တာချီလိတ်တွင် ကျပ်သန်း ၂၇၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ/တရားခံ ၂ ဦး ထွက်ပြေးနေ

တာချီလိတ်တွင် ကျပ်သန်း ၂၇၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ/တရားခံ ၂ ဦး ထွက်ပြေးနေ
August 24, 2017 Asian Fame

11:48 am
တာချီလိတ်တွင် ကျပ်သန်း ၂၇၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ/တရားခံ ၂ ဦး ထွက်ပြေးနေ

41(တာချီလိတ် ၊ သြဂုတ် ၂၄)

သြဂုတ်လ ၂၃ ရက်နေ့ က ကျိုင်းတုံမြို့ မှာ မူးယစ်တရားခံ ၂ ဦးကို ဖမ်းဆီး ရမိခဲ့ပြီး နောက်ဆက်တွဲ အဖြစ် တာချီလိတ်မြို့မှာ ငွေကျပ် သန်း ၂၇၀၀ လောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ထပ်မံဖမ်းဆီး ရမိခဲ့ပါတယ်။

ကျိုင်းတုံမှာ ဖမ်းဆီးရမိတဲ့ တရားခံ(၂)ဦးဖြစ်တဲ့ ကျော်ဟိန်းဇံ ၊ သန်းထွန်း တို့ရဲ့ထွက်ဆိုချက် အရ သူတို့ထံမှ သိမ်းဆည်းရ မိတဲ့ မူးယစ်ဆေး ၀ါး အဖြူရောင်ပုံဆောင်ခဲ (ICE)(၄၀)ကီလိုဟာ တာချီလိတ်မြို့ ၊၀ိန်းကျောက် ရပ်ကွက် တော်ကော့ (အတွင်း)ရွာနေ အားစန်း က သယ်ဆောင် ခိုင်းတာဖြစ်ကြောင်း သိရှိရတဲ့ အတွက် အခုလို ထပ်မံ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။

21032461_1947929725460598_3544646948245146269_nတာချီလိတ်မြို့၊ ၀ိန်းကျောက် ရပ်ကွက် ၊တော်ကော့ အတွင်းရွာ ရှိနေအိမ် ကို ၀င်ရောက် ရှာဖွေရာ အားစန်းနှင့် အားရှဲန် တို့ကို မတွေ့ ရဘဲ ၊အိမ်စောင့် အားကိုင်ဖန်း ကိုသာ တွေ့ရှိရကြောင်း ၊ဆက်လက် ရှာဖွေရာ နေအိမ် အတွင်း ရပ်ထားသော Vigo အဖြူရောင် ယာဉ် ရှေ့စက်ဖုံး အင်ဂျင် ၀ဲဘက် မှ ( ICE) (၈)ထုပ် ( အလေးချိန် ၈ ကီလို) ၊အဖြူရောင် Honda Civic ယာဉ်နောက် ထိုင်ခုံ အံဝှက် အတွင်းမှ(ICE )(၅၇)ထုပ် ၊ (အလေးချိန် ၅၇ ကီလို)၊ Mercedes Benz ယာဉ်နောက်ဖုံး ယာဘက်မှ(ICE) အဖြူရောင် ပုံဆောင်ခဲ (၄၃)ထုပ်၊( အလေးချိန် ၄၃ ကီလို) တို့ ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း တာချီလိတ် ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကနေ သိရပါတယ်။

ထပ်မံပြီး နေအိမ်ခန်း အတွင်း LEECO စာတမ်းပါ မီးခံသေတ္တာ တစ်လုံး အတွင်းမှ ဘဏ်စာအုပ်နှင့် အရေးကြီး စာရွက် စာတမ်းတွေ၊ အိပ်ခန်း အတွင်း LEECO စာတမ်းပါ မီးခံသေတ္တာ တစ်လုံး အတွင်း ကနေ ထိုင်းဘတ်ငွေ(၃)သိန်း နဲ့ မြန်မာကျပ်ငွေ (၂)သိန်း ၊ ဂိုဒေါင်အတွင်း ကနေ Lexusအဖြူရောင် (၁)စီး ၊ Vigo အဖြူရောင် (၁)စီး ၊ Toyota Crown အဖြူရောင်မော်တော်ယာဉ် (၁)စီး ၊ Honda PCX-150 ဖြူ/နီရောင် ဆိုင်ကယ်(၁)စီး၊ Honda PCX -150 ဖြူ/မဲရောင် ဆိုင်ကယ် (၁)စီး၊ Oppo အမျိုးအစား အဖြူရောင် တယ်လီဖုန်း (၁)လုံး တို့ကို ထပ်မံ သိမ်းဆည်း ရမိခဲ့သေးကြောင်း သိရပါတယ်။

စုစုပေါင်း သိမ်းဆည်းရမိတဲ့ (ICE ) မှာ အလေးချိန် (၁၀၈) ကီလို ဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့်တရားခံ ၂ ဦးကို ဖမ်းဆီး ရမိရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။

YL

Photo- တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ဓါတ်ပုံ – မြို့နယ်ထွေ/အုပ်)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*