ပဲဈေးကွက် အကြပ်အတည်းကို အစိုးရမှဦးဆောင်ပြီး အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ပေးဖို့ ကုန်စည်ဒိုင်များတောင်းဆို

ပဲဈေးကွက် အကြပ်အတည်းကို အစိုးရမှဦးဆောင်ပြီး အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ပေးဖို့ ကုန်စည်ဒိုင်များတောင်းဆို
August 25, 2017 Fame Asian

12:29 pm
ပဲဈေးကွက် အကြပ်အတည်းကို အစိုးရမှဦးဆောင်ပြီး အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ပေးဖို့ ကုန်စည်ဒိုင်များတောင်းဆို

20993846_1811277092466598_3521036724713435721_n

နေပြည်တော် သြဂုတ် ၂၅

ပဲဈေးကွက် ရပ်ဆိုင်းနေပြီးတောင်သူများနဲ့ ကုန်သည်များ အခက်မတွေ့စေဖို့ ပြည်တွင်းမှာရှိတဲ့ မတ်ပဲ၊ပဲတီစိမ်းနဲ့ပဲစင်းငုံတွေကို အစိုးရကဦးဆောင်ပြီး အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်ကာ ဝယ်ယူပေးဖို့ ကုန်စည်ဒိုင်များနှင့်ကုန်သည်များက တောင်းဆိုနေကြပါတယ်။ဒီနေ့မနက် ပိုင်းမှာတော့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ အိန္ဒိယအစိုးရက ပဲတင်သွင်းခွင့် ပိတ်လိုက်တဲ့အတွက် ပြည်တွင်းပဲဈေးကွက် ရပ်ဆိုင်းသွားသည့်အခြေအနေကို အကောင်းဆုံးတုန့်ပြန်ဖြေရှင်းနိုင်ရန် အစိုးရ၊ကုန်သည်၊ပညာရှင်နှင့်တောင်သူများ မျက်နှာချင်းဆိုင်ဆွေးနွေး ညှိနှိုင်းနေကြတာဖြစ်ပါတယ်။

21105903_1811277095799931_8950728896283144419_n

ဒီနေ့ တွေ့ဆုံညှိနှိုင်းပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဒေါက်တာသန်းမြင့်၊လယ်ယာစိုက်ပျိုးရေးနှင့်ဆယ်မြောင်းဝန်ကြီး ဒေါက်တာအောင်သူတို့တတ်ရောက်ခဲ့ပြီး ကုန်စည်ဒိုင်ဥက္ကဌများနဲ့တောင်သူ၊ပညာရှင်စုစုပေါင်း(၇၀)ကျော်နှင့် အစိုးရဌာနမှတာဝန်ရှိသူများ စုစုပေါင်း(၁၀၀)ကျော် တတ်ရောက်ဆွေးနွေးလျှက်ရှိနေသည်။

21077538_1811277119133262_820861240793217527_n

ကုန်စည်ဒိုင်ဥက္ကဌများနှင့်ကုန်သည်များက ရှေ့လဆန်းတွင်အန္ဒိယဝန်ကြီးချုပ်ပြည်တွင်းကိုလာရောက်သည့်ခရီးစဉ်၌ ပဲတင်သွင်းခွင့်ပြန်လည်ရရှိရေးအတွက် အစိုးရမှညှိနှိုင်းပေးရန်နှင့်အဆင်မပြေခဲ့ပါက အစိုးရမှဦးဆောင်ပြီး ကုန်သည်အသင်းများနှင့်ပူးပေါင်းကာ ပြည်တွင်းမှာကျန်နေသည့်ပဲများကို စုပေါင်းဝယ်ယူကြဖို့ တောင်းဆိုနေကြသည်။ယနေ့ဆွေးနွေးပွဲမှ တောင်သူနှင့်ကုန်သည်အားလုံးအတွက် ရင်အေးရမည့်အဖြေတစ်ခု ထွက်လာစေမည်ဟု တတ်ရောက်လာသည့် ကုန်စည်ဒိုင်များက မျှော်လင့်နေကြသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*