၂၀၁၈ ခုနှစ်မှာ မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိဈေးများအားလုံး ခွင့်မပြုဓာတုဆိုးဆေးကင်းစင်ဖို့ ဆောင်ရွက်မယ်

၂၀၁၈ ခုနှစ်မှာ မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိဈေးများအားလုံး ခွင့်မပြုဓာတုဆိုးဆေးကင်းစင်ဖို့ ဆောင်ရွက်မယ်
December 19, 2017 Fame Asian

11:53 am
၂၀၁၈ ခုနှစ်မှာ မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိဈေးများအားလုံး ခွင့်မပြုဓာတုဆိုးဆေးကင်းစင်ဖို့ ဆောင်ရွက်မယ်

1

မန္တလေး၊ ဒီဇင်ဘာ ၁၉

၂၀၁၈ ခုနှစ်မှာ မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိဈေးများအားလုံး ခွင့်မပြုဓာတုဆိုးဆေးကင်းစင်တဲ့ဈေးများဖြစ်ဖို့ စီမံချက်နဲ့အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဆီကသိရပါတယ်။

2

“အခုကဈေးချိုကိုဆိုးဆေးကင်းစင်တဲ့ဈေးချိုတော်ဖြစ်ဖို့ဆောင်ရွက်နေတာပါ၊ ဆိုးဆေးပါဝင်တဲ့ပစ္စည်းရောင်းတဲ့ဆိုင်တွေကို အရင်ကလည်းဒီဆိုင်တွေကို ပဲစစ်ဆေးတာပါ၊ ဒီစစ်ဆေးမှုတွေအရ ပြီးခဲ့တဲ့ ၉ လပိုင်း ၁၀ လပိုင်းလောက်ကစပြီး မတွေ့ရသလောက်ဖြစ်နေပါပြီး တစ်ခြားဈေးတွေမှာလည်း ဆိုးဆေး ပါတဲ့ ပစ္စည်းရောင်းတဲ့ဆိုင်မရှိအောင် ဆိုးဆေးကင်းစင်တဲ့ဈေးတွေဖြစ်အောင် ကျွန်တော်တို့ဆောင်ရွက်သွားမှာပါ” လို့ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ ဈေးနှင့်သားသတ်ဌာနမှ ဌာနမှူးဦးတင်အောင်ကပြောပါတယ်။

3

ခွင့်မပြုဓာတုဆိုးဆေးကင်းစင်ရေးစီမံချက်ဆောင်ရွက်ရာမှာ လက်ကမ်းစာစောင်တွေဖြန့်ဝေတာ၊ ပညာပေးဟောပြောတာ၊ ဓာတ်ခွဲခန်းနဲ့စမ်းသပ်စစ်ဆေး တာတွေပြုလုပ်ခဲ့ပြီး ဆိုးဆေးတွေ့ရှိတဲ့ဈေးဆိုင်တွေကို ပထမအကြိမ်သတိပေးခြင်း၊ ဒုတိယအကြိမ်ဒဏ်ရိုက်ခြင်း၊ တတိယအကြိမ်ဆိုင်ခန်းယာယီပိတ် သိမ်းခြင်းဆိုပြီး အဆင့်ဆင့်အရေးယူဆောင်ရွက်ခဲ့သလို လတ်တလောမှာလည်း ခွင့်မပြုဓာတုဆိုးဆေးကင်းစင်သောဈေးချိုတော်ပေါ်ထွန်းလာရေး လူထုလှုပ်ရှားမှု (Public Awareness Campaign) ဆိုပြီး လှုပ်ရှားဆောင်ရွက်နေပါတယ်။

မန္တလေးဈေးချိုတော်ကို ခွင့်မပြုဓာတုဆိုးဆေးကင်းစင်သောဈေးချိုတော်ဖြစ်စေရေးစီမံချက်နဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာ ရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲမှုဦးစီးဌာန နဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက စစ်ဆေးဆောင်ရွက်နေ တာမှာ မကြာခင်မှာပဲ ခွင့်မပြုဓာတုဆိုးဆေးကင်းစင်တဲ့ဈေးချိုတော်အဖြစ် ကြေညာချက်ထုတ်ပြန်သွားနိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။

“ဈေးချိုအပါအ၀င်စည်ပင်နယ်နိမိတ်ဈေးအားလုံး ခွင့်မပြုဓာတုဆိုးဆေးကင်းစင်ဖို့ ခွင့်ပြုချက်တောင်းပြီးဆောင်ရွက်တာပါ၊ စီမံချက်နဲ့ လစဉ်အပတ်စဉ် စစ်ဆေးနေတယ်၊ ဈေးချိုတော်တစ်ခုထဲမဟုတ်ဘဲ ဈေးအားလုံးဆက်လက်ဆောင်ရွက်သွားမှာပါ” လို့လည်း ဌာနမှူးဦးတင်အောင်ကပြောပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ဈေးပေါင်း ၄၀ ခန့်ရှိတာမှာ ဈေးကြီးတွေအနေနဲ့ ဈေးချိုတော်၊ ၄၁ လမ်းဈေး၊ သီရိမာလာဈေး၊ ဈေးလတ်တွေအနေနဲ့ နန်းရှေ့ဈေး၊ မြနန္ဒာဈေး၊ မန်းမြို့ဈေး၊ တံခွန်တိုင်ဈေးတို့ဖြစ်ပြီး ကျန်တာတွေကတော့ ဈေးလေးတွေဖြစ်တယ်လို့သိရပါတယ်။

သတင်း + ဓာတ်ပုံ – စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*