ဆယ်စုနှစ်တစ်ခုအတွင်း ဆန်တင်ပို့မှု အမြင့်ဆုံးအခြေအနေကို ရောက်ရှိလာပြီး ဈေးကွက်သစ်နိုင်ငံများ ဆက်လက် ချိတ်ဆက်နိုင်ရန် စီစဉ်နေ

ဆယ်စုနှစ်တစ်ခုအတွင်း ဆန်တင်ပို့မှု အမြင့်ဆုံးအခြေအနေကို ရောက်ရှိလာပြီး ဈေးကွက်သစ်နိုင်ငံများ ဆက်လက် ချိတ်ဆက်နိုင်ရန် စီစဉ်နေ
September 22, 2017 Fame Asian

1:01 pm
ဆယ်စုနှစ်တစ်ခုအတွင်း ဆန်တင်ပို့မှု အမြင့်ဆုံးအခြေအနေကို ရောက်ရှိလာပြီး ဈေးကွက်သစ်နိုင်ငံများ ဆက်လက် ချိတ်ဆက်နိုင်ရန် စီစဉ်နေ

21617556_1822671944660446_7581705181244086661_n

ရန်ကုန် စက်တင်ဘာ ၂၂

ယခုဘဏ္ဍာနှစ်အတွင်း ဆန်တင်ပို့မှု ပမာဏသည် လက်ရှိအချိန်အထိ ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးအခြေအနေကို ရောက်ရှိလာပြီး ဈေးကွက်သစ်နိုင်ငံများနှင့် ဆက်လက်ရှာဖွေချိတ်ဆက်မှုများ ဆောင်ရွက်နေကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှသိရသည်။

“အခုလလယ်အထိ ပြည်ပကိုဆန်တန်ချိန် (၁.၄)သန်းလောက်အထိ တင်ပို့ပြီးသွားပြီ၊ဒါက ကာလတူထက် တန်ချိန်(၉)သိန်းလောက်ပိုတင်ပို့ထားတာပါ။ဘဏ္ဍာနှစ်အကုန်မှာ တန်ချိန်(၂)သန်းခန့်မှန်းထားပြီး ကျော်လွန်တင်ပို့နိုင်မယ့်အခြေနေပါ”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကဆိုသည်။

ယခုဘဏ္ဍာနှစ်(၆)လမပြည့်မီမှာပင် ဆန်တင်ပို့မှုက တန်ချိန် တစ်သိန်းလေးသောင်းအထိရှိလာခဲ့ပြီး ဘင်္ဂလားဒေရှ့် နိုင်ငံသို့ သုံးလအတွင်းတန်ချိန် သုံးသိန်းထပ်မံ တင်ပို့ရန်ရှိနေသဖြင့် တန်ချိန်နှစ်သန်းကို ကျော်လွန် သွားနိုင်မည်ဟု ခန့်မှန်းနေခြင်းဖြစ်သည်။

ထို့အပြင် ယခင်ဘဏ္ဍာနှစ်က ဆန်တင်ပို့မှု ဈေးကွက်အဖြစ်နိုင်ငံပေါင်း (၅၃)နိုင်ငံရှိခဲ့ပြီး ယခုနှစ်တွင် နိုင်ငံ(၆၀)ကျော်သို့ တင်ပို့ရောင်းချနိုင်ခဲ့သည်။ထို့အပြင် ဈေးကွက်သစ်နိုင်ငံများကို ထိုးဖောက်တင်ပို့ရာ၌ တန်းမြင့်ဆန် အမျိုးအစားများကိုဦးစားပေးတင်ပို့ရန် စီစဉ်နေသည့်အတွက် စိုက်ပျိုးတောင်သူများအတွက် ပိုမိုအကျိုးရှိစေမည်ဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*