ကလေးလွင်ပြင်က ပျက်စီးတံတားတွေနဲ့ လမ်းပိုင်းတွေ မနက်ဖြန် ပြန်ပွင့်နိုင်မယ်လို့ ခန့်မှန်းထား

ကလေးလွင်ပြင်က ပျက်စီးတံတားတွေနဲ့ လမ်းပိုင်းတွေ မနက်ဖြန် ပြန်ပွင့်နိုင်မယ်လို့ ခန့်မှန်းထား
September 22, 2017 Fame Asian

3:13 pm
ကလေးလွင်ပြင်က ပျက်စီးတံတားတွေနဲ့ လမ်းပိုင်းတွေ မနက်ဖြန် ပြန်ပွင့်နိုင်မယ်လို့ ခန့်မှန်းထား

21764960_1553827954661164_3863622457876642091_n

ကလေး ၊ စက်တင်ဘာ ၂၂

မနက်ဖြန် စက်တင်ဘာ ၂၃ ရက်နေ့လောက်ဆိုရင်တော့ ကလေးလွင်ပြင်ဒေသက ရေဘေးကြောင့်ပျက်စီးသွားတဲ့ တံတား ၄ ခုလုံး ပြန်လည်သွားလာလို့ရလောက်တဲ့အခြေအနေရောက်ရှိနိုင်မယ်လို့ ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၂ ရက်နေ့ အခြေအနေမှာတော့ ကလေးလွင်ပြင်ဒေသမှာ ရေစတင်ကျနေပြီလို့သိရပါတယ်။
ရေဘေးကြောင့် စက်တင်ဘာ ၁၈ /၁၉ /၂၀ စတဲ့ ရက်တွေမှာ ပျက်စီးခဲ့ရတဲ့ ကျောက်ပြုတ်ကြိုးတံတားကတော့ မူလကတည်းက ချဉ်းကပ်လမ်းအနည်းငယ်သာပဲ့ပါသွားတဲ့အတွက် ပြဿနာမရှိဘဲ သွားလာလို့ရနေတယ်လို့ ဦးအောင်ဇော်မိုးကပြောပါတယ်။

ချဉ်းကမ်းလမ်း ၂ ခုလုံးရေနဲ့ပါသွားတဲ့ ဆည်ကြီးတံတားကတော့ ချည်းကပ်လမ်းတစ်ဖက်ကို သဲကျောက်ပြန်တင်ပြီး ကျန်တဲ့ချဉ်းကပ်လမ်းတစ်ဖက်ကို ယာယီဝါးတံတားထိုးပေးလိုက်တဲ့အတွက် ဆိုင်ကယ်တွေပြန်လည်သွားလာလို့ရနေပြီလို့ သူကဆိုပါတယ်။

လုံးဝပျက်စီးသွားတဲ့ အောင်မြင်သာတံတားကတော့ မနက်ဖြန်ဆို ဆိုင်ကယ်ပြန်သွားလို့ရနေပြီဖြစ်တယ်လို့သိရပါတယ်။

နတ်တံခါးကြိုးတံတားကတော့ အစကတည်းက ဆိုင်ကယ်သာသွားလာတဲ့တံတားဖြစ်ပြီး တံတားရဲ့မူလအလှူရှင် နိုင်ငံခြားသားကို ပြန်လည်ဆက်သွယ်ထားတယ်လို့ ၎င်းကထပ်လောင်းဆိုပါတယ်။

“ယာယီအနေနဲ့ အဆက်အသွယ်ပြတ်မသွားအောင်လုပ်ထားပါတယ်။ နတ်တံခါးကြိုးတံတားကတော့ တံတားတစ်ဖက်မှာလည်းရွာ ၄ ရွာလောက်ပဲရှိတယ်။ ပြီးတော့အစကတည်းက တံတားအလှူရှင်က ဆိုင်ကယ်သွားဖို့သက်သက် တံတားလှူခဲ့တာပါ” လို့ ဦးအောင်ဇော်မိုးက ပြောပါတယ်။

ဒါ့အပြင် ကလေးမြို့ပေါ်မှာလည်း စက်တင်ဘာ ၂၁ ရက်နေ့ မနက် ၉ နာရီကနေ အခုအချိန်ထိဆိုရင် ရေ ၄ ပေလောက်ကျသွားပြီဖြစ်တဲ့အတွက် လမ်းကြောင်းတွေလည်းတော်တော်လေးပြန်ပွင့်သွားပြီဖြစ်ကြောင်း ၊ မူလက ရေဘေးရှောင် ၁၀၀၀၀ လောက်ရှိခဲ့ပေမယ့် တစ်ချို့တွေကတော့ မိမိတို့နေထိုင်ရာအသီးသီးကို ပြန်လည်သွားရောက်ပြီး သန့်ရှင်းရေးလုပ်နေတာတွေရှိနေပြီလို့လည်း သူက ဆိုပါတယ်။

Ye Lwin
Photo- ThantZin Lynn

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*