုပ်ဆောင်ချက် အားနည်းနေတယ် ဆိုရင် အားကောင်းအောင် လုပ်သွားမယ်လို့တုန့်ပြန်ခဲ့ပါတယ်။

”နှစ်ဖက် ကြည့်ကြဖို့လိုပါတယ်။ လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ မေးခွန်းတွေ က အများကြီးပါ။ ၀န်ကြီးဌာန ဘက်က ပြန်ဖြေဖို့ရာ မနိုင်တာတွေလည်း ရှိပါတယ်”လို့ သူက ရှင်းပြပါတယ်။

လွှတ်တော် ဥပဒေအရ ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ မေးခွန်းကို ၀န်ကြီးဌာနက ၁၄ရက်အတွင်း ဖြေကြားပေးရမှာပါ။

ဒါပေမယ့်လည်းပဲ လက်တွေ့မှာတော့ မေးခွန်းတွေဟာ များလွန်းတဲ့ အတွက် သတ်မှတ်အချိန် အတွင်း ၀န်ကြီးဌာန ဘက်က ဖြေဖို့ အချိန် အခက်အခဲ တွေရှိနေတယ်လို့ ဒေါက်တာဦးလှမိုးက ဆက်ရှင်းပြပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*