ဖုန်းချည်းပွတ်နေပြီိး ပတ်ဝန်းကျင်ကိုဂရုမစိုက်ဖြစ်နေတဲ့ လူငယ်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆူ

ဖုန်းချည်းပွတ်နေပြီိး ပတ်ဝန်းကျင်ကိုဂရုမစိုက်ဖြစ်နေတဲ့ လူငယ်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆူ
December 29, 2017 Fame Asian

5:21 pm
ဖုန်းချည်းပွတ်နေပြီိး ပတ်ဝန်းကျင်ကိုဂရုမစိုက်ဖြစ်နေတဲ့ လူငယ်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆူ

26113734_1667747636620845_2839352379391227639_n

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉

ငြိမ်းချမ်းရေး လိုချင်တဲ့ လူငယ်တွေ အနေနဲ့ ကျယ်ပြန့် တဲ့အသိုင်းအ၀ိုင်းရှိဖို့ လိုတယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာကျင်းပတဲ့ ငြိမ်းချမ်းရေး လူငယ်စကားဝိုင်းမှာပြောပြီိး၊အခုခေတ်လူငယ်တွေဖုန်းချည်းပွတ်နေကာ ပတ်ဝန်းကျင်ကိုတောင်ဂရုမစိုက်ဖြစ်နေတယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးလူငယ်စကားဝိုင်းမှာပါဝင်ဆွေးနွေးခဲ့တဲ့ ဒေသခံဆွေးနွေးသူ ကိုရှားရယ်ရဲ့ ငြိမ်းချမ်းရေးမရခြင်းရဲ့ဆိုးကျိုးတွေနဲ့ ပတ်သတ်ပြီိးဆွေးနွေးချက်ကို ပြန်လည်ဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကအခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

” တရားမျှတမှုဆိုတာ ကိုယ့်အစုအဖွဲ့ လေးကိုယ်နဲ့ သဘောထားချင်းတူတဲ့လူအချင်းချင်းညှိပြီးတော့ ဒါဟာတရားမျှတတယ်ဆိုပြီးတော့ တစ်ဖက်သက်ကိုင်ထားလို့ မရဘူးး။ငြိမ်းချမ်းရေးလိုချင်လို့ ရှိရင် ပိုပြီိးတော့ ကျယ်ပြန့် တဲ့အသိုင်းအ၀ိုင်းလိုအပ်ပါတယ်။အခုဆိုရင် ဘယ်သွားသွား လူကြီးရော လူငယ်ရော ဒီဖုန်းလေးနဲ့ ဒါပဲလုပ်နေတယ်။ကိုယ့်ဘေးကိုလှည့်မကြည့်ကြဘူး။အထူးသဖြင့် ဒါဟာလူအများစုဝေးတဲ့နေရာတွေဆိုသိသာတယ်။ဘူတာရုံတို့ ၊လေယာဉ်ပျံကွင်းတို့ ၊ဘတ်စ်ကားထဲမှတော့ နေရာချောင်ရင်ပေါ့ ။သူတို့ ဘာသူတို့ တယ်လီဖုန်းလေးတွေနဲ့ ဒီလိုလုပ်နေတာပဲ( ဖုန်းပွတ်နေဟန်လုပ်ပြ) ဘေးကထိုင်တဲ့လူကိုလည်းလှည့်မကြည့်ဘူး ။ကိုယ်က ဘယ်လိုအသိုင်းအ၀ိုင်းထဲရောက်နေတယ်ဆိုတာာကိုလည်းဂရုမစိုက်ဘူး” လို့ သူမကပြောပါတယ်။

ဒါ့အပြင် လူငယ်တွေအနေနဲ့  အခုခေတ်မှာ ဗဟုသုတရဖို့ လွယ်ကူနေတာာမို့ အရင်မျိုးဆက်တွေထက် ပိုပြီးဗဟုသုတကြွယ်ဝကာ ပိုတော်တယ်လို့ ထင်နေကြကြောင်းနဲ့ အဲဒါမဟုတ်မှန်ဘူးလို့ သူမကဆက်ပြောပါတယ်။ ” တစ်ချို့ လူငယ်တွေက အခုခေတ်မှာပေါ့ အိုင်တီခေတ်ကြီိးမှာ ပိုပြီးတော့ဗဟုသုတတွေကြွယ်ဝတယ် ။ဗဟုသုတတွေရဖို့ လွယ်လို့ ။အရင်မျိုးဆက်တွေထက်စာလို့ ရှိရင် ပိုပြီိးတော့တော်တယ်လို့ ကိုယ့်ကိုကိုယ်ထင်ကြတယ်။ဒါလည်းမဟုတ်ပါဘူး။အခု တစ်နေ့ ထက်တစ်နေ့ ထင်ရှားလာတာက အများကလည်းအသိအမှတ်ပြုလာတာဟာ ဒီလိုအိုင်တီခေတ်မှာ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်လို့ လွယ်တဲ့ခေတ်ကြီိးမှာ ပိုပြီိးတော့သဘောထားကျယ်လာတာမဟုတ်ဘဲနဲ့  ကျဉ်းမြောင်းလာတယ်ဆိုတာကိုလည်းတွေ့ ရတယ်။အခုဟာက ဆက်သွယ်တဲ့နေရာမှာ ကိုယ်နဲ့ သဘောထားတူတဲ့လူတွေနဲ့ ပဲချိတ်ဆက်ပြီိးတော့ကိုယ်သာမှန်တယ်ဆိုတဲ့စိတ်ထားတွေက ပိုပြီိးတော့ပြင်းပြလာတာဟာ တစ်ကမ္ဘာလုံးမှာတွေ့ ရတယ်။ဒီဟာကိုတော့ ငြိမ်းချမ်းရေးလိုချင်တဲ့လူငယ်တွေက အထူးသတိပြုရလိမ့်မယ်” လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။

ဒီကနေ့ လူငယ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်ပယ်ပေါင်းစုံက ဒေသခံတိုင်းရင်းသား လူငယ် ၈ ဦး ပါဝင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ငြိမ်းချမ်းရေးဆောင်ရွက်နေမှုမှာ ခက်ခဲနေရတာဟာလည်း ဟိုဘက်ဒီဘက် အဘက်ဘက်ကိုကြည့်တဲ့အမြင်က အားနည်းနေသေးလို့  လို့ မြင်တယ်လို့  နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ဆွေးနွေးသွားပါတယ်။

PHA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*