စက်ရုံအချို့ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ကြိုဖွဲ့နေကြပြီ

စက်ရုံအချို့ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ကြိုဖွဲ့နေကြပြီ
May 4, 2017 Asian Fame

12:08 pm
စက်ရုံအချို့ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ကြိုဖွဲ့နေကြပြီ

ရဲလွင်

ရန်ကုန်၊ မေ ၁

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေ စတင်အသက်ဝင်ပါက လိုအပ်လာမည့် စက်ရုံအလိုက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် ကျန်းမာရေး ကော်မတီ ကို မြန်မာနိုင်ငံတစ်ဝန်းရှိ စက်ရုံ အလုပ်ရုံ တစ်ထောင်ကျော်တွင် ဖွဲ့စည်းထားပြီးပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ သိရသည်။

အများအားဖြင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း စသည့် ဒေသများရှိ အထည် ချုပ်စက်ရုံ အများစုတွင် ဖွဲ့စည်း ထားရှိပြီး စုစုပေါင်း ၁၁၁၆ ရုံတွင် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အလုပ်ရုံ အလုပ်သမား ဥပဒေစစ် ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်က ပြောသည်။ ”ဥပဒေက မထွက်လာသေးဘူး။ ဒါပေမယ့် အခု ကြိုတင်ပြီးတော့ လုပ်ထားတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေ ထွက်ရှိလာပါက ဥပဒေအရလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး အမျိုး သားကော်မတီ တစ်ရပ် ဖွဲ့စည်းပြီး ယင်းအောက်တွင် မြန်မာနိုင်ငံ တစ်ခုလုံး ရှိရှိသမျှ စက်ရုံ အလုပ်ရုံတိုင်း၌ လုပ်ငန်းခွင် ဘေးအန္တ ရာယ် ကင်းရှင်းရေးနှင့် ကျန်းမာ ရေးကော်မတီများ ဖွဲ့စည်းကာ လုပ်သားများအတွက် စက်ရုံလုပ် ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် လိုအပ်သည်များကို အလုပ် ရှင်နှင့် အလုပ်သမား ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်သည်။ ဥပဒေထွက်ရှိလာပါက အဆိုပါ ကော်မတီများကို စက်ရုံ အလုပ်ရုံတိုင်းတွင် ဖွဲ့စည်းထားရမည် ဖြစ်ပြီး မဖွဲ့စည်းသည့် စက်ရုံများကို ဥပဒေကြောင်းအရ အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။

လက်ရှိတွင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ ၎င်းတို့လက်အောက်ရှိ စက်ရုံအလုပ်ရုံများတွင် လုပ်ငန်း ခွင်အတွင်း လုပ်သားများ ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်း မာရေးအတွက် အစီအမံများထား ရှိခြင်း ရှိ /မရှိ စစ်ဆေးနေသော်လည်း တစ်နိုင်ငံလုံးလွှမ်းခြုံသည့် စစ်ဆေးရေး အရာရှိအင်အား မရှိ ခြင်း၊ ခေတ်မီစစ်ဆေးရေးစနစ်များအားနည်းသည့်အတွက် အခက်အခဲ ရှိနေကြောင်း အဆိုပါ ဦးစီးဌာနက ဆိုထားသည်။ လက်ရှိတွင် လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်း မာရေးဥပဒေကို ပြည်သူ့လွှတ် တော်သို့ ပေးပို့ထားပြီး ယခု ၂ဝ၁၇ ခုနှစ်အတွင်း ထွက်ရှိလာရန် မျှော်မှန်းထားကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*