မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့  မြန်မာ – အမေရိကန်ပူးပေါင်း
မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့  မြန်မာ – အမေရိကန်ပူးပေါင်း
August 25, 2017 Fame Asian
6:16 pm
မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့  မြန်မာ – အမေရိကန်ပူးပေါင်း
21106732_870973479716303_2477383889834519854_n
ရန်ကုန် ၊ သြဂုတ် ၂၅
နှစ်နိုင်ငံကြားမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆိုင်ရာများအတွက် သဘောတူညီချက် စာလွှာပြင်ဆင်ချက် တစ်ခုကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ က ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့  ဌာနချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါ
တယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ခေတ္တရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးနဲ့ ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel တို့ က အတူတကွ လက်မှတ်ရေးထိုးခဲ့ကြတာပါ။
Comments (0)
Leave a reply
Your email address will not be published. Required fields are marked *
*