ယခု လှုပ်ခတ်ခဲ့သည့် ငလျင်သည် တိုက်ကြီးဒေသ၌ နှစ်ပေါင်း ၈ဝ အတွင်း အင်အားအပြင်းဆုံးဟု မိုး/ဇလ ဆို

ယခု လှုပ်ခတ်ခဲ့သည့် ငလျင်သည် တိုက်ကြီးဒေသ၌ နှစ်ပေါင်း ၈ဝ အတွင်း အင်အားအပြင်းဆုံးဟု မိုး/ဇလ ဆို
March 15, 2017 Asian Fame

11:22 am
ယခု လှုပ်ခတ်ခဲ့သည့် ငလျင်သည် တိုက်ကြီးဒေသ၌ နှစ်ပေါင်း ၈ဝ အတွင်း အင်အားအပြင်းဆုံးဟု မိုး/ဇလ ဆို

Earthquake 1

PNews
ရန်ကုန်၊ မတ်၁၄

တိုက်ကြီးဒေသ၌ နှစ်ပေါင်း ၈ဝ အတွင်း အင်အားအပြင်းဆုံး လှုပ်ခတ်ခဲ့သည့် မတ်လ ၁၃ ရက်နေ့ ငလျင်အပါ အဝင် နောက်ဆက်တွဲ ငလျင်တို့ကြောင့် ၂၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင် ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နှစ် ၁ဝဝ စေတီတော်အပါအဝင် အစိုးရရုံးအချို့၊ လူနေအိမ်အချို့တို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

စက္ကန့်အနည်းငယ်အကြာ လှုပ်ခတ်ခဲ့သည့်ငလျင်က တိုက်ကြီးမြို့ပေါ်နှင့် အနီးအနားပတ်ဝန်းကျင်ကို ဤမျှအထိ ထိခိုက်လိမ့်မည်ဟု ဒေသခံတို့က မျှော် လင့်မထားကြဟု တိုက်ကြီးမြို့မှ မြို့မိ မြို့ဖ ဦးလှတင်က ပြောသည်။ အသေအပျောက် မရှိခဲ့သော်လည်း တိုက်ကြီးဆေးရုံတွင် ငလျင်ကြောင့် မူးဝေပြီး ချော်လဲသူများ၊ ဆိုင်ကယ် တိမ်းမှောက်ပြီး ရောက်လာကြသူများနှင့် ပြည့်နှက်သွားသည်ဟု သူကပြောသည်။ ”ကျွန်တော်တွေ့တာတော့ အတွင်း လူနာ ၅ ဦး၊ ထိခိုက် ၂ဝ ဦး ရှိနေတယ်” ဟု ဦးလှတင်ကပြောပြသည်။

အစိုးရထုတ်ပြန်ချက်တွင် ရန်ကုန် ဆေးရုံကြီးသို့ လွှဲပြောင်းပေးလိုက်ရသော လူနာအရေအတွက် ၂ ဦးရှိသည်ဟု ဖော်ပြထားသည်။ ဒေသခံ မျက်မြင်သက်သေတစ်ဦး၏ ပြောပြချက်အရငလျင်သည် အုတ်တံ တိုင်းအချို့၊ မုခ်ဦးအချို့တို့ကို ဖြိုချသည် အထိ အရှိန်ပြင်းခဲ့ကြောင်း၊ မျက်နှာ ကြက်အချို့ ပြိုကျသွားသည်အထိ ရှိခဲ့ ကြောင်း၊ လူမသေရခြင်းမှာ ထွက်ပြေးနိုင် ခဲ့ခြင်းကြောင့်သာဖြစ်ကြောင်း ဆိုသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်ရီရီ ငြိမ်းက ”စစ်ကိုင်းပြတ်ရွေ့က အဲဒီ အနားကနေ ဖြတ်သွားတယ်ဆိုပေမယ့် တိုက်ကြီးပြတ်ရွေ့နဲ့ ပိုနီးပါတယ်။ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၈ဝ လောက်အတွင်းမှာ အခုလှုပ်တာက ၅ ဒသမ ၈ ဆိုတော့ အင်အားအပြင်းဆုံးလို့တော့ ပြောလို့ရ တယ်” ဟု ပြောသည်။ တိုက်ကြီးတွင် ၂ဝဝ၂ ခုနှစ်က ၄ ဒသမ ၇ အင်အားရှိငလျင်၊ ၂ဝဝ၇ ခုနှစ် ခန့်က ၄ ဒသမ ၆ အင်အားရှိ ငလျင် စသဖြင့် လှုပ်ခဲ့ဖူးသည့်အပြင် ကြားထဲ တွင်လည်း ၄ ဒသမ ၂အင်အားရှိ ငလျင်၊ ၄ ဒသမ ၅ အင်အားရှိ ငလျင် စသဖြင့် လှုပ်ဖူးသဖြင့် ယင်းဒေသကို မြေငလျင်ကော်မတီက ကွင်းဆင်း စစ်ဆေးသွားရန် စီစဉ်နေကြောင်းသူမက ဆက်ပြောသည်။

မြန်မာနိုင်ငံ ငလျင်ကော်မတီက ”ရန်ကုန်မှာ ငလျင်လှုပ်တယ်လို့ သိရပြီဆိုရင် များသောအားဖြင့် ခုညဦးက လှုပ်ခဲ့တဲ့ တိုက်ကြီးဒေသက ပြတ်ရွေ့ ငယ်ကြောင့်ပဲဖြစ်ပါတယ်။ ဒီငလျင် ဇုန်က အနောက်ပဲခူးရိုးမ ပြတ်ရွေ့ ခေါ်တဲ့ဖြစ်စဉ်ကြီးတစ်ခုရဲ့ အခက် အမြွှာတစ်ခုဖြစ်ပြီး ငလျင်ငယ်လေး တွေ (ပမာဏ ၅ ဝန်းကျင်) တစ်နှစ် တစ်ခါနှစ်ခါ ဖြစ်လေ့ရှိပါတယ်။ ဒီထက်ကြီးတဲ့ ငလျင်ဖြစ်တတ်တဲ့ အနေအထားမျိုး၊ မှတ်တမ်းမျိုး မရှိ ပေမယ့် ငလျင်အနက်က ၅ ကီလိုမီတာ ဝန်းကျင်မှာဖြစ်လို့ စိတ်လှုပ်ရှားဖွယ် ခံစားရတတ်တာပါ။ တကယ်တမ်း ရန်ကုန်ကို ခြိမ်းခြောက်တာက အရှေ့ ဘက်က စစ်ကိုင်းပြတ်ရွေ့ ပဲခူးအဆစ် အပိုင်း (ပမာဏ ၇ ကျော်လှုပ်နိုင်)နဲ့ အနောက်တောင်ဘက် ဒေးဒရဲပြတ် ရွေ့ (ပမာဏ ၆ ကျော်လှုပ်နိုင်)တာ တွေပါ။ ဒါတွေကတော့ နှစ် ၈ဝ – ၁ဝဝ မှ တစ်ကြိမ်လှုပ်တာ ဖြစ်ပါတယ်။ ဒီညဖြစ်တဲ့ ဖြစ်စဉ်နဲ့မဆိုင်ပါ။ ဒါပေမယ့် သတိဆိုတာပိုတယ်မရှိပါကြောင်း ရန်ကုန်ပြည်သူ အားလုံးကို သတင်းပို့အပ်ပါတယ်” ဟု ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*