3:20 pm
မန္တလေး၊စက်တင်ဘာ၂၂
မန္တလေးနဲ့ အထက်အညာဒေသက Pizza ကြိုက်သူတွေအတွက် Pizza Hut Myanmar က မန္တလေး မြို့ မင်္ဂလာမန္တလေးအိမ်ရာမှာ Pizza အရောင်းဆိုင်တစ်ခု ဒီနေ့ပဲလာရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ကမ္ဘာကျော် Pizza စားသောက်ဆိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ Pizza Hut ရဲ့ မြန်မာနိုင်ငံဈေးကွက်ဝင်ရောက်ထိုးဖောက်မှုတစ်ခုပဲဖြစ်ပြီး ဖွင့်ပွဲမှာ နိုင်ငံကျော်အနု ပညာရှင်မအေးသောင်းကိုယ်တိုင်တက်ရောက်အားပေးခဲ့ ပါတယ်။
Pizza Hut Myanmar အနေနဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ပထမဆုံးဆိုင်ခွဲတစ်ခု ဖွင့် လှစ်ခဲ့တာမှာ နောက်ပိုင်းမှာတော့ ၂ နှစ်အတွင်း ဆိုင်ခွဲပေါင်း ၅ ဆိုင်အထိ ဖွင့်လှစ်နိုင်ခဲ့တယ်လို့သိရပြီး မန္တလေးမြို့က ဆိုင်ခွဲကိုတော့ မန္တလေးနဲ့အထက်အညာဒေသက Pizza စားသုံးသူတွေအတွက် ပထမဆုံးအကြိမ် ဖွင့်လှစ်ပေးခဲ့ တာလို့ Pizza Hut Myanmar ရဲ့ Head of Marketing & Business Development မှ တာဝန်ရှိသူဦးဥာဏ်ကျော်ကပြောပါတယ်။
Pizsa Hut Myanmar မန္တလေးဆိုင်ခွဲကို မန္တလေးမြို့ မင်္ဂလာမန္တလေး ၇၃ လမ်း၊ သဇင်လမ်း နဲ့ ငုရွှေဝါလမ်းကြားမှာဖွင့်လှစ်ထားတာဖြစ်ပြီးဆိုင်ခွဲစတင်ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အနေနဲ့ တနင်္လာ မှ သောကြာအတွင်း Personal Pizza တစ်ခုနဲ့ အအေးတစ်ခွက်ပါဝင်တဲ့ မီနူးတစ်စုံကို ၃၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့လည်း ဦးဥာဏ်ကျော်ကပြောပါတယ်။
News by Saw Htwe