မသန်စွမ်းအမျိုးသမီးတစ်ဦးလည်ပင်းလှီး မီးရှို့ အသတ်ခံရပြီး လက်ဝတ်ရတနာများပျောက်ဆုံးမှု ပင်းတယမြို့တွင်ဖြစ်ပွား

မသန်စွမ်းအမျိုးသမီးတစ်ဦးလည်ပင်းလှီး မီးရှို့ အသတ်ခံရပြီး လက်ဝတ်ရတနာများပျောက်ဆုံးမှု ပင်းတယမြို့တွင်ဖြစ်ပွား
August 4, 2017 Fame Asian

2:34 pm
မသန်စွမ်းအမျိုးသမီးတစ်ဦးလည်ပင်းလှီး မီးရှို့ အသတ်ခံရပြီး လက်ဝတ်ရတနာများပျောက်ဆုံးမှု ပင်းတယမြို့တွင်ဖြစ်ပွား

ရန်‌ကုန်‌၊သြဂုတ်‌ ၎

မသန်စွမ်းအမျိုးသမီးတစ်ဦးလည်ပင်းလှီးမီးရှို့အသတ်ခံရပြီး လက်ဝတ်ရတနာများပျောက်ဆုံးမှု ဒီကနေ့ မနက်အစောပိုင်းက ပင်းတယမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာရဲစခန်းက သိရပါတယ်။

ဒီကနေ့ မနက် ၁၂ နာရီ ခွဲ လောက်တုန်းက ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်ဟာ ရှမ်းပြည်နယ် တောင်ပိုင်း ပင်းတယမြို့ ၊ ရှမ်းရပ်ကွက် အတွင်းက နေအိမ်တစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ ဟာ ဆွံ့အ (ပိုလီယို ဝေဒနာ ခံစားနေရသူ) ဖြစ်ပြီး အသက် ၄၇ နှစ် ဖြစ်ကြောင်း ၊ အသတ်ခံရပြီးနေအိမ်ရော အလောင်းပါ မီးရှို့ခံခဲ့ရကြောင်း ပင်းတယမြို့မရဲစခန်းမှ ရဲတပ်‌ကြပ်‌ကြီး စူးလွင်‌က‌ပြော ပါတယ်။

အခင်းဖြစ်‌ပွားရာ‌နေရာသို့ သွား‌ရောက်‌စစ်‌‌ဆေးချိန်မှာ လည်းပင်းမှာ ငါးလက်‌မခန့်‌ ပြတ်‌ရှဒဏ်‌ရာ‌တွေ့ရပြီး မီး‌ရှို့ခံထားရတဲ့ အ‌လောင်းကိုတွေ့ခဲ့ရတယ်လို့ ရဲစခန်းက ဆိုပါတယ်။

“ကျွန်‌‌တော်‌သွားစစ်‌‌ဆေး‌တော့ အ‌လောင်းတစ်‌‌လောင်း‌တွေ့တယ်‌။လည်းပင်းပြတ်‌ရှနဲ့ မီး‌လောင်‌‌သေဆုံး‌နေတဲ့ အမျိုးသမီး‌ပေါ့။အိမ်‌လဲ အနည်းငယ်‌မီး‌လောင်‌သွားတယ်‌။‌သေသူဝတ်‌ဆင်‌‌လေ့ရှိတဲ့ လက်‌‌ဝတ်‌ရတနာ‌တွေလဲ‌ပျောက်‌‌နေတာ‌တွေ့ရတယ်‌ “လို့ ရဲတပ်ကြပ်ကြီး စူးလွင်က ဆိုပါတယ်။

လက်‌ရှိ ပမ၃၄/၂၀၁၇ ပုဒ်‌မ ၃၀၂/၃၉၂/၄၃၆နဲ့ အမှုဖွင့်‌ထားပြီး တရားခံလိုက်‌လံရှာ‌ဖွေ ဖမ်းဆီးနေတယ်လို့သိရပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*