ဂျပန်‌ ဦး‌နှောက်‌‌ရောင်‌ ကာကွယ်‌‌ဆေးထိုးပြီး တစ်‌ပတ်‌အတွင်း‌မှာ သေဆုံးသွားတဲ့ က‌လေးငယ်‌၅ဦးမှာ အခြားရောဂါများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနသတင်းထုတ်ပြန်

ဂျပန်‌ ဦး‌နှောက်‌‌ရောင်‌ ကာကွယ်‌‌ဆေးထိုးပြီး တစ်‌ပတ်‌အတွင်း‌မှာ သေဆုံးသွားတဲ့ က‌လေးငယ်‌၅ဦးမှာ အခြားရောဂါများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနသတင်းထုတ်ပြန်
December 5, 2017 Fame Asian

3:09 pm
ဂျပန်‌ ဦး‌နှောက်‌‌ရောင်‌ ကာကွယ်‌‌ဆေးထိုးပြီး တစ်‌ပတ်‌အတွင်း‌မှာ သေဆုံးသွားတဲ့ က‌လေးငယ်‌၅ဦးမှာ အခြားရောဂါများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနသတင်းထုတ်ပြန်

jj

ရန်‌ကုန်‌၊ ဒီဇင်‌ဘာ ၅

‌ကျောင်းအ‌ခြေပြု ဂျပန်‌ဦး‌နှောက်‌‌ရောင်‌ကာကွယ်‌‌ဆေးထိုးပြီး တစ်‌ပတ်‌အတွင်း‌မှာသဆုံးသွားတဲ့ က‌လေးငယ်‌၅ဦးဟာ ကာ‌ကွယ်‌‌ဆေး‌ထိုးပြီးချိန်‌နဲ့တိုက်‌ဆိုင်ပြီး အခြား‌ရောဂါ‌တွေ‌ကြောင့်‌‌သေဆုံးသွားတာဖြစ်‌တယ်‌လို့ ဒီဇင်ဘာ ၃ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှ သတင်းထုတ်‌ပြန်ချက် အမှတ်စဉ်(၃)မှာ ရေးသားဖော်ပြထားပါတယ်‌။

“ကျောင်းအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သေဆုံးသူ (၅)ဦးရှိခဲ့ပါသည်။ နည်းပညာဆိုင်ရာ စုံစမ်းစစ်ဆေးမှုများအရ သေဆုံးမှုများသည် ကာကွယ်ဆေးထိုးပြီးသည့်အချိန်နှင့် တိုက်ဆိုင်၍ အခြားရောဂါများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်”လို့ အဲဒီ သတင်းထုတ်ပြန်ချက်မှာရေးသားဖော်ပြထားတာဖြစ်ပါတယ်။

‌ဆုံးပါးသွားခဲ့တဲ့ က‌လေးငယ်‌၅ဦးဟာဆိုရင်‌ ရှမ်းပြည်‌နယ်‌ပင်‌‌လောင်း၊ဧရာဝတီတိုင်းသာ‌ပေါင်း၊ပုသိမ်၊မ‌ကွေးတိုင်းနဲ့ မန္တ‌လေးတိုင်းတို့ကဖြစ်‌ကြပါတယ်‌။

“ကျွန်‌မတို့က က‌လေးမိဘ‌တွေကို အမှန်‌တိုင်း‌ပြောပါတယ်‌။ သိရင်‌သိတယ်‌ မသိရင်‌မသိဘူး‌ပြောပါတယ်‌။ ကာ‌ကွယ်‌‌ဆေးထိုးချိန်‌နဲ့ တိုက်‌ဆိုင်‌ပြီး အခြား‌ရောဂါ‌တွေ‌ကြောင့်‌‌သေဆုံးသွားတာပါ။ က‌လေး‌တွေအတွက်‌ အထူးစိတ်‌မ‌ကောင်းပါဘူး”လို့ ဂျပန်‌ဦး‌နှောက်‌‌ရောင်‌ကာ‌ကွယ်‌‌ဆေးထိုးခြင်းလုပ်‌ငန်းမှ စီမံချက်‌‌မန်‌‌နေဂျာ ‌ဒေါက်‌တာထားထားလင်းက‌ပြောပါတယ်‌။

