အဂတိ လိုက်စားမှုနဲ့ တရားစွဲဆို ခံထားရတဲ့ ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး နဲ့အဖွဲ့ကို တတိယ အကြိမ် ရုံးထုတ်စစ်ဆေး

အဂတိ လိုက်စားမှုနဲ့ တရားစွဲဆို ခံထားရတဲ့ ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး နဲ့အဖွဲ့ကို တတိယ အကြိမ် ရုံးထုတ်စစ်ဆေး
August 21, 2017 Asian Fame

4:30 pm
အဂတိ လိုက်စားမှုနဲ့ တရားစွဲဆို ခံထားရတဲ့ ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး နဲ့အဖွဲ့ကို တတိယ အကြိမ် ရုံးထုတ်စစ်ဆေး

1(ရန်ကုန် ၊ သြဂုတ် ၂၁)

အဂတိ လိုက်စားမှုနဲ့ တရားစွဲဆို ခံထားရတဲ့ ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးပြုံးချိုအပါအ၀င် ငါးဦးတို့ ရဲ့အမှုကို လာမယ့် စက်တင်ဘာလ ၄ ရက်နေ့ မှာ တရားလိုစတင်စစ်ဆေးသွားမယ်လို့ ဒီကနေ့ တတိယအကြိမ်ရုံးထုတ်မှာသိရပါတယ်။

သူတို့ နဲ့ အတူ တရားစွဲဆို ခံထားရပြီး တိမ်းရှောင်နေတဲ့ မော်လိုက်ခရိုင်ထွေအုပ်ဦးစီးမှူး ဦးကျော်ရဲသွေးကိုတော့ သက်ဆိုင်ရာ ၀ရမ်း ထုတ်ထားရာ နယ်မြေမှ နယ်ထိန်းရဲတပ်ဖွဲ့ ဝင်တစ်ဦးက ဒီကနေ့ တရားလွှတ်တော်မှာ ၀ရမ်းပြန်သွင်းခဲ့ပါတယ်။

”တရားခံ ၆ ယောက်ရှိတယ်။ ၅ ယောက်ကတော့ ရုံးတင် တရားစွဲတဲ့အခါမှာ ရုံးရှေ့ ရောက်နေပြီ ။ ဒါပေမဲ့ တစ်ယောက်က ဒီရုံးတင် တရားစွဲတဲ့ အချိန်မှာမရှိဘူး။ ကိုကျော်ရဲသွေး ဆိုတာ။ သူမရှိတော့ သူ့ ကို ရာဇ၀တ်ကျင့်ထုံး ဥပဒေ ၅၁၂ တွဲပြီးတော့ အဂတိ လိုက်စားမှု ဥပဒေ၅၆/၆၃ အပြေးအနေနဲ့ သူ့ ကိုစွဲပြီးတော့တင်ရတယ်။ တင်တဲ့အခါမှာ ဥပဒေသဘောအရတော့ သူ့ မျက်ကွက်မှာ အမှုစစ်လို့ မရဘူး။ ပြေးနေတဲ့တရားခံရဲ့ မျက်ကွက်မှာ အမှုစစ်လို့ မရဘူး။ ဒီတော့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီ အပြေးအနေနဲ့ ကြေညာပြီးတော့ ရှာမယ်ဖွေမယ် ၀ရမ်းထုတ်မယ် ဖမ်းမယ်။ မရှိဘူးဆိုရင်တော့ ၀ရမ်းပြန်သွင်းရတယ် ။ ဆောင်ရွက်တဲ့သူကတင်ပြရတယ် ဘာကြောင့် မတွေ့ ဘူး။ ဘယ်လိုဆောင်ရွက်ခဲ့တယ် ဆိုပြီး တင်ပြတဲ့အခါမှာ ပြည်စုံ လုံလောက်ပြီဆိုရင် သူ့ နောက်ကွယ်မှာ အမှုစစ်မယ် နောက် တစ်ပတ် ကို အမှုကြီးစစ်မယ်” လို့ ဦးမျိုးခိုင်နဲ့ ဦးကျော်ခိုင်နိုင်စိုးတို့ ရဲ့ ရှေ့ နေပါဝါတင်ထားသူ တရားလွှတ်တော်ရှေ့ နေ ဦးချစ်ကိုကို က သတင်းထောက်တွေ ကိုပြောပါတယ်။

ရန်ကုန်မြို့ ရှိမြေကွက် တစ်ကွက်နဲ့ ပတ်သတ်ပြီး သိန်းထောင်ချီ အဂတိလိုက်စားတယ် ဆိုပြီး ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချို၊ အပါအ၀င် ငါးဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိန်တင်က တရားလိုပြုလုပ်ကာ ဗဟန်းမြို့ မရဲစခန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ တို့ နဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*