ဂျပန်သို့ သင်တန်းသားအဖြစ်သွားရောက်လုပ်ကိုင်ပြီး ပြန်လာသူတွေကို ပြည်တွင်းတွင်အလုပ်ရှင်များနှင့်ချိတ်ဆက်ပေးမည်

ဂျပန်သို့ သင်တန်းသားအဖြစ်သွားရောက်လုပ်ကိုင်ပြီး ပြန်လာသူတွေကို ပြည်တွင်းတွင်အလုပ်ရှင်များနှင့်ချိတ်ဆက်ပေးမည်
September 22, 2017 Fame Asian

12:58 pm
ဂျပန်သို့ သင်တန်းသားအဖြစ်သွားရောက်လုပ်ကိုင်ပြီး ပြန်လာသူတွေကို ပြည်တွင်းတွင်အလုပ်ရှင်များနှင့်ချိတ်ဆက်ပေးမည်

21686368_1960404244213146_4481905653864513797_n

နေပြည်တော် ၊ စက်တင်ဘာ ၂၂

ဂျပန်နိုင်ငံကို အေဂျင်စီတွေကတစ်ဆင့် သင်တန်းသားအဖြစ်တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာတဲ့ မြန်မာလုပ်သားတွေကို မိမိတို့လုပ်ကိုင်ခဲ့တဲ့အလုပ်အကိုင်နဲ့ကိုက်ညီမယ့် အလုပ်နေရာတွေ ပြည်တွင်းမှာပဲခန့်ထားနိုင်ဖို့ ဆောင်ရွက်မယ်လို့သိရပါတယ်။

21766815_1960404240879813_8146571863761679475_n

ကုမ္ပဏီတွေက အလုပ်သမားလိုအပ်ချက်နဲ့ကိုက်ညီတဲ့ သူတွေကို တိုက်ရိုက်ခေါ်ယူသွားမှာဖြစ်ပြီး အလုပ်လုပ်ချင်တဲ့ လုပ်သားတွေအနေနဲ့ အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာနကို လျှောက်လွှာပေးပို့ပြီး ပေးပို့ရမှာဖြစ်တယ်လို့ ၀န်ကြီးဌာနကနေသိရပါတယ်။

လာမယ့် အောက်တိုဘာ ၂၇ ရက်နေ့ ရန်ကုန်မြို့မှာ “နည်းပညာသင်တန်းသားများအတွက် အလုပ်အကိုင်ချိတ်ဆက်ပွဲ အခမ်းအနား (Job Matching Event for the Technical Intern Trainess) ” လို့အမည်ရဲတဲ့ အခမ်းအနားကို ကျင်းပသွားမှာဖြစ်ပြီး အဲ့ဒီအခမ်းအနားမှာ အလုပ်လုပ်လိုသူတွေနဲ့ အလုပ်ခေါ်ယူလို့တဲ့ကုမ္ပဏီတွေကြားချိတ်ဆက်အလုပ်ခန့်အပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

21616504_1960404247546479_285328460674174911_n

“ကျွန်မတို့ အခုချိတ်ဆက်နေတုန်းပါ။ ပထမ အောက်တိုဘာ ၁၃ ရက်နေ့ လုပ်ဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကိုရွှေ့လိုက်တယ်။ လျှောက်လွှာပိတ်ရက်ကိုလည်း ပထမ ၉ လပိုင်း ၂၄ ရက်လို့ကြေညာထားပေမယ့် ရွှေ့ဆိုင်းလိုက်ပါတယ်။ ရက်တော့အတိအကျမသိသေးဘူး။ ဒီကြားထဲ လျှောက်လို့ရပါတယ်” လို့ အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

အလုပ်လျှောက်လိုတဲ့ သူတွေအနေနဲ့ အချက် ၅ ချက် နဲ့ကိုက်ညီဖို့ လိုအပ်ပါတယ်။

ဒါတွေကတော့ –
(၁) မြန်မာနိုင်ငံသားဖြစ်ရမည်
(၂) ဂျပန်နိုင်ငံ၏လူဝင်မှုကြီးကြပ်ရေးနှင့်သက်ဆိုင်သည့်ဥပဒေအရ Technical Intern Training Systemဖြင့်နေထိုင်ခဲ့ပြီး ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့သည့်အတွေ့အကြုံရှိရမည်
(၃) ဂျပန်ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်လိုသောစိတ်ရှိရမည် (၎င်းတို့ကို အလုပ်သမားအဖြစ်စုဆောင်းရန် ရည်ရွယ်သောမြန်မာကုမ္ပဏီများအပါအ၀င်ဖြစ်ကောင်းဖြစ်နိုင်မည်)
(၄) အလုပ်ရှိသောသူများကို စာရင်းမှ ဖယ်ရှားနိုင်မည်မဟုတ်ပါ ။ သို့ရာတွင်ယခုကျင်းပသည့် အလုပ်အကိုင်ချိတ်ဆက်ပွဲမှ တဆင့်ဂျပန်ကုမ္ပဏီများက၎င်းတို့ကို အလုပ်သမားအဖြစ် စုဆောင်းခြင်းခံရပါက လက်ရှိအလုပ်နှင့်ချုပ်ဆိုထားသောစာချုပ်ကို ၎င်းတို့ဘာသာအဆုံးသတ်ရမည်
(၅) ပါဝင်မည့်သူသည်ဂျပန်ဘက်က ပြုစုထားသောဝင်ခွင့်စာရွက်တွင်လိုအပ်သော အချက်များကိုရိုးသားစွာဖြည့်စွက်ရမည် ။ ၎င်းစာရွက်ကိုဖြည့်စွက်ထားသောအချက်များကို သဘောတူရမည်(ပါဝင်သည့်ကုမ္ပဏီများကို ၎င်းစာရွက်ကို ပေးမည်ဖြစ်သည်) –
စတဲ့အချက်တွေပဲဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုသူတွေအနေနဲ့ အလုပ်သမားနဲ့လ၀က၀န်ကြီးဌာန ၀၆၇-၄၃၀၁၈၃ ကို ဆက်သွယ်မေးမြန်းဖို့လည်း ၀န်ကြီးဌာနကဆိုပါတယ်။ဖြည့်စွက်ရမယ့်လျှောက်လွှာအပြည့်အစုံကိုတော့အောက်မှာဖော်ပြပေးလိုက်ရပါတယ်။

Ye Lwin

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*