နေပြည်တော် အတွင်းရှိ ဈေးဝယ်စင်တာ(Shopping Mall) ကြီးများကို FDA ရှောင်တခင် စစ်ဆေး

နေပြည်တော် အတွင်းရှိ ဈေးဝယ်စင်တာ(Shopping Mall) ကြီးများကို FDA ရှောင်တခင် စစ်ဆေး
April 27, 2017 Asian Fame

2:38 pm
နေပြည်တော် အတွင်းရှိ ဈေးဝယ်စင်တာ(Shopping Mall) ကြီးများကို FDA ရှောင်တခင် စစ်ဆေး

fda(နေပြည်တော်၊ ဧပြီ ၂၇)

နေပြည်တော် အတွင်းရှိ နာမည်ကြီး ဈေးဝယ်စင်တာ (Shopping mall) ကြီး များကို FDA ၏ စစ်ဆေးရေး အဖွဲ့မှ စားသုံးရန် မသင့်သည့် စားသောက်ကုန် လူသုံးကုန်၊ သုံးစွဲရန် မသင့်သော ဆေးဝါးနှင့်အလှကုန် များကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့သည်။

ယခု စစ်ဆေးမှုများကို ကြိုတင်အသိပေး အကြောင်းကြား ထားခြင်း မဟုတ်ဘဲ လျှပ်တပြတ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ဆိုးဆေးနှင့် သက်တမ်းလွန် အစားအစာများ၊ ခွင့်ပြုချက် မရှိသော အလှကုန်များ ကိုရောင်းချနေခြင်း မျိုးတွေ့ရှိပါ သိမ်းဆည်းခြင်း များပြုလုပ် သွားမည်ဖြစ်သည်။ ယခု စစ်ဆေးမှုတွင် ဓါတ်ခွဲစမ်းသပ်မှု များကို ပြုလုပ် သွားနိုင်မည့် Mobile Lab ကား ကိုပါ အသုံးပြုခဲ့သည်။

fda2FDA စစ်ဆေးရေး အဖွဲ့တွင် ပါဝင်သော အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ထွန်းလင်းအောင် က “အခုလို စစ်ဆေးတာ က ဈေးဝယ် စင်တာတွေ မှာလဲ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ပစ္စည်းတွေ ရောင်းချနေရင် အရေး ယူနိုင်အောင်ပါ။ ပထမဆုံး အကြိမ် တွေ့ရင်တော့ ပညာပေးပြီး ခံဝန် ထိုးခိုင်း ပါမယ် နောက် တကြိမ်တွေ အခုလို စစ်ဆေး တွေ့ရှိရင်တော့ ဥပဒေတွေ အတိုင်း ဆောင်ရွက် မှာပါ” ဟုဆို သည်။

ယနေ့ ရှောင်တခင် စစ်ဆေးမှုကို နေပြည်တော်ရှိ Junction Center ၊Capital hyper market နှင့် ဥတ္တရသီရိ Ocean Center တို့ကို ပြုလုပ်ခဲ့သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*