ဝင်းနဲ့ဇော် အတွက် နောက်ဆုံးမျှော်လင့်ချက် ၊ နောက်ဆုံး အယူခံလွှာကို တင်ပြီ

ဝင်းနဲ့ဇော် အတွက် နောက်ဆုံးမျှော်လင့်ချက် ၊ နောက်ဆုံး အယူခံလွှာကို တင်ပြီ
August 21, 2017 Asian Fame

12:16 pm
ဝင်းနဲ့ဇော် အတွက် နောက်ဆုံးမျှော်လင့်ချက် ၊ နောက်ဆုံး အယူခံလွှာကို တင်ပြီ

wz(ရန်ကုန် ၊ သြဂုတ် ၂၁)

သေဒဏ် ချမှတ်ခံထားရတဲ့ ထိုင်းနိုင်ငံလိပ်ကျွန်း အမှုက မြန်မာလုပ်သား ၀င်းနဲ့ဇော် အတွက် အယူခံ ကို ၀င်းနဲ့ဇော် တို့ရဲ့ရှေ့နေတွေ ဟာ ထိုင်းနိုင်ငံ ရဲ့အမြင့်ဆုံး တရားရုံးတော် ဆီ ဒီကနေ့ တင်လိုက်ပါပြီ။

အယူခံတင်တဲ့ တရားရုံးဟာဆိုရင် ထိုင်းနိုင်ငံမှာ အမြင့်ဆုံး တရားရုံးတော်လည်းဖြစ်ပါတယ်။

ဒီတစ်ကြိမ် အယူခံဟာ ဆိုရင် ၀င်းနဲ့ဇော် အတွက် နောက်ဆုံး အပြီးသတ်တောင်းဆိုခွင့် အခွင့်အရေးဖြစ်ပါတယ်။

ဒီနေ့ မနက် ၉ နာရီခွဲ ကထိုင်းရှေ့နေများကောင်စီ မှ ရှေ့နေ ထစ်(Tip) နဲ့ရှေ့နေ ရှီ (She) နှစ်ဦးတို့ က အယူခံလျောက်လွှာ ကို တင်ခဲ့ပြီးပြီလို့ မြန်မာ သံရုံးရှေ့နေ အဖွဲ့ဦးအောင်မျိုးသန့်က ပြောပါတယ်။

“အယူခံ တင်လိုက်ပြီဆိုတော့ အမိန့်ချတာကိုစောင့်ရပါမယ် ” လို့ သူက ရှင်းပြပါတယ်။

ဒီအယူခံလွှာ ဟာ စာမျက်နှာ ၃၁၉ မျက်နှာရှိတယ်လို့ သိရပါတယ်။

အလုပ်သမား နဲ့လ၀က ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကတော့ ၀င်းနဲ့ဇော်လွတ်မြောက်ဖို့အရေး အစိုးရဘက်က ဥပဒေနဲ့အညီ ကြိုးစားနေတယ်လို့ ပြီးခဲ့တဲ့ လတုန်းက Popular News ကို ပြောကြားထားဖူးပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*