ကာကွယ်‌‌ဆေးထိုးပြီး‌ဆုံးပါးသွားခဲ့‌တဲ့ က‌လေးငယ်‌‌၅ဦးကို ပြင်‌ပလက္ခဏာစမ်းသပ်‌စစ်‌‌ဆေးခြင်း၊တစ်‌ရှူးဆိုင်‌ရာစစ်‌‌ဆေးခြင်း၊အသားစ ထုတ်‌စစ်‌‌ဆေးခြင်းတို့လုပ်‌‌ဆောင်‌ပြီး မြန်‌မာနိုင်‌ငံမှာတင်‌မက ‌ဆေးပညာဆိုင်‌ရာ ကျွမ်းကျင်‌သူ‌တွေဖြစ်‌တဲ့ ကမ္ဘာလုံးဆိုင်‌ရာ အတိုင်‌ပင်‌ခံအဖွဲ့၊ အ‌ရှေ့‌တောင်‌အာရှနဲ့ အခြားအကြံ‌ပေးအဖွဲ့တို့နဲ့ တိုင်‌ပင်‌ပြီး အခြား‌ရောဂါ‌တွေ‌ကြောင့်‌‌သေဆုံး‌ကြောင်းအတည်‌ပြုခဲ့တာဖြစ်‌ပါတယ်‌လို့ ‌ဒေါက်‌တာထားထားလင်းက‌ပြောပါတယ်‌။

‌ကျောင်းအ‌ခြေပြုကာကွယ်‌‌ဆေးထိုးခြင်းလုပ်‌ငန်းစဉ်‌ကို ‌အောက်‌တိုဘာလ၁၅ရက်‌‌နေ့ကစတင်‌ခဲ့ပြီး ‌အောက်‌တိုဘာလ၂၄ရက်‌‌နေ့မှာဆိုရင်‌ ရည်‌မှန်းက‌လေးဦး‌ရေ၈.၆သန်းခန့်‌အနက်‌ ၈.၃သန်းကို ထိုး‌ပေးနိုင်‌ခဲ့ပြီး ၉၆.၄ရာခိုင်‌နှုန်း လွှမ်းခြုံနိုင်‌ခဲ့တယ်‌လို့ ဒေါက်တာထားထားလင်း‌က‌ပြောပာတယ်‌။

၂၀၁၄ ခုနှစ် စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်က ၁၅ နှစ်အတွင်း ကလေး ၁၅ ဦး၊ အသက် ၁ နှစ်က ၅ နှစ်အောက် ကလေး ၂၆ ဦး၊ အသက် ၁နှစ်အောက် ကလေး ၁၇၀ ဦးတို့ဟာ နေ့စဉ် အကြောင်းအမျိုးမျိုးနဲ့ သေဆုံးလျှက်ရှိပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်မှာလဲ ဇန်န၀ါရီလကနေ အောက်တိုဘာလအထိ ဦးနှောက်ရောင်ရောဂါနဲ့ ဆေးရုံတက်သူ ၁၅၄၂ ဦးရှိရာမှာ ဂျပန် ဦးနှောက်ရောင်ပိုးတွေ့သူ ၃၁၅ ဦးရှိပါတယ်။ ဒါကြောင့် နေ့စဉ် ၅ ဦးခန့်ဟာ ဦးနှောက်ရောင်ရောဂါနဲ့ ဆေးရုံတက်လျှက်ရှိပြီး ၁ ဦးဟာ ဂျပန်ဦးနှောက်ရောက်ရောဂါ ဖြစ်ပွားလျှက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*