မန္တလေးရှိ ဗိုလ်ချုပ်ကြေးရုပ်တု နှင့်ရင်ပြင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ဖွင့်မည်

မန္တလေးရှိ ဗိုလ်ချုပ်ကြေးရုပ်တု နှင့်ရင်ပြင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ဖွင့်မည်
March 22, 2017 Asian Fame

4:22 pm
မန္တလေးရှိ ဗိုလ်ချုပ်ကြေးရုပ်တု နှင့်ရင်ပြင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ဖွင့်မည်

(မန္တလေး၊ မတ် ၂၁)

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုနှင့် ရင်ပြင်တည်ဆောက်ရေး အတွက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် က မြေနေရာ ချထားပေးသဖြင့် ယခု လလယ်ပိုင်းမှ စတင်ကာ လုပ်ငန်း များ စတင် ဆောင်ရွက်နေပြီဖြစ် ကြောင်း ဗိုလ်ချုပ်အောင်ဆန်း အနှစ် ၁ဝဝပြည့်ပွဲတော် ကျင်းပရေး၊ ရုပ်တု နှင့် ရင်ပြင်ဖြစ်မြောက်ရေး အဖွဲ့ (မန္တလေး)မှ သိရသည်။

”ရုပ်တုထား ရှိမယ့်နေရာ အ တွက် ကျွန်တော်တို့က ဝန်ကြီးချုပ်နဲ့ သွားတွေ့တော့ ဝန်ကြီးချုပ်က မြေ နေရာ စီစဉ်ပေးတယ်၊ လောလော ဆယ်တော့ နှုတ်ကတိ ရခဲ့ပါပြီ။ လုပ်စရာရှိတာ လုပ်ပါ၊ လာမယ့် ကက်ဘိနက်မှာ တင်ပြမယ်။ ကန့် ကွက်မယ့်သူ မရှိလောက်ပါဘူးလို့ ပြောလို့ ကျွန်တော်တို့က အခု လုပ် ငန်းစနေပါပြီ” ဟု ဖြစ်မြောက်ရေး အဖွဲ့ဒုဥက္ကဋ္ဌ (၁) ဦးရွှေထူး က ပေါ် ပြူလာ နယူးစ် သို့ ပြောသည်။

ရုပ်တုနှင့် ရင်ပြင် တည်ဆောက် ရေးအတွက် မန္တလေး ပြည်ကြီးတံခွန် မြို့နယ် ၅၆ လမ်းနှင့် ၅၇ လမ်းကြား၊ ဘုရင့်နောင်လမ်း နှင့် ကျန်စစ်သား လမ်းကြားမှ မန္တလာ တံခွန်ပန်းခြံကို ဝန်ကြီးချုပ်က နှုတ်ကတိပြုခဲ့ခြင်း ဖြစ်ပြီး လုပ်ငန်း အချိန်မီ ပြီးစီးရန် အတွက်ကိုလည်း မန္တလေးမြို့တော် စည်ပင်သာယာရေး ဝန်ထမ်းများက စက်အင်အား၊ လူအင်အားများဖြင့် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

အဆိုပါရုပ်တုနှင့် ရင်ပြင်အား လာမည့် ဇွန် ၁၉ ရက်တွင် ကျရောက် မည့် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် မွေးနေ့အမီ တည်ဆောက် သွားမည် ပြီး ဖွင့်ပွဲ အခမ်းအနားကို ပွဲလမ်း သဘင်များဖြင့် ကျင်းပသွားရန် စီ စဉ်ထားကြောင်း သိရသည်။

”ဇွန်လ ဆန်းပိုင်းလောက်ကျ ရင် ရုပ်တုကြီးကို မြို့လှည့်ပြသမယ့် အစီအစဉ်လည်းရှိပါတယ်” ဟု ဖြစ် မြောက်ရေး အဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်စိုး က ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု သည် ခြေဖျားမှ ဦးခေါင်းအထိ ၁၃ ပေ၊ ကြေးပိဿာချိန် ၂၅ဝဝ၊ ကျပ် သိန်း ၂၈ဝ တန်ဖိုး ရှိသော ကြေး သွန်းရုပ်တုဖြစ်ပြီး မျက်နှာဖွင့် ၁၄ ပေ၊ ရှေ့နောက်အကျယ် ၁ဝ ပေရှိ ၈ ထောင့်ကြယ် အုတ်ခုံပေါ်တွင် စက်ဝိုင်းရင်ပြင် ၃ ဆင့်ဖြင့် တန် ဆာဆင်ထားသည်။

၈ ထောင့်ကြယ်၏မျက်နှာပြင် တိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းတချို့ အား မြန်မာ အင်္ဂလိပ် နှစ်ဘာသာ ဖြင့် ရေးထိုးသွားမည် ဖြစ်ကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*