မစ္စတာကိုဖီအာနန်​ဦး​ဆောင်​တဲ့ ရခိုင်​ပြည်​နယ်​ဆိုင်​ရာ အကြံ​ပေး​ကော်​မရှင် သတင်းစာရှင်းလင်းပွဲကောက်နှုတ်ချက်များ

မစ္စတာကိုဖီအာနန်​ဦး​ဆောင်​တဲ့ ရခိုင်​ပြည်​နယ်​ဆိုင်​ရာ အကြံ​ပေး​ကော်​မရှင် သတင်းစာရှင်းလင်းပွဲကောက်နှုတ်ချက်များ
August 24, 2017 Fame Asian

5:49 pm
မစ္စတာကိုဖီအာနန်​ဦး​ဆောင်​တဲ့ ရခိုင်​ပြည်​နယ်​ဆိုင်​ရာ အကြံ​ပေး​ကော်​မရှင် သတင်းစာရှင်းလင်းပွဲကောက်နှုတ်ချက်များ

20993951_1578286462230087_5655400000323169769_n

ရန်ကုန် သြဂုတ် ၂၄

မစ္စတာကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဟာ ၄င်းတို့ရဲ့အပြီးသတ်အစီရင်ခံကိုဒီကနေ့ ထုတ်ပြန်လိုက်ပြီး ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်မှာ သတင်းထောက်များနဲ့တွေ့ဆုံပြီး ရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

21077344_1578286518896748_3410230765992697996_n

ရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်ရဲ့ မိန့်ခွန်းပါ အစီရင်ခံစာထည့်သွင်းအကြံပြုချက်များအကျဉ်း ကောက်နှုတ်ချက်ကို ဖော်ပြလိုက်ပါတယ်။

21032426_1578286768896723_4071338227179056960_n

၁- မရှိမဖြစ်လိုအပ်တဲ့ အခြေခံဝန်ဆောင်မှုများ အကန့်အသတ်နဲ့ ရရှိနေမှုများအပါအဝင် ပြည်နယ်တွင်းလူမှုစီးပွားရေးဖွံ့ဖြိုးမှု နိမ့်ကျနေမှုများ(ဆင်းရဲနွမ်းပါးမှုဟာ နေရာတိုင်းလိုလိုမှာရှိနေပြီး ပိုမိုကောင်းမွန်တဲ့ဘဝရရှိရေး မျှော်လင့်ချက်ကိုလျော့ပါးစေ)

၂-လိုအပ်တဲ့ စီစစ်ရေးကတ်များ မရှိခြင်းနဲ့ လွတ်လပ်စွာခရီးသွားလာနိုင်မှုမရှိခြင်းကြောင့် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းမရှိလို့ ခံစားနေရတဲ့ မွတ်စလင်လူဦးရေတို့ရဲ့ မကျေနပ်မှုများ (နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ် ၊အထောက်အထား စာရွတ်စာတမ်းကိစ္စရပ်နဲ့ လူသားတိုင်း ဥပဒေ၏ ရှေ့မှောက်မှာ အခွင့်အရေးများနဲ့ တန်းတူညီမျှ ရပိုင်ခွင့်တို့နဲ့ ပတ်သတ်တဲ့ကိစ္စရပ်များကို အရေးယူဆောင်ရွက်နိုင်မယ့် ရည်မှန်းချက်ကြီးတဲ့ အဆင့်များကို တင်ပြထားခြင်းဖြစ်)

၃-မွတ်ဆလင်အသိုင်းအဝိုင်းအနေနဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီး ဥပဒေနဲ့ညီတဲ့ စိုးရိမ်လျက်တွေရှိပေမယ့် ထိုစိုးရိမ်ချက်များကို အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖြေရှင်းဖို့ ကျွန်တော့်(မစ္စတာ ကိုဖီအာနန်)အနေနဲ့တောင်းဆိုလို။(နိုင်ငံသားဖြစ်မှုနဲ့လွတ်လပ်စွာသွားလာခွင့်ကိစ္စရပ်များနဲ့ပတ်သတ်တဲ့ အကြံပြုချက်များဟာ ရခိုင်ပြည်သူလူထုက စိုးရိမ်မှုများရှိနေတယ်ဆိုတာ ကောင်းစွာသိရှိထား)

၎-ကော်မရှင်အနေနဲ့ ထိလွယ်ရှလွယ်ကိစ္စရပ်များကို ကိုင်တွယ်ဖို့ရွေးချယ်ခဲ့။ဘာကြောင့်လဲဆိုတော့ သူတို့ကို(ထိလွယ်ရှလွယ်ကိစ္စများ)ကို ချန်ရစ်ခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့အနာဂါတ်၊တကယ်တော့ မြန်မာတစ်နိုင်ငံလုံးရဲ့ အနာဂါတ်ဟာ နောက်ပြန်လှည့်လို့မရတဲ့ ပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့နိုင်မယ်လို့ ယုံကြည်။

20988956_1578286705563396_8225313198122760651_o

၅-ရခိုင်ပြည်အတွင်းက လူ့အဖွဲ့အစည်းများကြား တင်းမာမှုလျော့ချနိုင်ဖို့ လူ့အဖွဲ့အစည်းများကြား အပြန်အလှန်ဆွေးနွေးဖို့နဲ့ ပြန်လည်သင့်မြတ်မှုကို တိုးမြှင့်နိုင်မယ့် အကြံပြုချက်များစွာ ပြုလုပ်ပေးထား။

21078415_1578286505563416_7655720149454718070_n

၆-အစီရင်ခံစာမှာ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ခြင်းအပါအဝင် နယ်စပ်လုံခြုံရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ဆက်ဆံရေးတို့နဲ့ပတ်သတ်ပြီး အကြံပြုထား

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*