SME ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချမှတ်နိုင်ရေးအတွက် ဖိုရမ်ပြုလုပ်မည်

SME ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချမှတ်နိုင်ရေးအတွက် ဖိုရမ်ပြုလုပ်မည်
July 26, 2017 Fame Asian

2:19 pm
SME ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချမှတ်နိုင်ရေးအတွက် ဖိုရမ်ပြုလုပ်မည်

sme

ရန်ကုန်၊ ဇူလိုင် ၂၆

မြန်မာ့ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒနှင့် ဥပဒေများ အသီးသီးထွက်ရှိပြီးချိန်တွင် လစ်ဟာနေသည့် မဟာဗျူဟာများ ချမှတ် ဖော်ဆောင်နိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်၍ လာမည့် ဇူလိုင်လ ၂၇၊ ၂၈၊ ၂၉ သုံးရက် အတွင်း ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။

SME ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ အကြံပြုချက်များကို ကဏ္ဍအလိုက် ဆွေးနွေးရန် စီစဉ်ထားပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍ စသည်ဖြင့် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များက ဆွေးနွေးသွားမည်ဖြစ်သည်။

ထို့နောက်ကျးလက်ဒေသဖွံ့ဖြိုးရေးအထောက်အကူပြု SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စွန့်ဦးတီထွင် SME လုပ်ငန်းသစ်များ လွယ်ကူလျှင်မြန်စွာ ဖြစ်ထွန်းလာရေးနှင့် SME လုပ်ငန်းများ ငွေကြေးအရင်းအနှီးရရှိရေး တို့ကို တစ်ဆက်တည်း ဆွေးနွေးကြမည်ဖြစ်ကြောင်းသိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့ ဆွေးနွေးချက်များကို စုစည်းကာ ဇူလိုင်လ ၂၈ ရက်နေ့တွင် အသင်းချုပ် အကြံပေးပုဂ္ဂိုလ်များ၊ စီးပွားရေးပညာရှင်များနှင့် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများက အချောသတ် မဟာဗျူဟာပိုင်းဆိုင်ရာ အကြံပြုချက်များအဖြစ် ပြန်လည်သုံးသပ်မည်ဖြစ်ပြီး၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် အများပြည်သူနှင့် ဆွေးနွေးနိုင်ရန် SMEs Development Strategy “Issues & Solutions” Forum အား ကုန်သည်စက်မှုအသင်းချုပ်တွင် တင်ပြမည်ဖြစ်သည်။

SMEs Development Strategy “Issues & Solutions” Forum သို့ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်ဆွေးနွေးကာ SME မဟာဗျူဟာချမှတ်နိုင်ရေးအတွက် ဆွေးနွေးပေးပါရန် အသင်းချုပ်မှ ဖိတ်ခေါ်ထားပြီးForum သို့ တက်ရောက်လိုသူများအနေဖြင့် ကုန်သည်စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာနသို့ ဆက်သွယ် နိုင်ကြောင်းသိရသည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*