ံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနား မန်းတွင်ကျင်းပ

ံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနား မန်းတွင်ကျင်းပ
September 13, 2017 Fame Asian

5:26 pm
ံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနား မန်းတွင်ကျင်းပ

1

မန္တလေး၊စက်တင်ဘာ၁၃

မန္တလေးတိုင်းဒေသကြီးအတွင်း အခုနှစ်ဇန်န၀ါရီ မှ သြဂုတ်အထိ လူကုန်ကူးမှုဆိုင်ရာစုံစမ်းဖော်ထုတ်နိုင်မှု အမှု ၉ မှုရှိတာမှာ ၅ မှုက တရုတ်နိုင်ငံဆီ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှုတွေဖြစ်တယ် လို့ မန္တလေးတိုင်းဒေသကြီး အမှတ် ၁၁ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး တပ်ဖွဲ့(မန္တလေး) ဆီကသိရပါတယ်။

2

“ဇန်န၀ါရီလကနေအခုအထိ အမှု ၉ မှုဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့တဲ့အထဲမှာတရုတ်နိုင်ငံဆီတရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့ အမှုက၅ မှုပါတယ်၊ ဒီအထဲမှာမှ ပုသိမ်ကြီးဘက်ကအမှု ၁ မှုဆိုလို့ရှိရင် လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းကရောင်းစားခံခဲ့ရတာပါ၊ ကလေးမလေးကပြန်ရောက်လာတယ်၊ ကျူးလွန်တဲ့အမျိုးသမီးက တရုတ်နိုင်ငံမှာတရုတ်ယောက်ျားနဲ့ရပြီး ကလေးတွေလည်းရှိနေတယ်၊ သူပြန် လာမယ်ဆိုတာသိရတော့ ကျွန်တော်တို့ကစောင့်ကြည့်တယ်၊ သူပြန်လာတဲ့အခါမှာရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ချက်ချင်းသွားဖမ်းပြီး အမှုဖွင့်အရေးယူနိုင်ခဲ့တာပါ” လို့ အမှတ် ၁၁ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့(မန္တလေး)မှ တပ်ဖွဲ့စုမှူးရဲမှူးမျိုးဇင်ကပြောပါတယ်။

မန္တလေးမြို့ မန္တလေးပညာရေးကောလိပ်မှာ ဒီနေ့ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနား အပြီး ဒေသတွင်းလူကုန်ကူးမှုကာကွယ်တားဆီးရေး ဆောင်ရွက်မှုအခြေအနေနဲ့ပတ်သက်တဲ့ ပေါ်ပြူလာနယူးစ်ရဲ့မေးမြန်းမှုအပေါ် ၄င်းက ဖြေကြား လိုက်တာပါ။၈ လတာကာလဖမ်းဆီးအရေးယူနိုင်မှု ၉ မှုထဲ တရုတ် ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့အမှု ၅ မှုဖြစ်ပွားခဲ့ပြီး ကျန်တာကတော့ ပြည်တွင်းမှာပြည့်တန်ဆာမိန်းကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ လုပ်အားခေါင်းပုံဖြတ်မှုတွေနဲ့ပတ်သက်တဲ့ အမှု ၄ မှုဖော်ထုတ်နိုင်ခဲ့တာလို့သိရပါတယ်။

3

“ဒီ ၉ မှုမှာဆိုလို့ရှိရင် နစ်နာသူကလာရောက်တိုင်ကြားတဲ့အမှု ၂ မှုပဲရှိတယ်၊ ကျန် ၇ မှုက ရပ်ကွက်အခြေပြုစောင့်ကြည့်အဖွဲ့တွေ INGO အဖွဲ့တွေနဲ့ ကျွန်တော် တို့သတင်းစုံစမ်းဖော်ထုတ်မှုတွေကြောင့်အရေးယူနိုင်တာပါ၊တရုတ်ပြည်ကိုရောင်းစားတဲ့အမှုဆိုလို့ရှိရင် လွန်ခဲ့တဲ့ ၈ နှစ်လောက်ကဖြစ်ခဲ့တာပါ၊ ပြည်ကြီးတံခွန်မှာ ၁ မှု ပုသိမ်ကြီးမြို့နယ်မှာ ၁ မှုလွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက သူတို့ရဲ့သားသမီးတွေတရုတ်နိုင်ငံမှာရောင်းစားခံခဲ့ရတယ်၊ ဒါပေမယ့် သူတို့ဘယ်လိုတိုင်ရမှန်းမသိကြဘူး၊ ပညာ ပေးတွေလုပ်တဲ့အခါကျမှ သူတို့ဆီကသတင်းတွေရလာတယ် အဲဒီတော့မှာ ကျွန်တော်တို့ဘက်ကဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာပါ” လို့လည်း ၄င်းကဆိုပါတယ်။

လူကုန်ကူးခံရမှုနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး မှာ ၂၀၁၅ ဇန်န၀ါရီ မှ ဒီဇင်ဘာအထိ အမှုပေါင်း ၁၄ မှု ဖော်ထုတ်အရေးယူနိုင်ခဲ့တာမှာ တရားခံအမျိုးသား ၉ ဦး နဲ့ အမျိုးသမီး ၂၂ ဦး၊ စုစုပေါင်း ၃၁ ဦး အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူအမျိုးသမီး ၂၆ ဦး ကယ်တင်နိုင်ခဲ့ပါတယ်။

၂၀၁၆ ဇန်န၀ါရီ မှ ဒီဇင်ဘာအထိ အမှုပေါင်း ၁၃ မှုမှာ တရားခံအမျိုးသား ၁၀ ဦး နဲ့ အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၃၈ ဦးအရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ အမျိုးသား ၅ ဦး နဲ့ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၃၂ ဦး ကယ်တင်နိုင်ခဲ့ပါ တယ်။

၂၀၁၇ ဇန်န၀ါရီ မှ သြဂုတ်လအထိကိုတော့ အမှုပေါင်း ၉ မှုဖော်ထုတ်အရေးယူနိုင်ခဲ့တာမှာ တရားခံအမျိုးသား ၇ ဦး နဲ့ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၆ ဦး အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ အမျိုးသား ၅ ဦး နဲ့ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၄ဦးကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*