အာဆီယံ အကပြိုင်ပွဲမှာ အာဆီယံ သံတမန်များ၊ အနုပညာရှင်များက ဒိုင်အဖြစ် ကြီးကြပ် အကဲဖြတ်ကြမည်

အာဆီယံ အကပြိုင်ပွဲမှာ အာဆီယံ သံတမန်များ၊ အနုပညာရှင်များက ဒိုင်အဖြစ် ကြီးကြပ် အကဲဖြတ်ကြမည်
August 3, 2017 Asian Fame

2:29 pm
အာဆီယံ အကပြိုင်ပွဲမှာ အာဆီယံ သံတမန်များ၊ အနုပညာရှင်များက ဒိုင်အဖြစ် ကြီးကြပ် အကဲဖြတ်ကြမည်

Asean(ရန်ကုန် ၊ သြဂုတ် ၃ )

အာဆီယံနှစ် ငါးဆယ်ပြည့် အထိမ်းအမှတ် ပြုလုပ်မယ့် အာဆီယံ အကပြိုင်ပွဲကို အာဆီယံနိုင်ငံ များမှ သံတမန်များ၊ အနုပညာရှင်များက ဒိုင်အဖြစ် ကြီးကြပ်ပြီး အကဲဖြတ် အမှတ် ပေးသွားမယ်လို့ သိရပါတယ်။

ပြိုင်ပွဲကို သြဂုတ်လ ၇ ရက်နေ့ မှာ ရန်ကုန်မြို့ ရှိ၊ အမျိုးသား ကဇာတ်ရုံမှာ နေ့ လယ် ၁နာရီက စတင် ယှဉ်ပြိုင်ကပြကကြမှာပါ။  အာဆီယံ ထူထောင်ခြင်းနှစ် ၅၀ ပြည့်နဲ့ မြန်မာနိုင်ငံ အနေနဲ့  အာဆီယံ အဖွဲ့ ဝင်နိုင် ငံဖြစ်တာ နှစ်၂၀ ပြည့် အနေနဲ့  အာဆီယံနိုင်ငံ ဆယ်နိုင်ငံရဲ့ ရိုးရာအကတွေကို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များမှ ကျောင်းသူကျောင်းသား များက ယှဉ်ပြိုင် ကပြကြ မှာဖြစ်ပါတယ်။

အဆိုပါ ပွဲကို စိတ်ပါဝင်စားသူ မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုလို့ ရပါတယ် လို့ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္က သိုလ် (မန္တလေး) မှ ပါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာ ကပြောပါတယ်။  ”ကျွန်မတို့ က သက်ဆိုင်ရာနိုင်ငံတွေ ဆီက သူတို့ ရဲ့ အကရယ် ဂီတရယ် ကို နိုင်ငံ ခြားရေး ၀န်ကြီးဌာနကနေတစ်ဆင့် နမူနာ အခွေလေးတွေ တောင်းလိုက်ပါတယ်။ ပြီးတော့ ကလေးတွေ ကိုလေ့ကျင့်ပေး ပါတယ်။ တစ်မျိုးကို သုံးယောက်ဆီ ယှဉ်ပြိုင် ပြီး အယောက် သုံးဆယ်ထဲက ဆယ်ယောက် ပြန်ရွေးမှာဖြစ်ပါတယ်။ အဲဒီ ၁၀ယော က်က သြဂုတ်လ ၁၄ ရက်နေ့ မှာလုပ်မယ့် အာဆီယံနှစ် ၅၀ ပြည့်အထိမ်းအမှတ် ပွဲမှာ ဆုပေးမယ်။ သူတို့ က ပါမောက္ခမောင်မောင်ဇော်ထက် (ဓီရာမိုရ်)ရေးစပ်ထား တဲ့ အာဆီယံ Theme song ကို တင်ဆက်ကြမှာဖြစ်ပါတယ်” လို့ သူမကပြောပါ တယ်။

အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခ ဦးမောင်မောင်ဇော်ထက် (ဓီရာမိုရ်) က ”ကျွန်တော် ကတော့ တေးဂီတ အပိုင်းပေါ့ Theme Song ဖန်တီးတာရယ် ဂုဏ်ပြု သီချင်း ဖန်တီးတာရယ် အကပြိုင်ဖို့  အတွက် နိုင်ငံ အသီးသီးကပို့ တဲ့ သီချင်း၃ပုဒ် ဆီထဲက တစ်ပုဒ်စီပြန်ရွေးတာရယ် အဲဒီ တာဝန်ယူထားပါတယ်။ သူတို့ နိုင်ငံရဲ့ မူရင်း သီချင်းတွေဖြစ်တဲ့ အတွက် သီချင်းတွေ ကိုတော့ ပြန်ပြီး ပြုပြင်ထားတာမျိုး မလုပ်ပါဘူး ။ ပြုပြင်လိုက်ရင် ပုံစံပြောင်းသွားတာ တို့ တူရိယာ မရှိတာတို့ ဖြစ် သွားနိုင်ပါ တယ်” လို့ ပြောပါတယ်။  အကပြိုင်ပွဲကို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)နှင့် (မန္တ လေး)မှ ၁၀ ဦးစီ၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)နှင့်(မန္တလေး)တို့ မှ ၅ ဦးစီ ၊စုစုပေါင်း ၃၀ ဦးပါဝင် ယှဉ်ပြိုင် ကပြသွားကြမယ်လို့ သိရပါတယ်။

သတင်း – ဖြိုးထက်အောင်

ဓာတ်ပုံ – အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*